အာဖရိကတိုက်ရဲ့ ထိပ်တန်း သဘာဝဘေးမဲ့တော Virunga မှာ ရေမြင်း အကောင် ၅၀ ခန့် anthrax အဆိပ်သင့် သေဆုံး

251
ရောင်နီ(NP News)
အာဖရိကတိုက်၊ ကွန်ဂိုဒီမိုကရက်တစ် နိုင်ငံရဲ့ ထိပ်တန်းသဘာဝဘေးမဲ့တော Virunga မှာ ရေမြင်း အကောင် ၅၀ ခန့်ဟာ anthrax အဆိပ်သင့်ပြီး သေဆုံးခဲ့တယ်လို့ ပန်းခြံတာဝန်ရှိသူတွေက ပြောကြားပါတယ်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ Virunga အမျိုးသားဥယျာဉ်မှာ anthrax အဆိပ်ဟာ သဘာဝအလျောက် ဖြစ်ပေါ်နေခဲ့တာဖြစ်ပြီး အဲဒီအဆိပ်ကို ဖြစ်စေတဲ့ Bacillus anthracis ဘက်တီးရီးယားတွေဟာ လူသားတွေကို ခြိမ်းခြောက်နိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ "ဒီရောဂါက တောရိုင်းတိရိစ္ဆာန်တွေကို အဓိကအားဖြင့် ထိခိုက်ပေမယ့် လူနဲ့ အိမ်မွေးတိရစ္ဆာန်တွေဆီမှာလည်း ကူးစက်နိုင်တဲ့ အန္တရာယ်ရှိပါတယ်” လို့ Virunga ဥယျာဉ်ကို စီမံခန့်ခွဲတဲ့ Congolese Institute for Nature Conservations က အင်္ဂါနေ့(ဧပြီလ ၈ ရက်) မှာ ပြောကြားပါတယ်။
ဥယျာဉ်ကို ၁၉၂၅ ခုနှစ်က တည်ထောင်ခဲ့တာဖြစ်ပြီး ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခံထားရ ပါတယ်။ အာဖရိကမှာ Anthrax အဆိပ်သင့်မှုကြောင့် ရေမြင်း နဲ့ အခြားတိရစ္ဆာန်တွေ အလားတူ အစုလိုက်အပြုံလိုက် သေဆုံးခဲ့မှုတွေ ယခင်ကလည်း ရှိဖူးတယ်လို့ သိရပါတယ်။

Zawgyi Version:
အာဖရိကတိုက္ရဲ႕ ထိပ္တန္း သဘာဝေဘးမဲ့ေတာ Virunga မွာ ေရျမင္း အေကာင္ ၅၀ ခန႔္ anthrax အဆိပ္သင့္ ေသဆုံး
ေရာင္နီ(NP News)
အာဖရိကတိုက္၊ ကြန္ဂိုဒီမိုကရက္တစ္ ႏိုင္ငံရဲ႕ ထိပ္တန္းသဘာဝေဘးမဲ့ေတာ Virunga မွာ ေရျမင္း အေကာင္ ၅၀ ခန႔္ဟာ anthrax အဆိပ္သင့္ၿပီး ေသဆုံးခဲ့တယ္လို႔ ပန္းၿခံတာဝန္ရွိသူေတြက ေျပာၾကားပါတယ္။
ကြန္ဂိုဒီမိုကရက္တစ္သမၼတႏိုင္ငံရဲ႕ Virunga အမ်ိဳးသားဥယ်ာဥ္မွာ anthrax အဆိပ္ဟာ သဘာဝအေလ်ာက္ ျဖစ္ေပၚေနခဲ့တာျဖစ္ၿပီး အဲဒီအဆိပ္ကို ျဖစ္ေစတဲ့ Bacillus anthracis ဘက္တီးရီးယားေတြဟာ လူသားေတြကို ၿခိမ္းေျခာက္ႏိုင္တယ္လို႔ တာဝန္ရွိသူေတြက သတိေပးထားပါတယ္။ "ဒီေရာဂါက ေတာ႐ိုင္းတိရိစာၦန္ေတြကို အဓိကအားျဖင့္ ထိခိုက္ေပမယ့္ လူနဲ႔ အိမ္ေမြးတိရစာၦန္ေတြဆီမွာလည္း ကူးစက္ႏိုင္တဲ့ အႏၲရာယ္ရွိပါတယ္” လို႔ Virunga ဥယ်ာဥ္ကို စီမံခန႔္ခြဲတဲ့ Congolese Institute for Nature Conservations က အဂၤါေန႔(ဧၿပီလ ၈ ရက္) မွာ ေျပာၾကားပါတယ္။
ဥယ်ာဥ္ကို ၁၉၂၅ ခုႏွစ္က တည္ေထာင္ခဲ့တာျဖစ္ၿပီး ယူနက္စကို ကမာၻ႔အေမြအႏွစ္ေနရာအျဖစ္ သတ္မွတ္ခံထားရ ပါတယ္။ အာဖရိကမွာ Anthrax အဆိပ္သင့္မႈေၾကာင့္ ေရျမင္း နဲ႔ အျခားတိရစာၦန္ေတြ အလားတူ အစုလိုက္အၿပဳံလိုက္ ေသဆုံးခဲ့မႈေတြ ယခင္ကလည္း ရွိဖူးတယ္လို႔ သိရပါတယ္။