သေနတ်ပြောင်းရှေ့ကယ်ဆယ်ရေးမလုပ်လိုသည့်အတွက်နေရပ်ပြန်ခဲ့ဟု ဆိုခဲ့သည့် အိန္ဒိယနိုင်ငံသား မြန်မာနိုင်ငံကို ပြန်လည်တောင်းပန်

10550

ဂျန်ဇက်( NP News )
မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် မြန်မာနိုင်ငံကိုဝေဖန်ခဲ့သည့် အိန္ဒိယ နိုင်ငံသားတစ်ဦး၏ ၎င်း၏ဝေဖန်ပြစ်တင်မှုများအတွက်ပြန်လည်တောင်းပန်လိုက်ကြောင်းသိရသည်။ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မကြာမီ အိန္ဒိယနိုင်ငံသား ကီရမ်ဘာမားမြန်မာနိုင်ငံသို့ လာရောက်ခဲ့သော်လည်းကူညီကယ်ဆယ်ခွင့်မရဘဲ မြန်မာနိုင်ငံမှပြန်ခဲ့ရသည့်အတွက် ဧပြီ ၃ရက်နေ့တွင် ၎င်း၏ လူမူကွန်ရက်မှတဆင့်ဝေဖန်ခဲ့ကြောင်းသိရသည်။သို့သော်လည်း လက်ရှိအချိန်တွင် လူမူကွန်ရက်တွင်လူသိများသည့် ကီရမ်ဘာမားသည် ဧပြီ ၈ရက်နေ့က လူမူကွန်ရက် တွင်ပြန်လည်တောင်းပန်ခဲ့သည်ဟု သိရသည်။ ကီရမ်ဘာမားက" ကျွန်တော်အနေနဲ့ မြန်မာအစိုးရ၊တပ်မတော်အပါအဝင် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးကိုလေးစားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်း က ကျွန်တော် ဖော်ပြခဲ့တဲ့ပိုစ့် ဟာ ကျွန်တော်ရဲ့ကိုယ်ပိုင်အမြင်သာဖြစ်ပါတယ်။ ကျွန်တော်ရဲ့ပိုစ့်ကို လူအများက မှားယွင်းတဲ့စိတ်နဲ့ ဝေဖန်တာတွေလည်းရှိခဲ့တယ်။ ကျွန်တော်ဟာ လူသားတစ်ယောက်အနေနဲ့ ရှိနေခဲ့ပြီး "အိန္ဒိယ" တစ်ယောက်အနေနဲ့ မဟုတ်ဘဲ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုပါဘူး။
နားလည်မှုလွဲမှားခြင်တွေရှောင်ရှားနိုင်အောင် မြန်မာလူမျိုးတွေရင်ဆိုင်တွေ့ကြုံရမှုတွေကို မျှဝေတာတွေလည်းမလုပ်ခဲ့ပါဘူး၊ ဒါ့ပေမယ့်အချို့သူတွေဟာ ၎င်းတို့ရဲ့ကိုယ်ကျိုးစီးပွားအတွက် ကျွန်တော်အရင်တင်ခဲ့တဲ့ ပိုစ့်ကို လိမ်လည်တာမျိုးတွေလုပ်ဆောင်ခဲ့တယ်။ ကျေးဇူးပြုပြီး ကျွန်တော်ရဲ့ နိုင်ငံ၊ ခေါင်းဆောင်များ သို့မဟုတ် အစိုးရကို ဆန့်ကျင်ဝေဖန်တဲ့စကားတွေမပြောပါနဲ့ ဒါဟာ ကျွန်တော့ရဲ့ နှိမ့်ချတဲ့ တောင်းဆိုချက်ဖြစ်ပြီး မြန်မာပြည်သူပြည်သားများ ပိုမိုကောင်းမွန်လာဖို့ ဆုတောင်းပေးသင့်ပါတယ်" ဟုပြောသည်။၎င်းသည် မြန်မာနိုင်ငံရှိငလျင်ဘေးအတွက် လာရောက်ချိန်အတွင်း ကယ်ဆယ်ရေးတစ်ခုမှ မလုပ်ဘဲ သေနတ်ပြောင်းရှေ့ ကယ်ဆယ်ရေးမလုပ်လိုတဲ့အတွက် နေရပ်ပြန်သွားခဲ့သည်ဟု လူမူကွန်ရက်တွင်ရေးသားဖော်ပြခဲ့ဖူးကြောင်းသိရသည်။ ကီရမ်ဘာမာသည် မြန်မာနိုင်ငံငလျင်ဘေးအတွက်လာရောက်ခဲ့သော်လည်း ဧပြီ ၃ရက်နေ့ကဖော်ပြခဲ့သည့် ၎င်း၏ ပိုစ့်နှင့်ပတ်သက်ပြီး ဝေဖန်မှုများမြင့်တက်ခဲ့ပြီး ကယ်ဆယ်ရေးသမားလည်း မဟုတ်၊ ကယ်ဆယ်ရေးအတွက် အိန္ဒိယအစိုးရက စေလွှတ်သူလည်းမဟုတ်၊ အဖွဲအစည်းနဲ့လည်း ကယ်ဆယ်သူမဟုတ်၊ တစ်သီးပုဂ္ဂလကယ်ဆယ်သူလည်းမဟုတ်ကြောင်း ဝေဖန်မှုများရှိခဲ့သည်။

Zawgyi Version:
ေသနတ္ေျပာင္းေရွ႕ကယ္ဆယ္ေရးမလုပ္လိုသည့္အတြက္ေနရပ္ျပန္ခဲ့ဟု ဆိုခဲ့သည့္ အိႏၵိယႏိုင္ငံသား ျမန္မာႏိုင္ငံကို ျပန္လည္ေတာင္းပန္
ဂ်န္ဇက္( NP News )
ျမန္မာႏိုင္ငံတြင္ အင္အားျပင္းငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ ျမန္မာႏိုင္ငံကိုေဝဖန္ခဲ့သည့္ အိႏၵိယ ႏိုင္ငံသားတစ္ဦး၏ ၎၏ေဝဖန္ျပစ္တင္မႈမ်ားအတြက္ျပန္လည္ေတာင္းပန္လိုက္ေၾကာင္းသိရသည္။ ငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ မၾကာမီ အိႏၵိယႏိုင္ငံသား ကီရမ္ဘာမားျမန္မာႏိုင္ငံသို႔ လာေရာက္ခဲ့ေသာ္လည္းကူညီကယ္ဆယ္ခြင့္မရဘဲ ျမန္မာႏိုင္ငံမွျပန္ခဲ့ရသည့္အတြက္ ဧၿပီ ၃ရက္ေန႔တြင္ ၎၏ လူမူကြန္ရက္မွတဆင့္ေဝဖန္ခဲ့ေၾကာင္းသိရသည္။သို႔ေသာ္လည္း လက္ရွိအခ်ိန္တြင္ လူမူကြန္ရက္တြင္လူသိမ်ားသည့္ ကီရမ္ဘာမားသည္ ဧၿပီ ၈ရက္ေန႔က လူမူကြန္ရက္ တြင္ျပန္လည္ေတာင္းပန္ခဲ့သည္ဟု သိရသည္။ ကီရမ္ဘာမားက" ကြၽန္ေတာ္အေနနဲ႔ ျမန္မာအစိုးရ၊တပ္မေတာ္အပါအဝင္ ျမန္မာႏိုင္ငံသူ ႏိုင္ငံသားအားလုံးကိုေလးစားပါတယ္။ၿပီးခဲ့တဲ့ရက္ပိုင္း က ကြၽန္ေတာ္ ေဖာ္ျပခဲ့တဲ့ပိုစ့္ ဟာ ကြၽန္ေတာ္ရဲ႕ကိုယ္ပိုင္အျမင္သာျဖစ္ပါတယ္။ ကြၽန္ေတာ္ရဲ႕ပိုစ့္ကို လူအမ်ားက မွားယြင္းတဲ့စိတ္နဲ႔ ေဝဖန္တာေတြလည္းရွိခဲ့တယ္။ ကြၽန္ေတာ္ဟာ လူသားတစ္ေယာက္အေနနဲ႔ ရွိေနခဲ့ၿပီး "အိႏၵိယ" တစ္ေယာက္အေနနဲ႔ မဟုတ္ဘဲ ဘယ္အဖြဲ႕အစည္းကိုမွ ကိုယ္စားမျပဳပါဘူး။
နားလည္မႈလြဲမွားျခင္ေတြေရွာင္ရွားႏိုင္ေအာင္ ျမန္မာလူမ်ိဳးေတြရင္ဆိုင္ေတြ႕ႀကဳံရမႈေတြကို မွ်ေဝတာေတြလည္းမလုပ္ခဲ့ပါဘူး၊ ဒါ့ေပမယ့္အခ်ိဳ႕သူေတြဟာ ၎တို႔ရဲ႕ကိုယ္က်ိဳးစီးပြားအတြက္ ကြၽန္ေတာ္အရင္တင္ခဲ့တဲ့ ပိုစ့္ကို လိမ္လည္တာမ်ိဳးေတြလုပ္ေဆာင္ခဲ့တယ္။ ေက်းဇူးျပဳၿပီး ကြၽန္ေတာ္ရဲ႕ ႏိုင္ငံ၊ ေခါင္းေဆာင္မ်ား သို႔မဟုတ္ အစိုးရကို ဆန႔္က်င္ေဝဖန္တဲ့စကားေတြမေျပာပါနဲ႔ ဒါဟာ ကြၽန္ေတာ့ရဲ႕ ႏွိမ့္ခ်တဲ့ ေတာင္းဆိုခ်က္ျဖစ္ၿပီး ျမန္မာျပည္သူျပည္သားမ်ား ပိုမိုေကာင္းမြန္လာဖို႔ ဆုေတာင္းေပးသင့္ပါတယ္" ဟုေျပာသည္။၎သည္ ျမန္မာႏိုင္ငံရွိငလ်င္ေဘးအတြက္ လာေရာက္ခ်ိန္အတြင္း ကယ္ဆယ္ေရးတစ္ခုမွ မလုပ္ဘဲ ေသနတ္ေျပာင္းေရွ႕ ကယ္ဆယ္ေရးမလုပ္လိုတဲ့အတြက္ ေနရပ္ျပန္သြားခဲ့သည္ဟု လူမူကြန္ရက္တြင္ေရးသားေဖာ္ျပခဲ့ဖူးေၾကာင္းသိရသည္။ ကီရမ္ဘာမာသည္ ျမန္မာႏိုင္ငံငလ်င္ေဘးအတြက္လာေရာက္ခဲ့ေသာ္လည္း ဧၿပီ ၃ရက္ေန႔ကေဖာ္ျပခဲ့သည့္ ၎၏ ပိုစ့္ႏွင့္ပတ္သက္ၿပီး ေဝဖန္မႈမ်ားျမင့္တက္ခဲ့ၿပီး ကယ္ဆယ္ေရးသမားလည္း မဟုတ္၊ ကယ္ဆယ္ေရးအတြက္ အိႏၵိယအစိုးရက ေစလႊတ္သူလည္းမဟုတ္၊ အဖြဲအစည္းနဲ႔လည္း ကယ္ဆယ္သူမဟုတ္၊ တစ္သီးပုဂၢလကယ္ဆယ္သူလည္းမဟုတ္ေၾကာင္း ေဝဖန္မႈမ်ားရွိခဲ့သည္။