ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စွမ်းအင်အခြေခံအဆောက်အဦးတွေအပေါ် ယူကရိန်းရဲ့တိုက်ခိုက်မှုတွေ တိုးမြင့်လာတယ်လို့ ရုရှားအစိုးရပြော

213

Pika
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ယူကရိန်းဟာ ရုရှားရဲ့စွမ်းအင်အခြေခံအဆောက်အဦးတွေအပေါ် တိုက်ခိုက်မှု(၁၁)ကြိမ်လုပ်ဆောင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ယူကရိန်းရဲ့ ရုရှားစွမ်းအင်အခြေခံအဆောက်အဦးတွေအပေါ် တိုက်ခိုက်မှုဟာ အမေရိကန်ကြားဝင်စေ့စပ်ပေးထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တာမျိုးဖြစ်တယ်လို့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ရုရှားနဲ့ယူကရိန်းတို့ဟာ စွမ်းအင်အခြေခံအဆောက်အဦးတွေအပေါ် တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ပြီးခဲ့တဲ့လမှာ သဘောတူညီခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမယ့်လည်း စွမ်းအင်အခြေခံအဆောက်အဦးတွေအပေါ် တိုက်ခိုက်မှုတွေလုပ်ဆောင်ပြီး အမေရိကန်ကြားဝင်စေ့စပ်ပေးထားတဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ နှစ်နိုင်ငံစလုံးက အပြန်အလှန်စွပ်စွဲပြောဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။ယူကရိန်းအပေါ် ရုရှားရဲ့တိုက်ခိုက်မှုတွေ တိုးမြင့်လာနေတယ်လို့ ယူကရိန်းအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ဒါ့ပြင် ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေး အတွေးအခေါ်တွေကို ရုရှားသမ္မတပူတင်က ထောက်ခံနေဆဲဖြစ်ပေမယ့်လည်း အဲ့ဒါကဘယ်လိုအလုပ်လုပ်မလဲဆိုတာနဲ့ပတ်သက်ပြီး အဖြေမရသေးတဲ့ မေးခွန်းများစွာ ကျန်ရှိနေဆဲဖြစ်တယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း စြမ္းအင္အေျခခံအေဆာက္အဦးေတြအေပၚ ယူကရိန္းရဲ႕တိုက္ခိုက္မႈေတြ တိုးျမင့္လာတယ္လို႔ ႐ုရွားအစိုးရေျပာ
Pika
ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ယူကရိန္းဟာ ႐ုရွားရဲ႕စြမ္းအင္အေျခခံအေဆာက္အဦးေတြအေပၚ တိုက္ခိုက္မႈ(၁၁)ႀကိမ္လုပ္ေဆာင္ခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ယူကရိန္းရဲ႕ ႐ုရွားစြမ္းအင္အေျခခံအေဆာက္အဦးေတြအေပၚ တိုက္ခိုက္မႈဟာ အေမရိကန္ၾကားဝင္ေစ့စပ္ေပးထားတဲ့ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တာမ်ိဳးျဖစ္တယ္လို႔လည္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။႐ုရွားနဲ႔ယူကရိန္းတို႔ဟာ စြမ္းအင္အေျခခံအေဆာက္အဦးေတြအေပၚ တိုက္ခိုက္မႈေတြကို ရပ္တန႔္ဖို႔ ၿပီးခဲ့တဲ့လမွာ သေဘာတူညီခဲ့တာလည္းျဖစ္ပါတယ္။ဒါေပမယ့္လည္း စြမ္းအင္အေျခခံအေဆာက္အဦးေတြအေပၚ တိုက္ခိုက္မႈေတြလုပ္ေဆာင္ၿပီး အေမရိကန္ၾကားဝင္ေစ့စပ္ေပးထားတဲ့ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ ႏွစ္ႏိုင္ငံစလုံးက အျပန္အလွန္စြပ္စြဲေျပာဆိုခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ယူကရိန္းအေပၚ ႐ုရွားရဲ႕တိုက္ခိုက္မႈေတြ တိုးျမင့္လာေနတယ္လို႔ ယူကရိန္းအစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ဒါ့ျပင္ ယူကရိန္းမွာ အပစ္အခတ္ရပ္စဲေရး အေတြးအေခၚေတြကို ႐ုရွားသမၼတပူတင္က ေထာက္ခံေနဆဲျဖစ္ေပမယ့္လည္း အဲ့ဒါကဘယ္လိုအလုပ္လုပ္မလဲဆိုတာနဲ႔ပတ္သက္ၿပီး အေျဖမရေသးတဲ့ ေမးခြန္းမ်ားစြာ က်န္ရွိေနဆဲျဖစ္တယ္လို႔ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။