ကိုယ်တိုင်အအေးခံနိုင်မည့် အလူမီနီယမ်ဘူးခွံကို လန်ဒန် ကုမ္ပဏီတစ်ခုဖန်တီး

569

Pika (NP News)
လန်ဒန်မြို့အခြေစိုက် စွန့်ဦးတီထွင်ကုမ္ပဏီ တစ်ခုသည် မကြာမီအချိန်အတွင်း ရေခဲသေတ္တာများ ကို အသုံးမပြုတော့အောင် ပြုလုပ်နိုင်သည့် ဆန်းသစ်သောကိုယ်တိုင်အအေးခံမှုများလုပ်ဆောင်နိုင်မည့် ဖျော်ရည်ဘူးကို ဖန်တီးခဲ့ကြောင်းသိရသည်။ ပူပြင်းသောနွေရာသီတွင် အအေးသောက်ခြင်းထက် ပိုမို ကောင်းမွန်သည့်အရာ အနည်းငယ်သာရှိသော်လည်း စွမ်းအင်ကုန်ကျစရိတ်နှင့် အအေးခန်းနှင့်ပတ်သက် သော ကာဗွန်ထုတ်လွှတ်မှု တစ်နှစ်ထက်တစ်နှစ် တိုးလာသောကြောင့် လူသားမျိုးနွယ်သည် ပိုမို ကောင်း မွန်ပြီး ဂေဟစနစ်သဟဇာတဖြစ်စေမည့် တီထွင်ဆန်းသစ်မှုအသစ်များကို လိုအပ်နေပြီဖြစ်ကြောင်း လည်းသိရသည်။
လန်ဒန်မြို့အခြေစိုက် စွန့်ဦးတီထွင် ကုမ္ပဏီတစ်ခုဖြစ်သည့် Delta H Innovation က ၎င်းတို့ သည် ကမ္ဘာ့ပထမဆုံး ကိုယ်တိုင်အအေးခံမှုများလုပ်ဆောင်နိုင်မည့် အလူမီနီယမ်ဘူးကို တီထွင်နိုင်ခဲ့ ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဘူးသည် ၎င်းတွင်ပါဝင်သောအရည်များ၏ အပူချိန် ကို (၆-၇)ဒီဂရီစင်တီဂရိတ်အထိ လျှော့ချနိုင်ပြီး (၄၅)မိနစ်အထိ အအေးခံနိုင်ကြောင်း Delta H Innovations ကုမ္ပဏီက ထုတ်ပြန်ပြောကြားခဲ့သည်။ Cool Can ဟု အမည်ပေးထားသော အဆိုပါ ဘူးသည် အောက်ခြေတွင် ကြီးမားသောပါဝါ ခလုတ်ပါခြင်းမှအပ အခြားပုံမှန်ဖျော်ရည်ဘူးများ နှင့် ဆင်တူကြောင်းလည်းသိရသည်။
ဖျော်ရည်ဘူး၏အောက်ခြေသည် လျှို့ဝှက်ထားသော ရေသိုလှောင်ရာနေရာတစ်ခုဖြစ်ပြီး ခလုတ် ကိုနှိပ်လိုက်သည့်အချိန်တွင် ရေများသည် ဖျော်ရည်ဘူး၏ နှစ်ထပ်အလူမီနီယံနံရံများကြားရှိ နေရာလွတ် သို့ ရောက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
ထို့ပြင် အလူမီနီယံနံရံများကြားတွင် ထည့်ထားမည့်ဆားများသည် ရေနှင့်ဓာတ်ပြုပြီး နောက် အတွင်းရှိအရည်များကို လျင်မြန်စွာအေးခဲသွားစေမည်ဖြစ်ကြောင်း Delta H Innovations ကုမ္ပဏီက ပြောကြားခဲ့သည်။ အဆိုပါဘူးအတွင်းရှိ အရည်များသည် လုံလောက်သည့်အတိုင်းအတာအထိ အေးနေ ပြီဖြစ်ကြောင်း အသုံးပြုသူများကို အသိပေးရန်အတွက် ဘူးတွင်အပူချိန်လုံလုံလောက် လောက် ကျဆင်း သွားသည့်အချိန်တွင် အဖြူရောင်မှ အပြာရောင်သို့ ပြောင်းသွားမည့် နှင်းပွင့်ပုံစံ အမှတ်အသား တစ်ခုပါရှိ မည်ဖြစ်ကြောင်းလည်းသိရသည်။

Zawgyi Version:
ကိုယ္တိုင္အေအးခံႏိုင္မည့္ အလူမီနီယမ္ဘူးခြံကို လန္ဒန္ ကုမၸဏီတစ္ခုဖန္တီး
Pika (NP News)
လန္ဒန္ၿမိဳ႕အေျခစိုက္ စြန႔္ဦးတီထြင္ကုမၸဏီ တစ္ခုသည္ မၾကာမီအခ်ိန္အတြင္း ေရခဲေသတၱာမ်ား ကို အသုံးမျပဳေတာ့ေအာင္ ျပဳလုပ္ႏိုင္သည့္ ဆန္းသစ္ေသာကိုယ္တိုင္အေအးခံမႈမ်ားလုပ္ေဆာင္ႏိုင္မည့္ ေဖ်ာ္ရည္ဘူးကို ဖန္တီးခဲ့ေၾကာင္းသိရသည္။ ပူျပင္းေသာေႏြရာသီတြင္ အေအးေသာက္ျခင္းထက္ ပိုမို ေကာင္းမြန္သည့္အရာ အနည္းငယ္သာရွိေသာ္လည္း စြမ္းအင္ကုန္က်စရိတ္ႏွင့္ အေအးခန္းႏွင့္ပတ္သက္ ေသာ ကာဗြန္ထုတ္လႊတ္မႈ တစ္ႏွစ္ထက္တစ္ႏွစ္ တိုးလာေသာေၾကာင့္ လူသားမ်ိဳးႏြယ္သည္ ပိုမို ေကာင္း မြန္ၿပီး ေဂဟစနစ္သဟဇာတျဖစ္ေစမည့္ တီထြင္ဆန္းသစ္မႈအသစ္မ်ားကို လိုအပ္ေနၿပီျဖစ္ေၾကာင္း လည္းသိရသည္။
လန္ဒန္ၿမိဳ႕အေျခစိုက္ စြန႔္ဦးတီထြင္ ကုမၸဏီတစ္ခုျဖစ္သည့္ Delta H Innovation က ၎တို႔ သည္ ကမာၻ႔ပထမဆုံး ကိုယ္တိုင္အေအးခံမႈမ်ားလုပ္ေဆာင္ႏိုင္မည့္ အလူမီနီယမ္ဘူးကို တီထြင္ႏိုင္ခဲ့ ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။ အဆိုပါ ဘူးသည္ ၎တြင္ပါဝင္ေသာအရည္မ်ား၏ အပူခ်ိန္ ကို (၆-၇)ဒီဂရီစင္တီဂရိတ္အထိ ေလွ်ာ့ခ်ႏိုင္ၿပီး (၄၅)မိနစ္အထိ အေအးခံႏိုင္ေၾကာင္း Delta H Innovations ကုမၸဏီက ထုတ္ျပန္ေျပာၾကားခဲ့သည္။ Cool Can ဟု အမည္ေပးထားေသာ အဆိုပါ ဘူးသည္ ေအာက္ေျခတြင္ ႀကီးမားေသာပါဝါ ခလုတ္ပါျခင္းမွအပ အျခားပုံမွန္ေဖ်ာ္ရည္ဘူးမ်ား ႏွင့္ ဆင္တူေၾကာင္းလည္းသိရသည္။
ေဖ်ာ္ရည္ဘူး၏ေအာက္ေျခသည္ လွ်ိဳ႕ဝွက္ထားေသာ ေရသိုေလွာင္ရာေနရာတစ္ခုျဖစ္ၿပီး ခလုတ္ ကိုႏွိပ္လိုက္သည့္အခ်ိန္တြင္ ေရမ်ားသည္ ေဖ်ာ္ရည္ဘူး၏ ႏွစ္ထပ္အလူမီနီယံနံရံမ်ားၾကားရွိ ေနရာလြတ္ သို႔ ေရာက္သြားမည္ျဖစ္ေၾကာင္းလည္းသိရသည္။
ထို႔ျပင္ အလူမီနီယံနံရံမ်ားၾကားတြင္ ထည့္ထားမည့္ဆားမ်ားသည္ ေရႏွင့္ဓာတ္ျပဳၿပီး ေနာက္ အတြင္းရွိအရည္မ်ားကို လ်င္ျမန္စြာေအးခဲသြားေစမည္ျဖစ္ေၾကာင္း Delta H Innovations ကုမၸဏီက ေျပာၾကားခဲ့သည္။ အဆိုပါဘူးအတြင္းရွိ အရည္မ်ားသည္ လုံေလာက္သည့္အတိုင္းအတာအထိ ေအးေန ၿပီျဖစ္ေၾကာင္း အသုံးျပဳသူမ်ားကို အသိေပးရန္အတြက္ ဘူးတြင္အပူခ်ိန္လုံလုံေလာက္ ေလာက္ က်ဆင္း သြားသည့္အခ်ိန္တြင္ အျဖဴေရာင္မွ အျပာေရာင္သို႔ ေျပာင္းသြားမည့္ ႏွင္းပြင့္ပုံစံ အမွတ္အသား တစ္ခုပါရွိ မည္ျဖစ္ေၾကာင္းလည္းသိရသည္။