သင်္ကြန်ကာလအတွင်း အကောက်ခွန်လုပ်ငန်းများ အချိန်ပိုဆောင်ရွက်ပေးသွားမည်

318

NP News ဧပြီ (၉)ရက်
မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အကောက်ခွန်လုပ်ငန်းများ လွယ်ကူ လျင်မြန်စေရန်အတွက် အချိန်ပိုလျှောက်ထားလာပါက ဆောင်ရွက်ပေးသွားမည်ဟူအကောက်ခွန်ဦးစီးဌာနက သိရသည်။
မြန်မာနှစ်ဆန်း ၁ ရက်နေ့မှအပကျန် ဧပြီ ၁၂ ရက်၊ ၁၅ ရက်နဲ့ ၁၉ ရက်နေ့များတွင် ရုံးချိန်ပြည့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
" ရေကြောင်း၊ လေကြောင်းတွေကတစ်ဆင့် တင်သွင်း/တင်ပို့မယ့် ကုန်ပစ္စည်းတွေ ကို မဟာသင်္ကြန်ရုံးပိတ်ရက်ဖြစ်တဲ့ ဧပြီ ၁၂ ရက် ၊၁၅ ရက် နဲ့ ၁၉ ရက်တွေမှာ ရုံးချိန်ပြည့်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနှစ်ဆန်း ၁ ရက်ကလွှဲပြီး ကျန် ရုံးပိတ်ရက် တွေမှာ အချိန်ပို overtime လျှောက်ထားလာတယ်ဆိုရင်လည်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု အကောက်ခွန်ဦးစီးဌာနကပြောကြားသည်။
အချိန်ပိုလုပ်ငန်း ဆောင်ရွက်လိုသူများသည် ဧပြီ ၁၁ ရက်၊ နေ့လည် ၂ နာရီထက် နောက်မကျဘဲ အကောက်ခွန်ဦးစီးဌာန သို့ ကြိုတင် လျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။
တင်သွင်း၊တင်ပို့လိုသည့် ကုန်ပစ္စည်းများနှင့်ပတ်သက်ပြီး အကောက်ခွန်ဦးစီးဌာန၌ ကျသင့်အခွန်နှင့်ပတ်သက်သော Deposit ငွေ ကိုလည်း လုံလောက်စွာ ထားရှိသွားရမည်ဟုသိရသည်။
ဆက်လက်ပြီး အရေးပေါ် COVID ဆေးနှင့် ဆေးဝါးပစ္စည်းများ၊ နိုင်ငံတော်လိုအပ်ချက်အရ အရေးတကြီး တင်သွင်းလာသော ပစ္စည်းများ ထုတ်ယူနိုင်ရန်အတွက် လည်း ကြိုတင် လျှောက်ထားပါက ကုန်ပစ္စည်းထုတ်ပေးရန် လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
သၾကၤန္ကာလအတြင္း အေကာက္ခြန္လုပ္ငန္းေတြ အခ်ိန္ပိုေဆာင္႐ြက္ေပးသြားမယ္
NP News ဧၿပီ (၉)ရက္
မဟာသၾကၤန္႐ုံးပိတ္ရက္ကာလအတြင္း အေကာက္ခြန္လုပ္ငန္းမ်ား လြယ္ကူ လ်င္ျမန္ေစရန္အတြက္ အခ်ိန္ပိုေလွ်ာက္ထားလာပါက ေဆာင္႐ြက္ေပးသြားမည္ဟူအေကာက္ခြန္ဦးစီးဌာနက သိရသည္။
ျမန္မာႏွစ္ဆန္း ၁ ရက္ေန႔မွအပက်န္ ဧၿပီ ၁၂ ရက္၊ ၁၅ ရက္နဲ႔ ၁၉ ရက္ေန႔မ်ားတြင္ ႐ုံးခ်ိန္ျပည့္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။
" ေရေၾကာင္း၊ ေလေၾကာင္းေတြကတစ္ဆင့္ တင္သြင္း/တင္ပို႔မယ့္ ကုန္ပစၥည္းေတြ ကို မဟာသၾကၤန္႐ုံးပိတ္ရက္ျဖစ္တဲ့ ဧၿပီ ၁၂ ရက္ ၊၁၅ ရက္ နဲ႔ ၁၉ ရက္ေတြမွာ ႐ုံးခ်ိန္ျပည့္ေဆာင္႐ြက္ေပးသြားမွာျဖစ္ပါတယ္။ျမန္မာႏွစ္ဆန္း ၁ ရက္ကလႊဲၿပီး က်န္ ႐ုံးပိတ္ရက္ ေတြမွာ အခ်ိန္ပို overtime ေလွ်ာက္ထားလာတယ္ဆိုရင္လည္းေဆာင္႐ြက္ေပးသြားမွာျဖစ္ပါတယ္”ဟု အေကာက္ခြန္ဦးစီးဌာနကေျပာၾကားသည္။
အခ်ိန္ပိုလုပ္ငန္း ေဆာင္႐ြက္လိုသူမ်ားသည္ ဧၿပီ ၁၁ ရက္၊ ေန႔လည္ ၂ နာရီထက္ ေနာက္မက်ဘဲ အေကာက္ခြန္ဦးစီးဌာန သို႔ ႀကိဳတင္ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္းသိရသည္။
တင္သြင္း၊တင္ပို႔လိုသည့္ ကုန္ပစၥည္းမ်ားႏွင့္ပတ္သက္ၿပီး အေကာက္ခြန္ဦးစီးဌာန၌ က်သင့္အခြန္ႏွင့္ပတ္သက္ေသာ Deposit ေငြ ကိုလည္း လုံေလာက္စြာ ထားရွိသြားရမည္ဟုသိရသည္။
ဆက္လက္ၿပီး အေရးေပၚ COVID ေဆးႏွင့္ ေဆးဝါးပစၥည္းမ်ား၊ ႏိုင္ငံေတာ္လိုအပ္ခ်က္အရ အေရးတႀကီး တင္သြင္းလာေသာ ပစၥည္းမ်ား ထုတ္ယူႏိုင္ရန္အတြက္ လည္း ႀကိဳတင္ ေလွ်ာက္ထားပါက ကုန္ပစၥည္းထုတ္ေပးရန္ လုပ္ငန္းမ်ား ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။