ရန်ကုန်တွင် သင်္ကြန်တွင်း CNGအရောင်းဆိုင် (၂၀)ကျော် ဖွင့်လှစ်ရောင်းချသွားမည်

1203

စော(NP News)-ဧပြီ ၁၀
ရန်ကုန်တိုင်းဒေသကြီးတွင် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလဖြစ်သော ဧပြီလ ၁၃ရက်မှ ၁၇ရက်နေ့အထိ CNGအရောင်းဆိုင် (၂၀)ကျော် ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖွင့်လှစ်ရောင်းချသွားမည့်ဆိုင်များမှာ ဆိုင်အမှတ် (၀၀၁)၊ သမိုင်း - ၁ ၊ ဆိုင်အမှတ် (၀၀၂)၊ အင်းစိန် ၊ဆိုင်အမှတ် (၀၀၃)၊ အလုံ - ၁ ၊ ဆိုင်အမှတ် (၀၀၄)၊ ကျိုက္ကလို့ ၊ ဆိုင်အမှတ် (ဝဝ၅)၊ သာကေတ - ၁ ၊ ဆိုင်အမှတ် (၀၀၆)၊ ဒဂုံမြို့သစ် ၊ ဆိုင်အမှတ် (ဝဝ၇)၊ ဘုရင့်နောင် ၊ ဆိုင်အမှတ် (ဝဝ၈)၊ ပုလဲ ၊ ဆိုင်အမှတ် (၀၀၉)၊ လှိုင်သာယာ - ၁ နှင့် ဆိုင်အမှတ် (၀၁၂)၊ တညင်းကုန်း- ၁ တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆိုင်အမှတ် (၀၁၃)၊ အလုံ-၂ ၊ ဆိုင်အမှတ် (၀၁၅)၊ ဒဂုံအရှေ့- ၁ ၊ ဆိုင်အမှတ် (၀၁၆)၊ ကြည့်မြင်တိုင် ၊ ဆိုင်အမှတ် (၀၁၇)၊ တောင်ဥက္ကလာ - ၁ ၊ ဆိုင်အမှတ် (၀၁၈)၊ သန်လျင် - ၁ ၊ ဆိုင်အမှတ် (၀၁၉)၊ စော်ဘွားကြီးကုန်း ၊ ဆိုင်အမှတ် (၀၂၀)၊ မင်္ဂလာတောင်ညွန့် ၊ ဆိုင်အမှတ် (ဝ၂၄)၊ ပါရမီ ၊ ဆိုင်အမှတ် (၀၂၆)၊ လှိုင်သာယာ - ၂ ၊ ဆိုင်အမှတ် (၀၂၇)၊ ရွှေပြည်သာ - ၂ ၊ ဆိုင်အမှတ် (၀၂၈)၊ သုဝဏ္ဏ ၊ ဆိုင်အမှတ် (၀၃၈)၊ မောင်းမကန် နှင့် ဆိုင်အမှတ် (၀၂၄)၊ ထောက်ကြန့် တို့လည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါCNGအရောင်းဆိုင်(၂၃)ဆိုင်ကို နံနက် (၆)နာရီမှ ည (၇)နာရီအထိ ဖွင့်လှစ်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ထို့ပြင် ဆိုင်အမှတ် (၀၁၁)၊ မြောက်ဥက္ကလာ- ၁ ၊ ဆိုင်အမှတ် (ဝ၃၂)၊ ရွာမ ၊ဆိုင်အမှတ် (၀၁၄)၊ ရွှေပြည်သာ -၁ ၊ ဆိုင်အမှတ် (ဝ၃၃)၊ တညင်းကုန်း - ၂ ၊ ဆိုင်အမှတ် (ဝ၂၁)၊ ဒဂုံဆိပ်ကမ်း ၊ ဆိုင်အမှတ် (၀၃၄)၊ ကျိုက္ကဆံ ၊ ဆိုင်အမှတ် (ဝ၂၂)၊ သာကေတ - ၂ ၊ ဆိုင်အမှတ် (ဝ၃၅)၊ ဗိုလ်တထောင် နှင့် ဆိုင်အမှတ် (ဝ၂၃) ၊ ဒဂုံအရှေ့ - ၂တို့ကို ဧပြီလ ၁၈ရက်မှစ၍ ပြန်လည် ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဆိုင်အမှတ် (၀၃၆)၊ မြောက်ဥက္ကလာ - ၂ ၊ ဆိုင်အမှတ် (ဝ၂၅)၊ လှော်ကား ၊ ဆိုင်အမှတ် (၀၃၇)၊ တောင်ဥက္ကလာ - ၂ ၊ ဆိုင်အမှတ် (ဝ၂၉)၊ အလုံ - ၃ ၊ ဆိုင်အမှတ် (၀၃၉)၊ လှိုင်သာယာ - ၃၊ ဆိုင်အမှတ် (၀၃၀)၊ ရွှေညောင်ပင် ၊ ဆိုင်အမှတ် (၀၄၀)၊ မင်းဓမ္မ ၊ ဆိုင်အမှတ် (၀၃၁)၊ သန်လျင် - ၂နှင့် ဆိုင်အမှတ် (၀၄၁)၊ သမိုင်း - ၂တို့လည်း ဧပြီလ ၁၈ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ရောင်းချသွား မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
စော(NP News)-ဧပြီ ၁၀