စင်ကာပူ ST Engineering က ထိုင်ဝမ် Taichung MRT blue line အတွက် ဒေါ်လာ ၁.၄ ဘီလျံတန် စာချုပ် ရရှိထား

216

ရောင်နီ(NP News)
စင်ကာပူ ST Engineering ဟာ ထိုင်ဝမ် Taichung အမြန်ရထားလိုင်း Blue line အသစ် အတွက် turnkey ရထားဝန်ဆောင်မှုပေးဖို့ ဒေါ်လာ ၁.၄ ဘီလီယံ ကန်ထရိုက် ရရှိထားတယ်လို့ ဧပြီလ ၁၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ဒီသဘောတူညီချက်ကို Taichung City Government of Rapid Transit System Bureau က ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ လုပ်ငန်းစုရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တဲ့ Alstom Transport၊ ထိုင်ဝမ် ဆောက်လုပ်ရေးအင်ဂျင်နီယာကုမ္ပဏီ CTCI နဲ့ တောင်ကိုးရီးယား မီးရထား ထုတ်လုပ်သူ Hyundai Rotem တို့နဲ့ အတူ အချက်ပြစနစ်၊ ပါဝါထောက်ပံ့မှုစနစ်နဲ့ rolling stock အသီးသီး ပံ့ပိုးပေးသွားမယ့် စာချုပ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ ST Engineering Urban Solutions ဟာ အလုံးစုံ ပရောဂျက်စီမံခန့်ခွဲမှုနဲ့ စနစ် ပေါင်းစပ်မှုကို ဦးဆောင်မှာဖြစ်ပြီး ဆက်သွယ်ရေးစနစ်နဲ့ အလိုအလျောက် ယာဉ်စီးခ ကောက်ခံမှု စနစ်အပါအဝင် ရထားလမ်းဆိုင်ရာ အီလက်ထရွန်းနစ်ပစ္စည်းတွေကို ပံ့ပိုးပေးမှာဖြစ်တယ်လို့ သိရပါတယ်။
မောင်းသူမဲ့ blue line ရထားဟာ အရှည် ၂၄.၈ ကီလိုမီတာ ရှည်လျားမှာဖြစ်ပြီး၊ ထိုင်ဝမ်၊ တိုင်ချွန်းရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ကို ဆက်သွယ်ထားတဲ့ မြေအောက်ဘူတာရုံ ၁၂ ခု ကို ဖြတ်သန်း ပြေးဆွဲမှာ ဖြစ်ပါတယ်။ စာချုပ်ချုပ်ဆိုမှုဟာ ၁၄ နှစ်ခန့် ထိ ကြာမြင့်မှာ ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ်မှာ စတင်မယ်လို့ ခန့်မှန်းထားပါတယ်။

Zawgyi Version:
စင္ကာပူ ST Engineering က ထိုင္ဝမ္ Taichung MRT blue line အတြက္ ေဒၚလာ ၁.၄ ဘီလ်ံတန္ စာခ်ဳပ္ ရရွိထား
ေရာင္နီ(NP News)
စင္ကာပူ ST Engineering ဟာ ထိုင္ဝမ္ Taichung အျမန္ရထားလိုင္း Blue line အသစ္ အတြက္ turnkey ရထားဝန္ေဆာင္မႈေပးဖို႔ ေဒၚလာ ၁.၄ ဘီလီယံ ကန္ထ႐ိုက္ ရရွိထားတယ္လို႔ ဧၿပီလ ၁၀ ရက္ေန႔မွာ ေၾကညာခဲ့ပါတယ္။
ဒီသေဘာတူညီခ်က္ကို Taichung City Government of Rapid Transit System Bureau က ေပးအပ္ခဲ့တာ ျဖစ္ပါတယ္။ ဒါဟာ လုပ္ငန္းစုရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြ ျဖစ္တဲ့ Alstom Transport၊ ထိုင္ဝမ္ ေဆာက္လုပ္ေရးအင္ဂ်င္နီယာကုမၸဏီ CTCI နဲ႔ ေတာင္ကိုးရီးယား မီးရထား ထုတ္လုပ္သူ Hyundai Rotem တို႔နဲ႔ အတူ အခ်က္ျပစနစ္၊ ပါဝါေထာက္ပံ့မႈစနစ္နဲ႔ rolling stock အသီးသီး ပံ့ပိုးေပးသြားမယ့္ စာခ်ဳပ္ရဲ႕ တစ္စိတ္တစ္ပိုင္းလည္း ျဖစ္ပါတယ္။ ST Engineering Urban Solutions ဟာ အလုံးစုံ ပေရာဂ်က္စီမံခန႔္ခြဲမႈနဲ႔ စနစ္ ေပါင္းစပ္မႈကို ဦးေဆာင္မွာျဖစ္ၿပီး ဆက္သြယ္ေရးစနစ္နဲ႔ အလိုအေလ်ာက္ ယာဥ္စီးခ ေကာက္ခံမႈ စနစ္အပါအဝင္ ရထားလမ္းဆိုင္ရာ အီလက္ထ႐ြန္းနစ္ပစၥည္းေတြကို ပံ့ပိုးေပးမွာျဖစ္တယ္လို႔ သိရပါတယ္။
ေမာင္းသူမဲ့ blue line ရထားဟာ အရွည္ ၂၄.၈ ကီလိုမီတာ ရွည္လ်ားမွာျဖစ္ၿပီး၊ ထိုင္ဝမ္၊ တိုင္ခြၽန္းရဲ႕ အေရွ႕ဘက္နဲ႔ အေနာက္ဘက္ကို ဆက္သြယ္ထားတဲ့ ေျမေအာက္ဘူတာ႐ုံ ၁၂ ခု ကို ျဖတ္သန္း ေျပးဆြဲမွာ ျဖစ္ပါတယ္။ စာခ်ဳပ္ခ်ဳပ္ဆိုမႈဟာ ၁၄ ႏွစ္ခန႔္ ထိ ၾကာျမင့္မွာ ျဖစ္ၿပီး ၂၀၂၅ ခုႏွစ္ ဒုတိယသုံးလပတ္မွာ စတင္မယ္လို႔ ခန႔္မွန္းထားပါတယ္။