အိန္ဒိယမှာ လူ ခုနှစ်ဦးထိ သေဆုံးစေခဲ့တဲ့ ဆရာဝန် ဟန်ဆောင်သူအမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီး

917

ရောင်နီ (NP News) - ဧပြီ ၁ဝ
ဗြိတိန်နိုင်ငံ၊ လန်ဒန်က အမျိုးသားတစ်ဦးကို နှလုံးအထူးကု ဆရာဝန်တစ်ဦး အယောင်ဆောင်ပြီး လူနာ ၇ ဦး သေဆုံးတဲ့ထိ ဆေးကုသခဲ့မှု၊ စာရွက်စာတမ်း အတုအပလုပ်မှုနဲ့ အိန္ဒိယရဲတပ်ဖွဲ့က ဧပြီ ၈ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ အလယ်ပိုင်း မက်ဒ်ရာပရာဒက်ရှ် ပြည်နယ်ရှိ ပုဂ္ဂလိကဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ အဲဒီဆရာဝန်အယောင်ဆောင် အမျိုးသားကို အလိမ်အညာစာရွက်စာတမ်းအတုအပပြုလုပ်မှုနဲ့ တရားစွဲဆိုထားတယ်လို့ ရဲအုပ်ကြီး ရှာရုကာတီဆွမ်ဗာရှီ က ပြောပါတယ်။ အမျိုးသားဟာ အမည်ရင်း ရာရန်ဒရာဂျွန်ဆမ်ဖြစ်ပြီး လန်ဒန်မြို့ St George's University of London က နှလုံးရောဂါဗေဒဆိုင်ရာ ပါမောက္ခဂျွန်ကမ်ဆိုတဲ့ နှလုံးအထူးကုဆရာဝန်အဖြစ် အယောင်ဆောင်ထားခဲ့တာဖြစ်ပါတယ်။
အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ၂၀၂၅ ခုနှစ်၊ Mission ဆေးရုံမှာ လူနာခုနှစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးတဲ့နောက် ရက်ပိုင်းအကြာမှာ ယခုလို ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ လူနာခုနှစ်ဦးစလုံးဟာ ဖမ်းဆီးခံထားရတဲ့ ဆရာဝန်အယောင်ဆောင်အမျိုးသားရဲ့သွေးတွင်းခွဲစိတ်ကုသမှုကို ခံယူခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
အမှုကတော့ သေဆုံးသွားတဲ့ လူနာတစ်ဦးရဲ့မိသားစုဝင်တွေက လာရောက်တိုင်ကြားပြီးတဲ့နောက်မှာ ပေါ်လွင်လာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်းကလည်း အိန္ဒိယအာဏာပိုင်တွေဟာ ဆရာဝန် ဟန်ဆောင်သူတွေကို ဆေးခန်းတွေထဲ ဝင်ရောက်စီးနင်း ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Zawgyi Version:
အိႏၵိယမွာ လူ ခုႏွစ္ဦးထိ ေသဆုံးေစခဲ့တဲ့ ဆရာဝန္ ဟန္ေဆာင္သူအမ်ိဳးသားကို ရဲတပ္ဖြဲ႕က ဖမ္းဆီး
ေရာင္နီ (NP News) - ဧၿပီ ၁ဝ
ၿဗိတိန္ႏိုင္ငံ၊ လန္ဒန္က အမ်ိဳးသားတစ္ဦးကို ႏွလုံးအထူးကု ဆရာဝန္တစ္ဦး အေယာင္ေဆာင္ၿပီး လူနာ ၇ ဦး ေသဆုံးတဲ့ထိ ေဆးကုသခဲ့မႈ၊ စာ႐ြက္စာတမ္း အတုအပလုပ္မႈနဲ႔ အိႏၵိယရဲတပ္ဖြဲ႕က ဧၿပီ ၈ ရက္မွာ ဖမ္းဆီးခဲ့ပါတယ္။
အိႏၵိယႏိုင္ငံ အလယ္ပိုင္း မက္ဒ္ရာပရာဒက္ရွ္ ျပည္နယ္ရွိ ပုဂၢလိကေဆး႐ုံမွာ တာဝန္ထမ္းေဆာင္ေနတဲ့ အဲဒီဆရာဝန္အေယာင္ေဆာင္ အမ်ိဳးသားကို အလိမ္အညာစာ႐ြက္စာတမ္းအတုအပျပဳလုပ္မႈနဲ႔ တရားစြဲဆိုထားတယ္လို႔ ရဲအုပ္ႀကီး ရွာ႐ုကာတီဆြမ္ဗာရွီ က ေျပာပါတယ္။ အမ်ိဳးသားဟာ အမည္ရင္း ရာရန္ဒရာဂြၽန္ဆမ္ျဖစ္ၿပီး လန္ဒန္ၿမိဳ႕ St George's University of London က ႏွလုံးေရာဂါေဗဒဆိုင္ရာ ပါေမာကၡဂြၽန္ကမ္ဆိုတဲ့ ႏွလုံးအထူးကုဆရာဝန္အျဖစ္ အေယာင္ေဆာင္ထားခဲ့တာျဖစ္ပါတယ္။
အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ရဲ႕ ၂၀၂၅ ခုႏွစ္၊ Mission ေဆး႐ုံမွာ လူနာခုႏွစ္ဦး ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈ ျပဳလုပ္ၿပီးတဲ့ေနာက္ ရက္ပိုင္းအၾကာမွာ ယခုလို ဖမ္းဆီးခဲ့ျခင္းျဖစ္ပါတယ္။ လူနာခုႏွစ္ဦးစလုံးဟာ ဖမ္းဆီးခံထားရတဲ့ ဆရာဝန္အေယာင္ေဆာင္အမ်ိဳးသားရဲ႕ေသြးတြင္းခြဲစိတ္ကုသမႈကို ခံယူခဲ့ၾကတာျဖစ္တယ္လို႔ သိရပါတယ္။
အမႈကေတာ့ ေသဆုံးသြားတဲ့ လူနာတစ္ဦးရဲ႕မိသားစုဝင္ေတြက လာေရာက္တိုင္ၾကားၿပီးတဲ့ေနာက္မွာ ေပၚလြင္လာခဲ့တာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းကလည္း အိႏၵိယအာဏာပိုင္ေတြဟာ ဆရာဝန္ ဟန္ေဆာင္သူေတြကို ေဆးခန္းေတြထဲ ဝင္ေရာက္စီးနင္း ဖမ္းဆီးမႈေတြျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။