အစ္စရေးက ဆုတ်ခွါမယ်ဆိုရင် စစ်လက်နက်ပစ္စည်းဖျက်သိမ်းရေးကို ဆွေးနွေးသွားဖို့ အဆင်သင့်ရှိတယ်လို့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ပြော

347

Pika
အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းကနေ ဆုတ်ခွာပြီး တိုက်ခိုက်မှုတွေကို ရပ်တန့်မယ်ဆိုရင် ၎င်းတို့ရဲ့စစ်လက်နက်ပစ္စည်းတွေနဲ့ပတ်သက်ပြီး လက်ဘနွန်အစိုးရနဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ်လို့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကပြောကြားခဲ့ပါတယ်။ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို စစ်လက်နက်ပစ္စည်းဖျက်သိမ်းမှုတွေလုပ်ဆောင်ဖို့ လက်ဘနွန်အစိုးရက တောင်းဆိုမှုတွေရှိနေချိန်မှာပဲ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ လက်ဘနွန်သမ္မတ Joseph Aounဟာ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ လက်ဘနွန်နိုင်ငံရေးသတင်းရင်းမြစ်သုံးခုက ပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်မှာ အစ္စရေးနဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကြား အပြန်အလှန်တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက စစ်လက်နက်ပစ္စည်းဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေက ပိုမိုပြင်းထန်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနဲ့ဖြစ်ပွားခဲ့တဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေအတွင်း ၎င်းရဲ့ထိပ်တန်းခေါင်းဆောင်တွေနဲ့ တပ်ဖွဲ့ဝင်ထောင်ချီသတ်ဖြတ်ခံခဲ့ရပြီး စစ်လက်နက်ပစ္စည်း သိုလှောင်ရာနေရာအများအပြား ဖျက်ဆီးခံခဲ့ရပြီးနောက်ပိုင်းတည်းက အားနည်းလာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ အကြီးတန်းအရာရှိတစ်ဦးက” အစ္စရေးက လက်ဘနွန်နိုင်ငံတောင်ပိုင်းကနေ ဆုတ်ခွါပြီး တိုက်ခိုက်မှုတွေကို ရပ်တန့်မယ်ဆိုရင် စစ်လက်နက်ပစ္စည်း ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ဘက်က အဆင်သင့်ရှိပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
အစၥေရးက ဆုတ္ခြါမယ္ဆိုရင္ စစ္လက္နက္ပစၥည္းဖ်က္သိမ္းေရးကို ေဆြးေႏြးသြားဖို႔ အဆင္သင့္ရွိတယ္လို႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ေျပာ
Pika
အစၥေရးတပ္ဖြဲ႕ေတြဟာ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းကေန ဆုတ္ခြာၿပီး တိုက္ခိုက္မႈေတြကို ရပ္တန႔္မယ္ဆိုရင္ ၎တို႔ရဲ႕စစ္လက္နက္ပစၥည္းေတြနဲ႔ပတ္သက္ၿပီး လက္ဘႏြန္အစိုးရနဲ႔ ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ အဆင္သင့္ရွိတယ္လို႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ကေျပာၾကားခဲ့ပါတယ္။ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ကို စစ္လက္နက္ပစၥည္းဖ်က္သိမ္းမႈေတြလုပ္ေဆာင္ဖို႔ လက္ဘႏြန္အစိုးရက ေတာင္းဆိုမႈေတြရွိေနခ်ိန္မွာပဲ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ လက္ဘႏြန္သမၼတ Joseph Aounဟာ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ စစ္လက္နက္ပစၥည္းေတြနဲ႔ပတ္သက္ၿပီး ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ ရည္႐ြယ္ထားတယ္လို႔ လက္ဘႏြန္ႏိုင္ငံေရးသတင္းရင္းျမစ္သုံးခုက ေျပာၾကားခဲ့ပါတယ္။ၿပီးခဲ့တဲ့ႏွစ္မွာ အစၥေရးနဲ႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ၾကား အျပန္အလွန္တိုက္ခိုက္မႈေတြ စတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းတည္းက စစ္လက္နက္ပစၥည္းဖ်က္သိမ္းေရးနဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈေတြက ပိုမိုျပင္းထန္လာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ဟာ အစၥေရးနဲ႔ျဖစ္ပြားခဲ့တဲ့ အျပန္အလွန္တိုက္ခိုက္မႈေတြအတြင္း ၎ရဲ႕ထိပ္တန္းေခါင္းေဆာင္ေတြနဲ႔ တပ္ဖြဲ႕ဝင္ေထာင္ခ်ီသတ္ျဖတ္ခံခဲ့ရၿပီး စစ္လက္နက္ပစၥည္း သိုေလွာင္ရာေနရာအမ်ားအျပား ဖ်က္ဆီးခံခဲ့ရၿပီးေနာက္ပိုင္းတည္းက အားနည္းလာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ အႀကီးတန္းအရာရွိတစ္ဦးက” အစၥေရးက လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းကေန ဆုတ္ခြါၿပီး တိုက္ခိုက္မႈေတြကို ရပ္တန႔္မယ္ဆိုရင္ စစ္လက္နက္ပစၥည္း ဖ်က္သိမ္းေရးနဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ဘက္က အဆင္သင့္ရွိပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။