ရန်ကုန်မြို့၌ သင်္ကြန်ကာလအတွင်း YBSယာဉ်အစီးရေ (၁၂၀၀)ဝန်းကျင် ပြေးဆွဲသွားမည်

 7742

စော(NP News)- ဧပြီ ၁၀

ရန်ကုန်မြို့၌ သင်္ကြန်ကာလအတွင်း YBSယာဉ်အစီးရေ (၁၂၀၀)ဝန်းကျင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ ကော်မတီဝင် (၁) ဦးခင်မောင်ထွေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက ယနေ့ (ဧပြီလ ၁၀ရက်)တွင် YRTCရုံးချုပ်၌ ကျင်းပသော မီဒီယာများတွေ့ဆုံပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“လက်ရှိပုံစံယာဉ်လိုင်း (၁၃၂) လိုင်းမှာ ယာဉ်စီးရေ (၃၅၀၀) ပတ်ချာလည်ပြေးဆွဲနေတဲ့အနေအထားကနေ ယာဉ်လိုင်း (၁၃၂)လိုင်းမှာ တစ်ချို့သော ယာဉ်လိုင်းများက ယာဉ်ကြံခိုင်မှုလုပ်မှာ၊ သူတို့လည်း ဘာသာရေးဆိုင်ရာ ယာဉ်မောင်းများအနေနဲ့ ဆောင်ရွက်ကြမှာလေးတွေရှိတဲ့အတွက် ဒီယာဉ်လိုင်းအားလုံးရဲ့တစ်ဝက်လောက် (၇၂)လိုင်း၊ (၆၈)လိုင်း အဲဒီလောက်ကနေ ယာဉ်စီးရေကတော့ (၁၅၀၀)ကနေ (၂၀၀၀)ဝန်းကျင် ပုံမှန်ပြေးဆွဲပေးမှာဖြစ်ပါတယ်။ ပုံမှန်ပြေးဆွဲတဲ့အခါမှာ သူတို့ရဲ့ ပြေးဆွဲတဲ့လမ်း‌ကြောင်းပေါ်မှာကြည့်ပြီးတော့ နယ်ဘက်က ကျွန်တော်တို့ အစွန်အဖျားမြို့နယ်တွေ အဲဒီဘက်က ခရီးသွားပြည်သူတွေ အဆင်ပြေနိုင်ဖို့အတွက်ကိုလည်း စီမံချက်ချပြီးတော့ ဆောင်ရွက်ထားပါတယ်”ဟု YRTC ကော်မတီဝင် (၁) ဦးခင်မောင်ထွေးက ပြောသည်။

ထို့သို့ပြေးဆွဲရာတွင် လာမည့် ဧပြီလ ၁၃ရက်၌ ယာဉ်လိုင်း (၆၅)လိုင်းမှ ယာဉ်စီးရေ (၁၂၆၉)စီး၊ ဧပြီလ ၁၄ရက်တွင် ယာဉ်လိုင်း (၆၂)လိုင်းမှ ယာဉ်စီး‌ရေ (၁၁၉၂)၊ ဧပြီလ၁၅ရက်တွင် ယာဉ်လိုင်း (၆၂)လိုင်းမှ ယာဉ်စီးရေ (၁၁၈၇)နှင့် ဧပြီလ ၁၆ရက်တွင် ယာဉ်လိုင်း (၆၂)လိုင်းမှ ယာဉ်စီးရေ (၁၁၈၇)စီးတို့ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြေးဆွဲသွားမည့် YBS ယာဉ်လိုင်းနံပါတ်များမှာ YBS (37)၊ YBS (87)၊ YBS (89)၊ YBS (18)၊ YBS (35)၊ YBS (52)၊ YBS (53)၊ YBS (54)၊ YBS (61)၊ YBS (68)၊ YBS (75)၊ YBS (131)၊ YBS (137)၊ YBS (5)၊ YBS (34)၊ YBS (70)၊ YBS (95)၊ YBS (129)၊ YBS (6)၊ YBS (26)၊ YBS (92)၊ YBS (21)၊ YBS (39)၊ YBS (41)နှင့် YBS (90)တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် YBS (123)၊ YBS (124)၊ YBS (40)၊ YBS (143)၊ YBS (1)၊ YBS (9)၊ YBS (19)၊ YBS (23)၊ YBS (103)၊ YBS (119)၊ YBS (44)၊ YBS (66)၊ YBS (67)၊ YBS (71)၊ YBS (74)၊ YBS (77)၊ YBS (79)၊ YBS (91)၊ YBS (130)၊ YBS (27)၊ YBS (76)၊ YBS (81)၊ YBS (85)၊ YBS (120)၊ YBS (132)၊ YBS (42)၊ YBS (65)၊ YBS (22)၊ YBS (126)၊ YBS (33)၊ YBS (45)၊ YBS (84)၊ YBS (111)၊ YBS (133)၊ YBS (134)၊ YBS (136)၊ YBS (138)၊ YBS (139)၊ YBS (142)နှင့် YBS (144)တို့လည်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော် YBS (90)၊ YBS (70)နှင့် YBS (124)၊ တို့သည့် ဧပြီလ ၁၃ရက်နေ့ တစ်ရက်သာ ပြေးဆွဲသွားမည်ဖြစ်ကြောင်း YRTCဧ။် အချက်အလက်များအရ သိရသည်။

ထို့ပြင် ဧပြီလ ၁၇ရက်မှ စ၍ ယာဉ်လိုင်းများအားလုံးပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ပြီး YBS (63)ယာဉ်စီးရေ (၁၀)စီးခန့်က အဆိုပါနေ့တွင် ယာဉ်စီးခအခမဲ့ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဆွဲတဲ့အချိန်ကတော့ ပုံမှန်အတိုင်း မနက် ၆ နာရီဆိုရင် လမ်းကြောင်းပေါ်မှာ ယာဉ်ထွက်ကားတွေရှိပါတယ်။ အဲဒီတော့ သင်္ကြန်မဟုတ်တဲ့ကာလဆိုရင်တော့ ခရီးသည်ရရှိမှုအနေအထားပေါ်မူတည်ပြီး ည၈နာရီ၊ ၉နာရီဝန်းကျင်အထိ ပြေးနေပါတယ်။ ဒီသင်္ကြန်ကာလမှာတော့ သူတို့ခရီးသည်ရရှိမှုကြဲပြားတာ ၊ အပြန်မှာလည်းပဲ ပြန်ရတဲ့လမ်းကြေားအခြေအနေပေါ်မူတည်ပြီးတော့ ညနေ (၆)နာရီလောက်ထိကတော့ YBSယာဉ်တွေ ပုံမှန်ပြေးဆွဲနေဖို့ ညွှန်ကြားထားပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

မဟာသင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းစေရန်အတွက် ကြမ်းတမ်းစွာ မောင်းနှင်ခြင်း၊ အန္တရာယ်ဖြစ်စေရန် မောင်းနှင်ခြင်း၊ မဆင်မခြင်မောင်းနှင်ခြင်းများကို ထိရောက်စွာအရေးယူမည်ဖြစ်ပြီး ကတ်ဖြတ်သည့်စက်များကို ပိတ်ထားခြင်းနှင့် ယာဉ်စီးခနှုန်းထားများကို သတ်မှတ်ထားသည့်ထက် ပိုမိုကောက်ခံပါကလည်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းရှိ အဝေးပြေးယာဉ်လိုင်း (၆)လိုင်း ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းရှိ အဝေးပြေးယာဉ်လိုင်း (၇)လိုင်းတို့က ပိတ်ရက်မရှိ ပြေးဆွဲသွားမည်ဖြစ်ပြီး ဧပြီ ၂၃ရက်မှ စ၍ အဝေးပြေးယာဉ်လိုင်း ပေါင်း (၃၃၁)လိုင်းမှ ပုံမှန်အတိုင်းပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

“ယာဉ်လိုင်းတွေကိုလည်း နေ့စဉ်ပုံမှန်ရောင်းနေတဲ့လက်မှတ်ခအတိုင်းပဲရောင်းချဖို့ ညွှန်ကြားထားပြီးဖြစ်တယ်။ ပိုရောင်းရင် ခရီးသည်ကလာပြောရင် အဲဒီယာဉ်လိုင်းကို ခေါ်ပြီးတော့ ပိုတဲ့ငွေကို ပြန်အိမ်းခိုင်းပါမယ်။ အလားတူပဲ အဲဒီလိုလုပ်ဖို့အတွက် ဖြေရှင်းဖို့အတွက် အောင်မင်္ဂလာရုံးခန်းမှာလည်း အဖွဲ့ ၄ ယောက်ပါတဲ့အဖွဲ့တစ်ဖွဲ့ထိုင်ပြီးတော့ စောင့်နေပါတယ်။ ဒဂုံဧရာမှာလည်း အလားတူပဲ ၄ ယောက်ပါတဲ့အဖွဲ့တစ်ဖွဲ့ပြီးတော့ စောင့်နေပါတယ်။ ဒီလိုပြဿာနာလေးဖြစ်လာရင် ကြိုတင်ဖြေရှင်းနိုင်အောင် ကြိုတင်စီမံထားတာဖြစ်ပါတယ်”ဟု YRTC ကော်မတီဝင် (၅) ဦးဘမြင့်က ပြောကြားသည်။

အဆိုပါလက်မှတ်ခပိုရောင်းခြင်းနှင့်ပတ်သက်၍ တိုင်ကြားသည့်ခရီးသည် လက်ရှိအချိန်ထိ မရှိသေးကြောင်း ၎င်းကဆိုသည်။

Zawgyi Version:
ရန္ကုန္ၿမိဳ႕၌ သၾကၤန္ကာလအတြင္း YBSယာဥ္အစီးေရ (၁၂၀၀)ဝန္းက်င္ ေျပးဆြဲသြားမည္

ေစာ(NP News)- ဧၿပီ ၁၀

ရန္ကုန္ၿမိဳ႕၌ သၾကၤန္ကာလအတြင္း YBSယာဥ္အစီးေရ (၁၂၀၀)ဝန္းက်င္ ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ(YRTC)မွ ေကာ္မတီဝင္ (၁) ဦးခင္ေမာင္ေထြးက ေျပာၾကားခဲ့ျခင္းျဖစ္သည္။

၎က ယေန႔ (ဧၿပီလ ၁၀ရက္)တြင္ YRTC႐ုံးခ်ဳပ္၌ က်င္းပေသာ မီဒီယာမ်ားေတြ႕ဆုံပြဲအခမ္းအနားတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“လက္ရွိပုံစံယာဥ္လိုင္း (၁၃၂) လိုင္းမွာ ယာဥ္စီးေရ (၃၅၀၀) ပတ္ခ်ာလည္ေျပးဆြဲေနတဲ့အေနအထားကေန ယာဥ္လိုင္း (၁၃၂)လိုင္းမွာ တစ္ခ်ိဳ႕ေသာ ယာဥ္လိုင္းမ်ားက ယာဥ္ႀကံခိုင္မႈလုပ္မွာ၊ သူတို႔လည္း ဘာသာေရးဆိုင္ရာ ယာဥ္ေမာင္းမ်ားအေနနဲ႔ ေဆာင္႐ြက္ၾကမွာေလးေတြရွိတဲ့အတြက္ ဒီယာဥ္လိုင္းအားလုံးရဲ႕တစ္ဝက္ေလာက္ (၇၂)လိုင္း၊ (၆၈)လိုင္း အဲဒီေလာက္ကေန ယာဥ္စီးေရကေတာ့ (၁၅၀၀)ကေန (၂၀၀၀)ဝန္းက်င္ ပုံမွန္ေျပးဆြဲေပးမွာျဖစ္ပါတယ္။ ပုံမွန္ေျပးဆြဲတဲ့အခါမွာ သူတို႔ရဲ႕ ေျပးဆြဲတဲ့လမ္း‌ေၾကာင္းေပၚမွာၾကည့္ၿပီးေတာ့ နယ္ဘက္က ကြၽန္ေတာ္တို႔ အစြန္အဖ်ားၿမိဳ႕နယ္ေတြ အဲဒီဘက္က ခရီးသြားျပည္သူေတြ အဆင္ေျပႏိုင္ဖို႔အတြက္ကိုလည္း စီမံခ်က္ခ်ၿပီးေတာ့ ေဆာင္႐ြက္ထားပါတယ္”ဟု YRTC ေကာ္မတီဝင္ (၁) ဦးခင္ေမာင္ေထြးက ေျပာသည္။

ထို႔သို႔ေျပးဆြဲရာတြင္ လာမည့္ ဧၿပီလ ၁၃ရက္၌ ယာဥ္လိုင္း (၆၅)လိုင္းမွ ယာဥ္စီးေရ (၁၂၆၉)စီး၊ ဧၿပီလ ၁၄ရက္တြင္ ယာဥ္လိုင္း (၆၂)လိုင္းမွ ယာဥ္စီး‌ေရ (၁၁၉၂)၊ ဧၿပီလ၁၅ရက္တြင္ ယာဥ္လိုင္း (၆၂)လိုင္းမွ ယာဥ္စီးေရ (၁၁၈၇)ႏွင့္ ဧၿပီလ ၁၆ရက္တြင္ ယာဥ္လိုင္း (၆၂)လိုင္းမွ ယာဥ္စီးေရ (၁၁၈၇)စီးတို႔ ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေျပးဆြဲသြားမည့္ YBS ယာဥ္လိုင္းနံပါတ္မ်ားမွာ YBS (37)၊ YBS (87)၊ YBS (89)၊ YBS (18)၊ YBS (35)၊ YBS (52)၊ YBS (53)၊ YBS (54)၊ YBS (61)၊ YBS (68)၊ YBS (75)၊ YBS (131)၊ YBS (137)၊ YBS (5)၊ YBS (34)၊ YBS (70)၊ YBS (95)၊ YBS (129)၊ YBS (6)၊ YBS (26)၊ YBS (92)၊ YBS (21)၊ YBS (39)၊ YBS (41)ႏွင့္ YBS (90)တို႔ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ YBS (123)၊ YBS (124)၊ YBS (40)၊ YBS (143)၊ YBS (1)၊ YBS (9)၊ YBS (19)၊ YBS (23)၊ YBS (103)၊ YBS (119)၊ YBS (44)၊ YBS (66)၊ YBS (67)၊ YBS (71)၊ YBS (74)၊ YBS (77)၊ YBS (79)၊ YBS (91)၊ YBS (130)၊ YBS (27)၊ YBS (76)၊ YBS (81)၊ YBS (85)၊ YBS (120)၊ YBS (132)၊ YBS (42)၊ YBS (65)၊ YBS (22)၊ YBS (126)၊ YBS (33)၊ YBS (45)၊ YBS (84)၊ YBS (111)၊ YBS (133)၊ YBS (134)၊ YBS (136)၊ YBS (138)၊ YBS (139)၊ YBS (142)ႏွင့္ YBS (144)တို႔လည္း ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

သို႔ေသာ္ YBS (90)၊ YBS (70)ႏွင့္ YBS (124)၊ တို႔သည့္ ဧၿပီလ ၁၃ရက္ေန႔ တစ္ရက္သာ ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း YRTCဧ။္ အခ်က္အလက္မ်ားအရ သိရသည္။

ထို႔ျပင္ ဧၿပီလ ၁၇ရက္မွ စ၍ ယာဥ္လိုင္းမ်ားအားလုံးပုံမွန္အတိုင္း ျပန္လည္ေျပးဆြဲသြားမည္ျဖစ္ၿပီး YBS (63)ယာဥ္စီးေရ (၁၀)စီးခန႔္က အဆိုပါေန႔တြင္ ယာဥ္စီးခအခမဲ့ ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဆြဲတဲ့အခ်ိန္ကေတာ့ ပုံမွန္အတိုင္း မနက္ ၆ နာရီဆိုရင္ လမ္းေၾကာင္းေပၚမွာ ယာဥ္ထြက္ကားေတြရွိပါတယ္။ အဲဒီေတာ့ သၾကၤန္မဟုတ္တဲ့ကာလဆိုရင္ေတာ့ ခရီးသည္ရရွိမႈအေနအထားေပၚမူတည္ၿပီး ည၈နာရီ၊ ၉နာရီဝန္းက်င္အထိ ေျပးေနပါတယ္။ ဒီသၾကၤန္ကာလမွာေတာ့ သူတို႔ခရီးသည္ရရွိမႈႀကဲျပားတာ ၊ အျပန္မွာလည္းပဲ ျပန္ရတဲ့လမ္းေၾကားအေျခအေနေပၚမူတည္ၿပီးေတာ့ ညေန (၆)နာရီေလာက္ထိကေတာ့ YBSယာဥ္ေတြ ပုံမွန္ေျပးဆြဲေနဖို႔ ၫႊန္ၾကားထားပါတယ္”ဟု ၎ကဆက္လက္ေျပာသည္။

မဟာသၾကၤန္ကာလအတြင္း ယာဥ္အႏၲရာယ္လမ္းအႏၲရာယ္ကင္းရွင္းေစရန္အတြက္ ၾကမ္းတမ္းစြာ ေမာင္းႏွင္ျခင္း၊ အႏၲရာယ္ျဖစ္ေစရန္ ေမာင္းႏွင္ျခင္း၊ မဆင္မျခင္ေမာင္းႏွင္ျခင္းမ်ားကို ထိေရာက္စြာအေရးယူမည္ျဖစ္ၿပီး ကတ္ျဖတ္သည့္စက္မ်ားကို ပိတ္ထားျခင္းႏွင့္ ယာဥ္စီးခႏႈန္းထားမ်ားကို သတ္မွတ္ထားသည့္ထက္ ပိုမိုေကာက္ခံပါကလည္း အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူ ေအာင္မဂၤလာအေဝးေျပးယာဥ္ရပ္နားစခန္းရွိ အေဝးေျပးယာဥ္လိုင္း (၆)လိုင္း ဒဂုံဧရာအေဝးေျပးယာဥ္ရပ္နားစခန္းရွိ အေဝးေျပးယာဥ္လိုင္း (၇)လိုင္းတို႔က ပိတ္ရက္မရွိ ေျပးဆြဲသြားမည္ျဖစ္ၿပီး ဧၿပီ ၂၃ရက္မွ စ၍ အေဝးေျပးယာဥ္လိုင္း ေပါင္း (၃၃၁)လိုင္းမွ ပုံမွန္အတိုင္းျပန္လည္ ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ယာဥ္လိုင္းေတြကိုလည္း ေန႔စဥ္ပုံမွန္ေရာင္းေနတဲ့လက္မွတ္ခအတိုင္းပဲေရာင္းခ်ဖို႔ ၫႊန္ၾကားထားၿပီးျဖစ္တယ္။ ပိုေရာင္းရင္ ခရီးသည္ကလာေျပာရင္ အဲဒီယာဥ္လိုင္းကို ေခၚၿပီးေတာ့ ပိုတဲ့ေငြကို ျပန္အိမ္းခိုင္းပါမယ္။ အလားတူပဲ အဲဒီလိုလုပ္ဖို႔အတြက္ ေျဖရွင္းဖို႔အတြက္ ေအာင္မဂၤလာ႐ုံးခန္းမွာလည္း အဖြဲ႕ ၄ ေယာက္ပါတဲ့အဖြဲ႕တစ္ဖြဲ႕ထိုင္ၿပီးေတာ့ ေစာင့္ေနပါတယ္။ ဒဂုံဧရာမွာလည္း အလားတူပဲ ၄ ေယာက္ပါတဲ့အဖြဲ႕တစ္ဖြဲ႕ၿပီးေတာ့ ေစာင့္ေနပါတယ္။ ဒီလိုျပႆာနာေလးျဖစ္လာရင္ ႀကိဳတင္ေျဖရွင္းႏိုင္ေအာင္ ႀကိဳတင္စီမံထားတာျဖစ္ပါတယ္”ဟု YRTC ေကာ္မတီဝင္ (၅) ဦးဘျမင့္က ေျပာၾကားသည္။

အဆိုပါလက္မွတ္ခပိုေရာင္းျခင္းႏွင့္ပတ္သက္၍ တိုင္ၾကားသည့္ခရီးသည္ လက္ရွိအခ်ိန္ထိ မရွိေသးေၾကာင္း ၎ကဆိုသည္။

Picture

Marix Naw

10/04/2025 18:22

တယ်လီဂရမ် မှာ Online Game ကြော်ငြာတွေ ဘာလိုတက်လာတာလဲရှင့်

Related news

© 2021. All rights reserved.