မန္တလေးတွင်ယာယီဆေးရုံနှစ်ခု ဧရာဝတီဖေါင်ဒေးရှင်းတည်ဆောက်‌ပေး

 1120

NP News ဧပြီ (၁၀)ရက်

မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံတို့အတွက် ကုတင် (၂၀၀)ဆံ့ ယာယီဆေးရုံအား ဧရာဝတီဖောင်ဒေးရှင်းမှ တည်ဆောက်ဖွင့်လှစ်ပေးခဲကြောင်းသိရသည်။

ဧရာဝတီဖောင်ဒေးရှင်းသည် ငလျင်ဒဏ်သင့် မန္တလေးမြို့ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံတို့အတွက် ကုတင်(၂၀၀)ဆံ့ ယာယီဆေးရုံများကို ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ လက်တွဲ၍ အလျင်အမြန် တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ကြောင်းသတင်းထုတ်ပြန်သည်။

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ ဆေးရုံကြီးအတွက် HDU (၁၂)ကုတင်ပါ ကုတင်(၅၀)ဆံ့ ယာယီဆေးရုံကို ဧပြီလ (၆)ရက်နေ့တွင် လည်းကောင်း၊ မန္တလေး ကန်တော်နဒီပြည်သူ့ဆေးရုံအတွက် HDU (၆)ကုတင်ပါ ကုတင် (၁၅၀)ဆံ့ ယာယီဆေးရုံကို ဧပြီလ (၈)ရက်နေ့တွင် လည်းကောင်း အသီးသီး ဖွင့်လှစ်ခဲ့ပြီးဖြစ်ကာ မန္တလေး အရိုးအထူးကုဆေးရုံကြီးနှင့် စစ်ကိုင်းမြို့နယ် ပြည်သူ့ဆေးရုံအတွက် ကုတင်(၁၀၀) ယာယီဆေးရုံ တစ်ခုစီကိုလည်း အမြန်ဆုံး ထပ်မံ ဖွင့်လှစ်နိုင်ရန် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Zawgyi Version:
မႏၲေလးတြင္ယာယီေဆး႐ုံႏွစ္ခု ဧရာဝတီေဖါင္ေဒးရွင္းတည္ေဆာက္‌ေပး
NP News ဧၿပီ (၁၀)ရက္

မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးႏွင့္ ကန္ေတာ္နဒီေဆး႐ုံတို႔အတြက္ ကုတင္ (၂၀၀)ဆံ့ ယာယီေဆး႐ုံအား ဧရာဝတီေဖာင္ေဒးရွင္းမွ တည္ေဆာက္ဖြင့္လွစ္ေပးခဲေၾကာင္းသိရသည္။

ဧရာဝတီေဖာင္ေဒးရွင္းသည္ ငလ်င္ဒဏ္သင့္ မႏၲေလးၿမိဳ႕ရွိ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးႏွင့္ ကန္ေတာ္နဒီေဆး႐ုံတို႔အတြက္ ကုတင္(၂၀၀)ဆံ့ ယာယီေဆး႐ုံမ်ားကို က်န္းမာေရးဝန္ႀကီးဌာနႏွင့္အတူ လက္တြဲ၍ အလ်င္အျမန္ တည္ေဆာက္ဖြင့္လွစ္ႏိုင္ခဲ့ေၾကာင္းသတင္းထုတ္ျပန္သည္။

ငလ်င္ဒဏ္သင့္ မႏၲေလးျပည္သူ႔ ေဆး႐ုံႀကီးအတြက္ HDU (၁၂)ကုတင္ပါ ကုတင္(၅၀)ဆံ့ ယာယီေဆး႐ုံကို ဧၿပီလ (၆)ရက္ေန႔တြင္ လည္းေကာင္း၊ မႏၲေလး ကန္ေတာ္နဒီျပည္သူ႔ေဆး႐ုံအတြက္ HDU (၆)ကုတင္ပါ ကုတင္ (၁၅၀)ဆံ့ ယာယီေဆး႐ုံကို ဧၿပီလ (၈)ရက္ေန႔တြင္ လည္းေကာင္း အသီးသီး ဖြင့္လွစ္ခဲ့ၿပီးျဖစ္ကာ မႏၲေလး အ႐ိုးအထူးကုေဆး႐ုံႀကီးႏွင့္ စစ္ကိုင္းၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံအတြက္ ကုတင္(၁၀၀) ယာယီေဆး႐ုံ တစ္ခုစီကိုလည္း အျမန္ဆုံး ထပ္မံ ဖြင့္လွစ္ႏိုင္ရန္ ဆက္လက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.