ငလျင်ကြောင့် အင်းဝရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အတွင်း ရှေးဟောင်းအဆောက်အအုံ (၇၅)ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီး

 989

ပုံစာ။ ။ မူလစေတီတော်ကို ငုံ၍ထပ်မံတည်ထားသောစေတီ ပြိုကျအပြီးတွေ့ရစဉ်

စော(NP News)- ဧပြီ ၁၀

ပြီးခဲ့သည့် မတ်လ ၂၈ရက်က ပြင်းအား (၇ဒဿမ၇)အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် အင်းဝရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အတွင်း ရှေးဟောင်းအဆောက်အအုံ (၇၅)ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါငလျင်ကြောင့် မန္တလေးနှင့် အင်းဝဒေသတို့ရှိ ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး ယခင်က အင်းဝရှေးဟောင်းသုတေသနဇုန်အတွင်း ဘုရား၊ စေတီ၊ အုတ်ကျောင်းများစွာရှိသည်ကို စာရင်းကောက်ယူခဲ့သော်လည်း မျက်မြင်အနေအထားအရ နှစ်ထပ်စေတီမရှိခဲ့ကြောင်း သိရသည်။

သို့သော် မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အင်းဝရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဇုန်အတွင်း သမိုင်းဝင် အမွေအနှစ်အဆောက်အအုံ (၇၅)ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

အဆိုပါ ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုစာရင်းကို စနစ်တကျ ကောက်ယူရာတွင် ပြိုပျက်နေသော စေတီများအတွင်းမှ မူလစေတီငယ်ကို ငုံပြီးတည်ထားသည့် နှစ်ထပ်စေတီများကို သောတပန် ဘုရားအနီး အမှတ် ၉၃ စေတီတွင် (၁) ဆူ၊ အမှတ် ၂၁ ကြေးနီမုဌောတွင် (၁) ဆူ၊ ဒေါ်ဂျမ်းဘုရားစုအတွင်း အမှတ် ၃၁၆ နှင့် ၃၁၈ တွင် (၂) ဆူတို့ကို စိစစ်တွေ့ရှိရကြောင်း သိရသည်။

ထို့ပြင် မြသိန်းတန်ဘုရားအနီး ကိုစံငွေ ယာခင်းအနီးတွင် (၁) ဆူ၊ မင်္ဂလာရပ် ကျောဘက်ဦးထွန်းနိုင်ယာခင်းအနီးတွင် (၂) ဆူ၊ ရှင်ပင်ခရေသီး တွင် (၁) ဆူ၊ အနောက်ရိပ်သာဝင်းတွင် (၁)ဆူ၊ ပုလိပ်ဘုရားစုတွင် (၁)ဆူ၊ ကျောက်ဆည်မြို့၊ အင်ရောင်းဘုရားစုတွင် (၁)ဆူ၊ မန္တလေးမြို့၊ ကျောက်ဆည်မြို့နယ်၊ တောတွင်ရွာ တွင် (၁)ဆူ၊ မန္တလေးမြို့၊ ဘုရားနီဘုရားတွင် (၁)ဆူ စုစုပေါင်း (၁၃)ဆူ ကိုစိစစ်တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

အလားတူ သုံးထပ်လိုဏ်ဂူဘုရားများကို ပင်းယတွင် (၁)ဆူ၊ မြစ်ငယ်တွင် (၃)ဆူ၊ စာတိုး မြို့ပြင်ကြီးတွင် ၁ ဆူ စုစုပေါင်း ၃ ဆူကိုလည်း စိစစ်တွေ့ရှိရကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ဆိုထားသည်။

ပဏာမ ကွင်းဆင်းစစ်ဆေးချက်အရ မန္တလေးမြို့၊ ၈၁ လမ်းပေါ် ၂၁ x ၂၂ အကြားရှိ ဘုရားနီ ဘုရားသည် ငလျင်ဒဏ်ကြောင့် အပေါ်ယံအုတ်များကွာကျ၍ အတွင်းတွင် အင်းဝခေတ်နှောင်းပိုင်း ကတည်းက တည်ထားခဲ့သည်ဟု ယူဆရသော စေတီရှိပြီး ၎င်းစေတီအား အမရပူရခေတ်တွင် တစ်ကြိမ် ထပ်မံငုံ၍ တည်ထားသည်ကို တွေ့ရှိရကြောင်း သိရသည်။

ထို့ပြင် အင်းဝဒေသတွင်လည်း ပထမအင်းဝခေတ်၌ တည်ထားခဲ့သော ဘုရား (၉)ဆူအနက် အချို့ ဘုရားများသည် ညောင်ရမ်းခေတ်တွင် ဒုတိယအကြိမ် ငုံ၍ ထပ်မံမွမ်းမံပြင်ဆင်ထားသည်ကိုတွေ့ရှိရပြီး အချို့သည် ပထမအင်းဝခေတ်နှောင်းပိုင်းတွင်ပင် ထပ်မံငုံ၍ မွမ်းမံပြင်ဆင်ထားသည်ကို ကနဦးစစ်ဆေးတွေ့ရှိကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ အင္းဝေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္ဇုန္အတြင္း ေရွးေဟာင္းအေဆာက္အအုံ (၇၅)ရာခိုင္ႏႈန္းခန႔္ ထိခိုက္ပ်က္စီး

ေစာ(NP News)- ဧၿပီ ၁၀

ၿပီးခဲ့သည့္ မတ္လ ၂၈ရက္က ျပင္းအား (၇ဒႆမ၇)အဆင့္ရွိ ငလ်င္လႈပ္ခတ္ခဲ့ျခင္းေၾကာင့္ အင္းဝေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္ဇုန္အတြင္း ေရွးေဟာင္းအေဆာက္အအုံ (၇၅)ရာခိုင္ႏႈန္းခန႔္ ထိခိုက္ပ်က္စီးခဲ့ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနက ထုတ္ျပန္ထားသည္။

အဆိုပါငလ်င္ေၾကာင့္ မႏၲေလးႏွင့္ အင္းဝေဒသတို႔ရွိ ေရွးေဟာင္းအေဆာက္အအုံမ်ား ထိခိုက္ပ်က္စီးခဲ့ၿပီး ယခင္က အင္းဝေရွးေဟာင္းသုေတသနဇုန္အတြင္း ဘုရား၊ ေစတီ၊ အုတ္ေက်ာင္းမ်ားစြာရွိသည္ကို စာရင္းေကာက္ယူခဲ့ေသာ္လည္း မ်က္ျမင္အေနအထားအရ ႏွစ္ထပ္ေစတီမရွိခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ မတ္လ ၂၈ရက္က လႈပ္ခတ္ခဲ့ေသာ ငလ်င္ေၾကာင့္ အင္းဝေရွးေဟာင္း ယဥ္ေက်းမႈအေမြအႏွစ္ဇုန္အတြင္း သမိုင္းဝင္ အေမြအႏွစ္အေဆာက္အအုံ (၇၅)ရာခိုင္ႏႈန္းခန႔္ ထိခိုက္ပ်က္စီးခဲ့ရေၾကာင္း သိရသည္။

အဆိုပါ ငလ်င္ေၾကာင့္ထိခိုက္ပ်က္စီးမႈစာရင္းကို စနစ္တက် ေကာက္ယူရာတြင္ ၿပိဳပ်က္ေနေသာ ေစတီမ်ားအတြင္းမွ မူလေစတီငယ္ကို ငုံၿပီးတည္ထားသည့္ ႏွစ္ထပ္ေစတီမ်ားကို ေသာတပန္ ဘုရားအနီး အမွတ္ ၉၃ ေစတီတြင္ (၁) ဆူ၊ အမွတ္ ၂၁ ေၾကးနီမုေဌာတြင္ (၁) ဆူ၊ ေဒၚဂ်မ္းဘုရားစုအတြင္း အမွတ္ ၃၁၆ ႏွင့္ ၃၁၈ တြင္ (၂) ဆူတို႔ကို စိစစ္ေတြ႕ရွိရေၾကာင္း သိရသည္။

ထို႔ျပင္ ျမသိန္းတန္ဘုရားအနီး ကိုစံေငြ ယာခင္းအနီးတြင္ (၁) ဆူ၊ မဂၤလာရပ္ ေက်ာဘက္ဦးထြန္းႏိုင္ယာခင္းအနီးတြင္ (၂) ဆူ၊ ရွင္ပင္ခေရသီး တြင္ (၁) ဆူ၊ အေနာက္ရိပ္သာဝင္းတြင္ (၁)ဆူ၊ ပုလိပ္ဘုရားစုတြင္ (၁)ဆူ၊ ေက်ာက္ဆည္ၿမိဳ႕၊ အင္ေရာင္းဘုရားစုတြင္ (၁)ဆူ၊ မႏၲေလးၿမိဳ႕၊ ေက်ာက္ဆည္ၿမိဳ႕နယ္၊ ေတာတြင္႐ြာ တြင္ (၁)ဆူ၊ မႏၲေလးၿမိဳ႕၊ ဘုရားနီဘုရားတြင္ (၁)ဆူ စုစုေပါင္း (၁၃)ဆူ ကိုစိစစ္ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ထားသည္။

အလားတူ သုံးထပ္လိုဏ္ဂူဘုရားမ်ားကို ပင္းယတြင္ (၁)ဆူ၊ ျမစ္ငယ္တြင္ (၃)ဆူ၊ စာတိုး ၿမိဳ႕ျပင္ႀကီးတြင္ ၁ ဆူ စုစုေပါင္း ၃ ဆူကိုလည္း စိစစ္ေတြ႕ရွိရေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနက ဆိုထားသည္။

ပဏာမ ကြင္းဆင္းစစ္ေဆးခ်က္အရ မႏၲေလးၿမိဳ႕၊ ၈၁ လမ္းေပၚ ၂၁ x ၂၂ အၾကားရွိ ဘုရားနီ ဘုရားသည္ ငလ်င္ဒဏ္ေၾကာင့္ အေပၚယံအုတ္မ်ားကြာက်၍ အတြင္းတြင္ အင္းဝေခတ္ေႏွာင္းပိုင္း ကတည္းက တည္ထားခဲ့သည္ဟု ယူဆရေသာ ေစတီရွိၿပီး ၎ေစတီအား အမရပူရေခတ္တြင္ တစ္ႀကိမ္ ထပ္မံငုံ၍ တည္ထားသည္ကို ေတြ႕ရွိရေၾကာင္း သိရသည္။

ထို႔ျပင္ အင္းဝေဒသတြင္လည္း ပထမအင္းဝေခတ္၌ တည္ထားခဲ့ေသာ ဘုရား (၉)ဆူအနက္ အခ်ိဳ႕ ဘုရားမ်ားသည္ ေညာင္ရမ္းေခတ္တြင္ ဒုတိယအႀကိမ္ ငုံ၍ ထပ္မံမြမ္းမံျပင္ဆင္ထားသည္ကိုေတြ႕ရွိရၿပီး အခ်ိဳ႕သည္ ပထမအင္းဝေခတ္ေႏွာင္းပိုင္းတြင္ပင္ ထပ္မံငုံ၍ မြမ္းမံျပင္ဆင္ထားသည္ကို ကနဦးစစ္ေဆးေတြ႕ရွိေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနက အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.