အမေရိကန်နဲ့ဆွေးနွေးပွဲအသစ်ကို ရုရှားအစိုးရအတည်ပြု

 384

Pika
ရုရှား-အမေရိကန် သံတမန်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေဖို့ ရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေကို လာမယ့်ရက်ပိုင်းအတွင်း တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ကျင်းပသွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ သမ္မတအဖြစ် စတင်တာဝန်ယူခဲ့ပြီးနောက်ပိုင်းတည်းက ရုရှားနဲ့အမေရိကန်ကြား အဆင့်မြင့်ဆွေးနွေးပွဲတွေကို အကြိမ်ပေါင်းများစွာ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ဒါ့ပြင် လာမယ့်ရက်ပိုင်းအတွင်းကျင်းပမယ့် ဆွေးနွေးပွဲဟာ နှစ်နိုင်ငံကြား သံတမန်မစ်ရှင်တွေရဲ့ လည်ပတ်မှုကို ပုံမှန်ပြန်ဖြစ်စေဖို့ အာရုံစိုက်သွားမှာဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ဆွေးနွေးပွဲကျင်းပမယ့်နေရာ၊ပုံစံနဲ့ ပါဝင်မယ့်သူတွေဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ(၂၇)ရက်နေ့က အစ္စတန်ဘူလ်မြို့မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲနဲ့ အတူတူပဲလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက”နှစ်နိုင်ငံစလုံးဟာ သံတမန်မစ်ရှင်တွေလုပ်ဆောင်မှုမှာ ရှုပ်ထွေးစေတဲ့ နည်းပညာဆိုင်ရာ အတားအဆီးတွေအားလုံးကို ဖယ်ရှားဖို့ လုပ်ဆောင်သွားမှာပါ။”လို့ပြောဆိုခဲ့ပါတယ်။ရုရှားကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအသစ် Aleksandr Darchievက ဦးဆောင်သွားမှာဖြစ်ပြီး အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဥရောပနဲ့အာရှရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sonata Coulterက ဦးဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် ဆွေးနွေးပွဲအတွင်း ရုရှားနဲ့အမေရိကန် နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တွေ ပါဝင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေမရိကန္နဲ႔ေဆြးေႏြးပြဲအသစ္ကို ႐ုရွားအစိုးရအတည္ျပဳ
Pika
႐ုရွား-အေမရိကန္ သံတမန္ဆက္ဆံေရး တိုးတက္ေကာင္းမြန္လာေစဖို႔ ရည္႐ြယ္တဲ့ ေဆြးေႏြးပြဲေတြကို လာမယ့္ရက္ပိုင္းအတြင္း တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕မွာ က်င္းပသြားမယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက အတည္ျပဳေျပာၾကားခဲ့ပါတယ္။အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလမွာ သမၼတအျဖစ္ စတင္တာဝန္ယူခဲ့ၿပီးေနာက္ပိုင္းတည္းက ႐ုရွားနဲ႔အေမရိကန္ၾကား အဆင့္ျမင့္ေဆြးေႏြးပြဲေတြကို အႀကိမ္ေပါင္းမ်ားစြာ က်င္းပခဲ့တာလည္းျဖစ္ပါတယ္။ဒါ့ျပင္ လာမယ့္ရက္ပိုင္းအတြင္းက်င္းပမယ့္ ေဆြးေႏြးပြဲဟာ ႏွစ္ႏိုင္ငံၾကား သံတမန္မစ္ရွင္ေတြရဲ႕ လည္ပတ္မႈကို ပုံမွန္ျပန္ျဖစ္ေစဖို႔ အာ႐ုံစိုက္သြားမွာျဖစ္တယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ေဆြးေႏြးပြဲက်င္းပမယ့္ေနရာ၊ပုံစံနဲ႔ ပါဝင္မယ့္သူေတြဟာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလ(၂၇)ရက္ေန႔က အစၥတန္ဘူလ္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ ေဆြးေႏြးပြဲနဲ႔ အတူတူပဲလို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနကေျပာၾကားခဲ့ပါတယ္။႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက”ႏွစ္ႏိုင္ငံစလုံးဟာ သံတမန္မစ္ရွင္ေတြလုပ္ေဆာင္မႈမွာ ရႈပ္ေထြးေစတဲ့ နည္းပညာဆိုင္ရာ အတားအဆီးေတြအားလုံးကို ဖယ္ရွားဖို႔ လုပ္ေဆာင္သြားမွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။႐ုရွားကိုယ္စားလွယ္အဖြဲ႕ကို အေမရိကန္ႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီးအသစ္ Aleksandr Darchievက ဦးေဆာင္သြားမွာျဖစ္ၿပီး အေမရိကန္ကိုယ္စားလွယ္အဖြဲ႕ကို ဥေရာပနဲ႔အာရွေရးရာ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Sonata Coulterက ဦးေဆာင္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ ေဆြးေႏြးပြဲအတြင္း ႐ုရွားနဲ႔အေမရိကန္ ႏွစ္ႏိုင္ငံစလုံးရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ကိုယ္စားလွယ္ေတြ ပါဝင္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.