အမျိုးသမီးခရီးသည်အား ကိုယ်ထိလက်ရောက်ပြုလုပ်ခဲ့သည့် ယာဉ်အကူကို ထုတ်ပယ်ပြီး ရဲစခန်းသို့ အပ်နှံခဲ့ဟု JJ Express ဆို

 1828

စော(NP News)-ဧပြီ ၉


အမျိုးသမီးခရီးသည်အား ကိုယ်ထိလက်ရောက်ပြုလုပ်ခဲ့သည့် ယာဉ်အကူကို ထုတ်ပယ်ပြီး ရဲစခန်းသို့ အပ်နှံခဲ့ကြောင်း JJ Express က ယမန်နေ့ (ဧပြီလ ၈ရက်)တွင် အသိပေးကြေညာထားခြင်းဖြစ်သည်။

“SORA Team က ညီမလေးတွေအားလုံး ၆ယောက် အင်းလေးငလျှင်ဘေး အလှု လုပ်ပြီး
အပြန် JJ Express နဲ့ရန်ကုန်ကိုလာပါတယ်။ လာနေရင်းနဲ့ မနက်၄နာရီ လူတွေအကုန်လမ်းမှာ ကားရပ်ပြီးအိပ်နေတဲ့အချိန်မှာ မိုက်ရိုင်းစွာနဲ့ စပါယ် ယာဆိုတဲ့အကောင်တစ်ကောင်က SORA Team က ညီမလေး တစ်ယောက်အိပ်နေချိန် သူ့လက်နဲ့ မိန်းကလေး Privacy နေရာကို အောက်တန်းကျစွာ ဖြင့်လာကိုင်ပါတယ် ။ SORA Team ကညီမလေးလဲ အသံကျယ်ကျယ်သူ့ ကိုအော်ပြီးဘာလုပ်တာလဲ။ ငါမအိပ်သေးဘူးနော်လို့ ပြောတော့ မသိသလိုနဲ့ ကျွန်တော် စပါယ်ယာလေဆိုပြီး သူမဟုတ်သလိုနဲ့ လုပ်သွားတာတော်တော်ရွံဖို့ ကောင်းပါတယ် ။ ကလေးတွေအကုန်လုံးက အဲဒီကောင်ကိုဝိုင်းပြောပြီး ပြဿနာပြန်ရှာချင်ပေမဲ့ ပိုဆိုးတဲ့အခြေအနေတွေဖြစ် သွားမှာဆိုးလို့ ဒီတိုင်းသည်းခံလိုက်ရတာပါ။
အခုလိုpost ပြန်တင်ရတာလဲ အခြားကောင်မလေးတွေ ကိုယ့်လိုဖြစ်မှာဆိုးလို့ပါ”ဟု Makeup SORA က ၎င်း၏လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ဧပြီလ ၇ရက်က အသိပေးထားခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ကြီး-ရန်ကုန်ခရီးစဉ်တွင် ဧပြီလ ၆ရက်က ခရီးသည်တစ်ဦးအား ယာဥ်အကူမှ ကိုယ်ထိလက်ရောက် စိတ်အနှောင့်ယှက် ဖြစ်စေခဲ့သည့် အကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်တွင် ခရီးသည်ဘက်မှ ရေးသားထားသည်ကို ဖတ်ရှုသိရှိရကြောင်း JJ Express ကဆိုသည်။

ထို့ကြောင့် JJ Express တာဝန်ရှိသူများက အဆိုပါဝန်ထမ်းကို ခေါ်ယူစစ်ဆေးမေးမြန်းပြီး ၎င်း၏ အပြုအမူအတွက် ခရီးသည်အား ဆက်သွယ်တောင်းပန်ခိုင်းခဲ့ကြောင်း ကြေညာထားချက်အရ သိရသည်။

အဆိုပါဝန်ထမ်းမှာ ဦးဝေဇင်ထွန်းဖြစ်ပြီး Joyous Journey Travels & Tours Company ၏ Operation ဌာနတွင် ယာဉ်နောက်လိုက်ရာထူးဖြင့် အမြဲတမ်းဝန်ထမ်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းအား တာဝန်မှရပ်ဆိုင်းပြီး ဥပဒေ အကြောင်း အရ အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာရဲစခန်း သို့ အပ်နှံဆောင်ရွက်လျက်ရှိကြောင်း JJ Express ကဆိုထားသည်။

အဆိုပါ ဝန်ထမ်းတစ်ဦးကြောင့် ခရီးသွား မိဘ ပြည်သူများ အထိတ်တလန့်ဖြစ်ရစေခြင်း၊ စိုးရိမ်သောက ဖြစ်ရစေခြင်းတို့အတွက် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်းနှင့် နောက်နောင်တွင် စိတ်အနှောင့်အယှက်ဖြစ်စေမည့် ကိစ္စရပ်များ မဖြစ်စေရေးအတွက် ယခုထက် ပိုမိုဂရုစိုက် တာဝန်ယူ လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း JJ Express ကအသိပေးကြေညာထားသည်။

Zawgyi Version:
အမ်ိဳးသမီးခရီးသည္အား ကိုယ္ထိလက္ေရာက္ျပဳလုပ္ခဲ့သည့္ ယာဥ္အကူကို ထုတ္ပယ္ၿပီး ရဲစခန္းသို႔ အပ္ႏွံခဲ့ဟု JJ Express ဆို

ေစာ(NP News)-ဧၿပီ ၉


အမ်ိဳးသမီးခရီးသည္အား ကိုယ္ထိလက္ေရာက္ျပဳလုပ္ခဲ့သည့္ ယာဥ္အကူကို ထုတ္ပယ္ၿပီး ရဲစခန္းသို႔ အပ္ႏွံခဲ့ေၾကာင္း JJ Express က ယမန္ေန႔ (ဧၿပီလ ၈ရက္)တြင္ အသိေပးေၾကညာထားျခင္းျဖစ္သည္။

“SORA Team က ညီမေလးေတြအားလုံး ၆ေယာက္ အင္းေလးငလွ်င္ေဘး အလႈ လုပ္ၿပီး
အျပန္ JJ Express နဲ႔ရန္ကုန္ကိုလာပါတယ္။ လာေနရင္းနဲ႔ မနက္၄နာရီ လူေတြအကုန္လမ္းမွာ ကားရပ္ၿပီးအိပ္ေနတဲ့အခ်ိန္မွာ မိုက္႐ိုင္းစြာနဲ႔ စပါယ္ ယာဆိုတဲ့အေကာင္တစ္ေကာင္က SORA Team က ညီမေလး တစ္ေယာက္အိပ္ေနခ်ိန္ သူ႔လက္နဲ႔ မိန္းကေလး Privacy ေနရာကို ေအာက္တန္းက်စြာ ျဖင့္လာကိုင္ပါတယ္ ။ SORA Team ကညီမေလးလဲ အသံက်ယ္က်ယ္သူ႔ ကိုေအာ္ၿပီးဘာလုပ္တာလဲ။ ငါမအိပ္ေသးဘူးေနာ္လို႔ ေျပာေတာ့ မသိသလိုနဲ႔ ကြၽန္ေတာ္ စပါယ္ယာေလဆိုၿပီး သူမဟုတ္သလိုနဲ႔ လုပ္သြားတာေတာ္ေတာ္႐ြံဖို႔ ေကာင္းပါတယ္ ။ ကေလးေတြအကုန္လုံးက အဲဒီေကာင္ကိုဝိုင္းေျပာၿပီး ျပႆနာျပန္ရွာခ်င္ေပမဲ့ ပိုဆိုးတဲ့အေျခအေနေတြျဖစ္ သြားမွာဆိုးလို႔ ဒီတိုင္းသည္းခံလိုက္ရတာပါ။
အခုလိုpost ျပန္တင္ရတာလဲ အျခားေကာင္မေလးေတြ ကိုယ့္လိုျဖစ္မွာဆိုးလို႔ပါ”ဟု Makeup SORA က ၎၏လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ဧၿပီလ ၇ရက္က အသိေပးထားျခင္းျဖစ္သည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ေတာင္ႀကီး-ရန္ကုန္ခရီးစဥ္တြင္ ဧၿပီလ ၆ရက္က ခရီးသည္တစ္ဦးအား ယာဥ္အကူမွ ကိုယ္ထိလက္ေရာက္ စိတ္အေႏွာင့္ယွက္ ျဖစ္ေစခဲ့သည့္ အေၾကာင္း ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္ေပၚတြင္ ခရီးသည္ဘက္မွ ေရးသားထားသည္ကို ဖတ္ရႈသိရွိရေၾကာင္း JJ Express ကဆိုသည္။

ထို႔ေၾကာင့္ JJ Express တာဝန္ရွိသူမ်ားက အဆိုပါဝန္ထမ္းကို ေခၚယူစစ္ေဆးေမးျမန္းၿပီး ၎၏ အျပဳအမူအတြက္ ခရီးသည္အား ဆက္သြယ္ေတာင္းပန္ခိုင္းခဲ့ေၾကာင္း ေၾကညာထားခ်က္အရ သိရသည္။

အဆိုပါဝန္ထမ္းမွာ ဦးေဝဇင္ထြန္းျဖစ္ၿပီး Joyous Journey Travels & Tours Company ၏ Operation ဌာနတြင္ ယာဥ္ေနာက္လိုက္ရာထူးျဖင့္ အၿမဲတမ္းဝန္ထမ္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ၎အား တာဝန္မွရပ္ဆိုင္းၿပီး ဥပေဒ အေၾကာင္း အရ အေရးယူႏိုင္ရန္အတြက္ သက္ဆိုင္ရာရဲစခန္း သို႔ အပ္ႏွံေဆာင္႐ြက္လ်က္ရွိေၾကာင္း JJ Express ကဆိုထားသည္။

အဆိုပါ ဝန္ထမ္းတစ္ဦးေၾကာင့္ ခရီးသြား မိဘ ျပည္သူမ်ား အထိတ္တလန႔္ျဖစ္ရေစျခင္း၊ စိုးရိမ္ေသာက ျဖစ္ရေစျခင္းတို႔အတြက္ လြန္စြာ စိတ္မေကာင္းျဖစ္ရေၾကာင္းႏွင့္ ေနာက္ေနာင္တြင္ စိတ္အေႏွာင့္အယွက္ျဖစ္ေစမည့္ ကိစၥရပ္မ်ား မျဖစ္ေစေရးအတြက္ ယခုထက္ ပိုမိုဂ႐ုစိုက္ တာဝန္ယူ လုပ္ေဆာင္မည္ျဖစ္ေၾကာင္းလည္း JJ Express ကအသိေပးေၾကညာထားသည္။

Related news

© 2021. All rights reserved.