ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ ပစ်မှတ်ပေါင်း(၁၀၀)ကျော်ကို တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်စစ်ဘက်ပြော

 274

Pika
အမေရိကန်စစ်တပ်ဟာ ပြီးခဲ့တဲ့လမှာ ၎င်းရဲ့ဗုံးကြဲတိုက်ခိုက်မှု စစ်ဆင်ရေးတွေကို စတင်ခဲ့ပြီးနောက်ပိုင်းတည်းက ယီမင်မှာရှိတဲ့ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ ပစ်မှတ်ပေါင်း(၁၀၀)ကျော်ကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေး အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ အမေရိကန်ကာကွယ်ရေး အရာရှိတစ်ဦးက”ကျွန်တော်တို့ဟာ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ ကွပ်ကဲမှုနဲ့ထိန်းချုပ်ရေး အဆောက်အဦးတွေ၊စစ်လက်နက်ပစ္စည်း ထုတ်လုပ်တဲ့ အဆောက်အဦးတွေနဲ့ အဆင့်မြင့်စစ်လက်နက်ပစ္စည်းသိုလှောင်ရာ နေရာအများအပြားကို ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ပြီးတော့ စစ်ဆင်ရေးအတွင်း ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်အများအပြားကိုလည်း သတ်ပစ်နိုင်ခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါပေမယ့်လည်း စစ်ဆင်ရေးအတွင်း သတ်ပစ်နိုင်ခဲ့တဲ့ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်တွေက ဘယ်သူဖြစ်တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ၎င်းကထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။ဒါ့ပြင် စစ်ဆင်ရေးအတွင်း အသုံးပြုခဲ့တဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေထဲမှာ အလေးချိန်ပေါင်(၃၀၀၀၀)ရှိတဲ့ ဗုံးတွေကို သယ်ယူနိုင်စွမ်းရှိတဲ့ B-2ဗုံးကြဲလေယာဉ်တွေ ပါဝင်တယ်လို့လည်း သိရပါတယ်။အမေရိကန်စစ်တပ်ရဲ့ ဗုံးကြဲလေယာဉ်တွေဟာ မြေအောက်မှာရှိတဲ့ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့အဆောက်အဦးတွေနဲ့ စစ်လက်နက်ပစ္စည်းသိုလှောင်ရာနေရာတွေကို တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း အမေရိကန်ကာကွယ်ရေးအရာရှိကပြောကြားခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေကို ပံ့ပိုးကူညီဖို့အတွက် လေယာဉ်အများအပြားကို အိန္ဒိယသမုဒ္ဒရာအတွင်း စခန်းချတပ်စွဲထားတယ်လို့လည်း အမေရိကန်ကာကွယ်ရေးအရာရှိကပြောကြားခဲ့ပါတယ်။

Zawgyi Version:
ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ ပစ္မွတ္ေပါင္း(၁၀၀)ေက်ာ္ကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္စစ္ဘက္ေျပာ
Pika
အေမရိကန္စစ္တပ္ဟာ ၿပီးခဲ့တဲ့လမွာ ၎ရဲ႕ဗုံးႀကဲတိုက္ခိုက္မႈ စစ္ဆင္ေရးေတြကို စတင္ခဲ့ၿပီးေနာက္ပိုင္းတည္းက ယီမင္မွာရွိတဲ့ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ ပစ္မွတ္ေပါင္း(၁၀၀)ေက်ာ္ကို တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္ကာကြယ္ေရး အရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ အေမရိကန္ကာကြယ္ေရး အရာရွိတစ္ဦးက”ကြၽန္ေတာ္တို႔ဟာ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ ကြပ္ကဲမႈနဲ႔ထိန္းခ်ဳပ္ေရး အေဆာက္အဦးေတြ၊စစ္လက္နက္ပစၥည္း ထုတ္လုပ္တဲ့ အေဆာက္အဦးေတြနဲ႔ အဆင့္ျမင့္စစ္လက္နက္ပစၥည္းသိုေလွာင္ရာ ေနရာအမ်ားအျပားကို ဖ်က္ဆီးပစ္ႏိုင္ခဲ့ပါတယ္။ၿပီးေတာ့ စစ္ဆင္ေရးအတြင္း ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ ေခါင္းေဆာင္အမ်ားအျပားကိုလည္း သတ္ပစ္ႏိုင္ခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါေပမယ့္လည္း စစ္ဆင္ေရးအတြင္း သတ္ပစ္ႏိုင္ခဲ့တဲ့ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ ေခါင္းေဆာင္ေတြက ဘယ္သူျဖစ္တယ္ဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ၎ကထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔ သိရပါတယ္။ဒါ့ျပင္ စစ္ဆင္ေရးအတြင္း အသုံးျပဳခဲ့တဲ့ စစ္ဘက္ဆိုင္ရာပစၥည္းေတြထဲမွာ အေလးခ်ိန္ေပါင္(၃၀၀၀၀)ရွိတဲ့ ဗုံးေတြကို သယ္ယူႏိုင္စြမ္းရွိတဲ့ B-2ဗုံးႀကဲေလယာဥ္ေတြ ပါဝင္တယ္လို႔လည္း သိရပါတယ္။အေမရိကန္စစ္တပ္ရဲ႕ ဗုံးႀကဲေလယာဥ္ေတြဟာ ေျမေအာက္မွာရွိတဲ့ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕အေဆာက္အဦးေတြနဲ႔ စစ္လက္နက္ပစၥည္းသိုေလွာင္ရာေနရာေတြကို တိုက္ခိုက္မႈေတြ လုပ္ေဆာင္ေနတယ္လို႔လည္း အေမရိကန္ကာကြယ္ေရးအရာရွိကေျပာၾကားခဲ့ပါတယ္။အဲ့ဒီတိုက္ခိုက္မႈေတြကို ပံ့ပိုးကူညီဖို႔အတြက္ ေလယာဥ္အမ်ားအျပားကို အိႏၵိယသမုဒၵရာအတြင္း စခန္းခ်တပ္စြဲထားတယ္လို႔လည္း အေမရိကန္ကာကြယ္ေရးအရာရွိကေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.