ကမ္ဘာ့အရှည်ဆုံးလျှာဖြင့် လုပ်နိုင်စွမ်းအချို့ ပြသခဲ့သည့် အမေရိကန်သူ

579

Pika (NP News)
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ ကမ္ဘာ့အရှည်ဆုံးလျှာရှိသည့်အမျိုးသမီးတစ်ဦး သည် Jenga ဂိမ်းအတုံးများကို ဖယ်ရှားခြင်းအပါအဝင် ၎င်း၏လျှာဖြင့်လုပ်ဆောင်နိုင်သော လှည့်ကွက် အချို့ကို ပြသခဲ့ကြောင်းသိရသည်။ အသက် (၃၄) နှစ်အရွယ် ချန်နယ်တက်ပါ၏လျှာသည် (၃ ဒသမ ၈) လက်မရှည်ပြီး ကမ္ဘာ့အရှည်ဆုံးလျှာရှိ သည့်(အမျိုးသမီး)ဂင်းနစ်စံချိန်ကို ရယူနိုင်ထားသူဖြစ်ကြောင်း သိရသည်။
ချန်နယ်တက်ပါက “ကျွန်မရဲ့လျှာကို တခြားလူတစ်ယောက်ယောက်က မြင်တွေ့တဲ့အချိန်မှာ ရတဲ့အကောင်းဆုံးတုံ့ပြန်မှုက အော်ဟစ်တာကို ကြားလိုက်ရတာမျိုးပါပဲ။ လူတွေက ကျွန်မလျှာကို မြင် ပြီး အံ့ဩသွားတာ ဒါမှမဟုတ် တစ်ခါတစ်ရံမှာ ကြောက်ရွံ့သွားတာတွေကို အမှန်အတိုင်းပြောရရင်တော့ ကျွန်မသဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီတုံ့ပြန်မှုတွေက ကျွန်မအတွက် ရယ်စရာဖြစ်နေ လို့ပါပဲ” ဟုပြောဆိုခဲ့သည်။
ထို့ပြင် ချန်နယ်တက်ပါသည် Jenga ဂိမ်းအတုံးများကို ဖယ်ရှားခြင်း၊ ပလတ်စတစ်ခွက် များကို လှန်ခြင်းနှင့် ဇွန်းတစ်ချောင်းကိုကိုင်ပြခြင်း တို့အပါအဝင် ၎င်း၏လျှာဖြင့်လုပ်ဆောင်ရန် သင်ယူခဲ့သည့် လှည့်ကွက်တချို့ကို ထုတ်ပြန်ပြသခဲ့ကြောင်းလည်းသိရသည်။ ချန်နယ်တက်ပါက “အဲ့ဒီလိုပျော်ဖို့ ကောင်းတဲ့အရာလေးတွေကို လုပ်ဆောင်ရတာ ကျွန်မတကယ်ကြိုက်ပါတယ်” ဟုပြောဆိုခဲ့သည်။
ဂင်းနစ်စံချိန်မှတ်တမ်းတင်ထားသူတစ်ဦးဖြစ်ရခြင်းသည် အီတလီဖက်ရှင်အမှတ်တံဆိပ် Diesel ၏ ကြော်ငြာကမ်ပိန်းတွင် ပါဝင်ခြင်းအပါအဝင် ၎င်းအတွက် မမျှော်လင့်ထားသော အခွင့်အရေးအချို့ကို ရရှိခဲ့စေခဲ့ကြောင်းလည်း ချန်နယ်တက်ပါက ပြောကြားခဲ့သည်။

Zawgyi Version:
ကမာၻ႔အရွည္ဆုံးလွ်ာျဖင့္ လုပ္ႏိုင္စြမ္းအခ်ိဳ႕ ျပသခဲ့သည့္ အေမရိကန္သူ
Pika (NP News)
အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္မွ ကမာၻ႔အရွည္ဆုံးလွ်ာရွိသည့္အမ်ိဳးသမီးတစ္ဦး သည္ Jenga ဂိမ္းအတုံးမ်ားကို ဖယ္ရွားျခင္းအပါအဝင္ ၎၏လွ်ာျဖင့္လုပ္ေဆာင္ႏိုင္ေသာ လွည့္ကြက္ အခ်ိဳ႕ကို ျပသခဲ့ေၾကာင္းသိရသည္။ အသက္ (၃၄) ႏွစ္အ႐ြယ္ ခ်န္နယ္တက္ပါ၏လွ်ာသည္ (၃ ဒသမ ၈) လက္မရွည္ၿပီး ကမာၻ႔အရွည္ဆုံးလွ်ာရွိ သည့္(အမ်ိဳးသမီး)ဂင္းနစ္စံခ်ိန္ကို ရယူႏိုင္ထားသူျဖစ္ေၾကာင္း သိရသည္။
ခ်န္နယ္တက္ပါက “ကြၽန္မရဲ႕လွ်ာကို တျခားလူတစ္ေယာက္ေယာက္က ျမင္ေတြ႕တဲ့အခ်ိန္မွာ ရတဲ့အေကာင္းဆုံးတုံ႔ျပန္မႈက ေအာ္ဟစ္တာကို ၾကားလိုက္ရတာမ်ိဳးပါပဲ။ လူေတြက ကြၽန္မလွ်ာကို ျမင္ ၿပီး အံ့ဩသြားတာ ဒါမွမဟုတ္ တစ္ခါတစ္ရံမွာ ေၾကာက္႐ြံ႕သြားတာေတြကို အမွန္အတိုင္းေျပာရရင္ေတာ့ ကြၽန္မသေဘာက်ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲ့ဒီတုံ႔ျပန္မႈေတြက ကြၽန္မအတြက္ ရယ္စရာျဖစ္ေန လို႔ပါပဲ” ဟုေျပာဆိုခဲ့သည္။
ထို႔ျပင္ ခ်န္နယ္တက္ပါသည္ Jenga ဂိမ္းအတုံးမ်ားကို ဖယ္ရွားျခင္း၊ ပလတ္စတစ္ခြက္ မ်ားကို လွန္ျခင္းႏွင့္ ဇြန္းတစ္ေခ်ာင္းကိုကိုင္ျပျခင္း တို႔အပါအဝင္ ၎၏လွ်ာျဖင့္လုပ္ေဆာင္ရန္ သင္ယူခဲ့သည့္ လွည့္ကြက္တခ်ိဳ႕ကို ထုတ္ျပန္ျပသခဲ့ေၾကာင္းလည္းသိရသည္။ ခ်န္နယ္တက္ပါက “အဲ့ဒီလိုေပ်ာ္ဖို႔ ေကာင္းတဲ့အရာေလးေတြကို လုပ္ေဆာင္ရတာ ကြၽန္မတကယ္ႀကိဳက္ပါတယ္” ဟုေျပာဆိုခဲ့သည္။
ဂင္းနစ္စံခ်ိန္မွတ္တမ္းတင္ထားသူတစ္ဦးျဖစ္ရျခင္းသည္ အီတလီဖက္ရွင္အမွတ္တံဆိပ္ Diesel ၏ ေၾကာ္ျငာကမ္ပိန္းတြင္ ပါဝင္ျခင္းအပါအဝင္ ၎အတြက္ မေမွ်ာ္လင့္ထားေသာ အခြင့္အေရးအခ်ိဳ႕ကို ရရွိခဲ့ေစခဲ့ေၾကာင္းလည္း ခ်န္နယ္တက္ပါက ေျပာၾကားခဲ့သည္။