အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုတွေက အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ရုရှားအစိုးရပြော

 952

Pika
အီရန်အပေါ် အဆက်မပြတ်ခြိမ်းခြောက်မှုတွေကို တစ်ကမ္ဘာလုံးက ငြီးငွေ့လာနေပြီဖြစ်ပြီး အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုတွေဟာ ငြိမ်းချမ်းရေးကို ယူဆောင်လာနိုင်မှာ မဟုတ်ဘူးလို့ ရုရှားအစိုးရက ပြောကြားခဲ့ပါတယ်။ဒါ့ပြင် အီရန်ဘက်ကလည်း ကြိုတင်ကာကွယ်မှုတွေကို လုပ်ဆောင်နှင့်ပြီးနေပြီလို့ ရုရှားအစိုးရက သတိပေးပြောဆိုခဲ့ပါတယ်။အီရန်ဟာ ၎င်းရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ နီးကပ်လာပြီဖြစ်ပေမယ့်လည်း တိုးတက်မှုတွေနဲ့ပတ်သက်ပြီး ယုံကြည်မှုနည်းပါးနေကာ အမေရိကန်ရဲ့ ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီး သံသယဝင်မှုတွေရှိနေတယ်လို့ အီရန်အရာရှိတွေက ပြောကြားခဲ့ပါတယ်။အီရန်နဲ့ အမေရိကန်ကြား တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။အီရန်ဟာ ၎င်းရဲ့နျူကလီးယားအစီအစဉ်တွေနဲ့ပတ်သက်ပြီး သဘောတူညီချက်တစ်ခုကို မပြုလုပ်ဘူးဆိုရင် အီရန်အပေါ် စစ်ရေးအရ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က အကြိမ်ကြိမ်ခြိမ်းခြောက်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ဒါ့ပြင် ရုရှားဟာ အခြေအနေတွေအားလုံးကို သတိပြုမိပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေထက် ဆက်သွယ်မှုတွေကို အာရုံစိုက်လုပ်ဆောင်သင့်တယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က အကြံပြုပြောဆိုခဲ့ပါတယ်။ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက”အီရန်အပေါ် အဆက်မပြတ်ခြိမ်းခြောက်မှုတွေကို ကမ္ဘာကြီးက ငြီးငွေ့လာနေပါပြီ။ဗုံးကြဲတိုက်ခိုက်မှုတွေက ငြိမ်းချမ်းရေးကို ယူဆောင်လာနိုင်မှာ မဟုတ်ဘူးဆိုတဲ့ နားလည်မှုတွေလည်း တိုးလာနေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
အီရန္ကို ဗုံးႀကဲတိုက္ခိုက္မႈေတြက အလုပ္ျဖစ္မွာမဟုတ္ဘူးလို႔ ႐ုရွားအစိုးရေျပာ
Pika
အီရန္အေပၚ အဆက္မျပတ္ၿခိမ္းေျခာက္မႈေတြကို တစ္ကမာၻလုံးက ၿငီးေငြ႕လာေနၿပီျဖစ္ၿပီး အီရန္ကို ဗုံးႀကဲတိုက္ခိုက္မႈေတြဟာ ၿငိမ္းခ်မ္းေရးကို ယူေဆာင္လာႏိုင္မွာ မဟုတ္ဘူးလို႔ ႐ုရွားအစိုးရက ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ အီရန္ဘက္ကလည္း ႀကိဳတင္ကာကြယ္မႈေတြကို လုပ္ေဆာင္ႏွင့္ၿပီးေနၿပီလို႔ ႐ုရွားအစိုးရက သတိေပးေျပာဆိုခဲ့ပါတယ္။အီရန္ဟာ ၎ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ နီးကပ္လာၿပီျဖစ္ေပမယ့္လည္း တိုးတက္မႈေတြနဲ႔ပတ္သက္ၿပီး ယုံၾကည္မႈနည္းပါးေနကာ အေမရိကန္ရဲ႕ ရည္႐ြယ္ခ်က္ေတြနဲ႔ပတ္သက္ၿပီး သံသယဝင္မႈေတြရွိေနတယ္လို႔ အီရန္အရာရွိေတြက ေျပာၾကားခဲ့ပါတယ္။အီရန္နဲ႔ အေမရိကန္ၾကား တိုက္႐ိုက္ေဆြးေႏြးမႈေတြ လုပ္ေဆာင္သြားဖို႔ စီစဥ္ထားတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေၾကညာခဲ့တာလည္းျဖစ္ပါတယ္။အီရန္ဟာ ၎ရဲ႕န်ဴကလီးယားအစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး သေဘာတူညီခ်က္တစ္ခုကို မျပဳလုပ္ဘူးဆိုရင္ အီရန္အေပၚ စစ္ေရးအရ အေရးယူမႈေတြ လုပ္ေဆာင္သြားမယ္လို႔ ေဒၚနယ္ထရမ့္က အႀကိမ္ႀကိမ္ၿခိမ္းေျခာက္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ဒါ့ျပင္ ႐ုရွားဟာ အေျခအေနေတြအားလုံးကို သတိျပဳမိၿပီး ထိပ္တိုက္ရင္ဆိုင္မႈေတြထက္ ဆက္သြယ္မႈေတြကို အာ႐ုံစိုက္လုပ္ေဆာင္သင့္တယ္လို႔ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က အႀကံျပဳေျပာဆိုခဲ့ပါတယ္။႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာက”အီရန္အေပၚ အဆက္မျပတ္ၿခိမ္းေျခာက္မႈေတြကို ကမာၻႀကီးက ၿငီးေငြ႕လာေနပါၿပီ။ဗုံးႀကဲတိုက္ခိုက္မႈေတြက ၿငိမ္းခ်မ္းေရးကို ယူေဆာင္လာႏိုင္မွာ မဟုတ္ဘူးဆိုတဲ့ နားလည္မႈေတြလည္း တိုးလာေနပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.