ငလျင်ကြောင့် ယာယီရပ်နားထားသော ပျဉ်းမနား-တောင်တွင်းကြီး အစုန်၊ အဆန် လူစီးကုန်တင်ရထားခရီးစဉ် ပြန်လည်ပြေးဆွဲ

407
NP News ဧပြီ (၁၀)ရက်
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြောင့် လမ်းပိုင်းပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး ယာယီရပ်နားခဲ့သော ပျဉ်းမနား-တောင်တွင်းကြီး အစုန်၊အဆန် လူစီးကုန်တင်ရထားခရီးစဉ်ကို ဧပြီ ၁၀ ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးနေကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အဆိုပါ ငလျင်ကြောင့် ပျဉ်းမနား- တောင်တွင်းကြီးလမ်းပိုင်း၌ ပျဉ်းမနားဘူတာမှ ကံသာဘူတာကြား ရထားလမ်းပိုင်းအချို့ အပါအဝင် လမ်းပျက်စီးမှု ၁၁ နေရာနှင့် တံတား ၂ စင်းပျက်စီးခဲ့ရသဖြင့် ၎င်းရထားခရီးစဉ်ကို ယာယီရပ်နားထားခဲ့ရာ ယခုအခါ ပြန်လည်ပြုပြင်နိုင်ခဲ့ကြောင်းသိရသည်။
ပျဉ်းမနား-တောင်တွင်းကြီးရထားခရီးစဉ်ကို အမှတ် (၁၀၃)အဆန် နှင့် အမှတ် (၁၀၄) အစုန် လူစီးကုန်တင်ရထားဖြင့် ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲပေးနေပြီး နေ့စဉ် တောင်တွင်းကြီးမှ စထွက်ချိန် မနက် ၅ နာရီနှင့် ပျဉ်းမနားစထွက်ချိန် နေ့လယ် ၂ နာရီအချိန်သတ်မှတ်ထားကြောင်း၊ ငလျင်ကြောင့် ထိခိုက်မှုမရှိသော ရထားလမ်းအဆင့်မြှင့်တင်မှုဆောင်ရွက်နေသည့် မော်လမြိုင်-ရေး လူစီးကုန်ရထားတစ်စင်းကိုလည်း ယနေ့ ဧပြီ ၁၀ ရက်နေ့မှာ စတင်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ ယာယီရပ္နားထားေသာ ပ်ဥ္းမနား-ေတာင္တြင္းႀကီး အစုန္၊ အဆန္ လူစီးကုန္တင္ရထားခရီးစဥ္ ျပန္လည္ေျပးဆြဲ
NP News ဧၿပီ (၁၀)ရက္
မတ္လ ၂၈ ရက္ေန႔က လႈပ္ခတ္ခဲ့သည့္ အင္အားအလြန္ျပင္းထန္တဲ့ ငလ်င္ေၾကာင့္ လမ္းပိုင္းပ်က္စီးမႈျဖစ္ေပၚခဲ့ၿပီး ယာယီရပ္နားခဲ့ေသာ ပ်ဥ္းမနား-ေတာင္တြင္းႀကီး အစုန္၊အဆန္ လူစီးကုန္တင္ရထားခရီးစဥ္ကို ဧၿပီ ၁၀ ရက္ေန႔တြင္ ပုံမွန္အတိုင္း ျပန္လည္ေျပးဆြဲေပးေနေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။
အဆိုပါ ငလ်င္ေၾကာင့္ ပ်ဥ္းမနား- ေတာင္တြင္းႀကီးလမ္းပိုင္း၌ ပ်ဥ္းမနားဘူတာမွ ကံသာဘူတာၾကား ရထားလမ္းပိုင္းအခ်ိဳ႕ အပါအဝင္ လမ္းပ်က္စီးမႈ ၁၁ ေနရာႏွင့္ တံတား ၂ စင္းပ်က္စီးခဲ့ရသျဖင့္ ၎ရထားခရီးစဥ္ကို ယာယီရပ္နားထားခဲ့ရာ ယခုအခါ ျပန္လည္ျပဳျပင္ႏိုင္ခဲ့ေၾကာင္းသိရသည္။
ပ်ဥ္းမနား-ေတာင္တြင္းႀကီးရထားခရီးစဥ္ကို အမွတ္ (၁၀၃)အဆန္ ႏွင့္ အမွတ္ (၁၀၄) အစုန္ လူစီးကုန္တင္ရထားျဖင့္ ပုံမွန္အတိုင္းျပန္လည္ေျပးဆြဲေပးေနၿပီး ေန႔စဥ္ ေတာင္တြင္းႀကီးမွ စထြက္ခ်ိန္ မနက္ ၅ နာရီႏွင့္ ပ်ဥ္းမနားစထြက္ခ်ိန္ ေန႔လယ္ ၂ နာရီအခ်ိန္သတ္မွတ္ထားေၾကာင္း၊ ငလ်င္ေၾကာင့္ ထိခိုက္မႈမရွိေသာ ရထားလမ္းအဆင့္ျမႇင့္တင္မႈေဆာင္႐ြက္ေနသည့္ ေမာ္လၿမိဳင္-ေရး လူစီးကုန္ရထားတစ္စင္းကိုလည္း ယေန႔ ဧၿပီ ၁၀ ရက္ေန႔မွာ စတင္ေျပးဆြဲေပးေနၿပီျဖစ္ေၾကာင္း သိရသည္။