အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကို အမြန်ဆုံးလုပ်ဆောင်လိုတယ်လို့ အိန္ဒိယအစိုးရပြော

 172

Pika
အိန္ဒိယနိုင်ငံက အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကို အမြန်ဆုံးလုပ်ဆောင်လိုတယ်လို့ အိန္ဒိယအစိုးရအရာရှိတစ်ဦးကပြောကြားခဲ့ပါတယ်။နိုင်ငံပေါင်း ဒါဇင်ချီအပေါ် အခွန်စည်းကြပ်မှုကို ရပ်ဆိုင်းထားဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် အိန္ဒိယအစိုးရရဲ့ ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။အိန္ဒိယနဲ့အမေရိကန်နိုင်ငံတို့ဟာ (၂၀၂၅)ခုနှစ် ဆောင်းဦးရာသီမှာ ကုန်ဆုံးမယ့်ကုန်သွယ်ရေးသဘောတူညီချက်ရဲ့ ပထမဆုံးအဆင့်ကို လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ သဘောတူညီခဲ့ကြတယ်လို့လည်း သိရပါတယ်။ဒါ့ပြင် အမေရိကန်နဲ့အိန္ဒိယတို့ဟာ နှစ်နိုင်ငံကြားကုန်သွယ်မှုကို (၂၀၃၀)ခုနှစ်မှာ အမေရိကန်ဒေါ်လာ(၅၀၀)ဘီလျံထိရောက်ရှိဖို့ ရည်မှန်းထားကြတယ်လို့လည်း သိရပါတယ်။အိန္ဒိယအစိုးရအရာရှိတစ်ဦးက”အခွန်စည်းကြပ်မှုကို ရက်ပေါင်း(၉၀)ကြာရပ်ဆိုင်းလိုက်တာဟာ အိန္ဒိယတင်ပို့သူတွေ အထူးသဖြင့် ပုဇွန်တင်ပို့သူတွေအတွက် သက်သာရာရစေပါတယ်။အိန္ဒိယဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့တဲ့ နိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်ပြီး ဒီသဘောတူညီချက်ကို ပြီးဆုံးအောင်လုပ်ဆောင်ဖို့အတွက် ပူးတွဲသဘောတူထားပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ကမ္ဘာလုံးဆိုင်ရာပို့ကုန်နဲ့ ကုန်သွယ်မှုဟာ အမေရိကန်နဲ့တရုတ်နိုင်ငံကြား ဖြစ်ပွားလျက်ရှိတဲ့ ကုန်သွယ်ရေးတင်းမာမှုတွေအပေါ် ဆက်လက်မူတည်နေဦးမှာဖြစ်တယ်လို့ အိန္ဒိယအစိုးရအရာရှိကပြောကြားခဲ့ပါတယ်။အဲ့ဒီအစီရင်ခံစာတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို အိန္ဒိယကုန်သွယ်ရေးဝန်ကြီးဌာနက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြာတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
အေမရိကန္နဲ႔ ကုန္သြယ္ေရးသေဘာတူညီခ်က္တစ္ခုကို အျမန္ဆုံးလုပ္ေဆာင္လိုတယ္လို႔ အိႏၵိယအစိုးရေျပာ
Pika
အိႏၵိယႏိုင္ငံက အေမရိကန္နဲ႔ ကုန္သြယ္ေရးသေဘာတူညီခ်က္တစ္ခုကို အျမန္ဆုံးလုပ္ေဆာင္လိုတယ္လို႔ အိႏၵိယအစိုးရအရာရွိတစ္ဦးကေျပာၾကားခဲ့ပါတယ္။ႏိုင္ငံေပါင္း ဒါဇင္ခ်ီအေပၚ အခြန္စည္းၾကပ္မႈကို ရပ္ဆိုင္းထားဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ဆုံးျဖတ္ခ်က္ခ်ခဲ့ၿပီးေနာက္ အိႏၵိယအစိုးရရဲ႕ ေျပာဆိုခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။အိႏၵိယနဲ႔အေမရိကန္ႏိုင္ငံတို႔ဟာ (၂၀၂၅)ခုႏွစ္ ေဆာင္းဦးရာသီမွာ ကုန္ဆုံးမယ့္ကုန္သြယ္ေရးသေဘာတူညီခ်က္ရဲ႕ ပထမဆုံးအဆင့္ကို လုပ္ေဆာင္ဖို႔ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလမွာ သေဘာတူညီခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ အေမရိကန္နဲ႔အိႏၵိယတို႔ဟာ ႏွစ္ႏိုင္ငံၾကားကုန္သြယ္မႈကို (၂၀၃၀)ခုႏွစ္မွာ အေမရိကန္ေဒၚလာ(၅၀၀)ဘီလ်ံထိေရာက္ရွိဖို႔ ရည္မွန္းထားၾကတယ္လို႔လည္း သိရပါတယ္။အိႏၵိယအစိုးရအရာရွိတစ္ဦးက”အခြန္စည္းၾကပ္မႈကို ရက္ေပါင္း(၉၀)ၾကာရပ္ဆိုင္းလိုက္တာဟာ အိႏၵိယတင္ပို႔သူေတြ အထူးသျဖင့္ ပုဇြန္တင္ပို႔သူေတြအတြက္ သက္သာရာရေစပါတယ္။အိႏၵိယဟာ အေမရိကန္နဲ႔ ကုန္သြယ္ေရးသေဘာတူညီခ်က္အတြက္ ေဆြးေႏြးမႈေတြလုပ္ေဆာင္ခဲ့တဲ့ ႏိုင္ငံေတြထဲကတစ္ႏိုင္ငံျဖစ္ၿပီး ဒီသေဘာတူညီခ်က္ကို ၿပီးဆုံးေအာင္လုပ္ေဆာင္ဖို႔အတြက္ ပူးတြဲသေဘာတူထားပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ကမာၻလုံးဆိုင္ရာပို႔ကုန္နဲ႔ ကုန္သြယ္မႈဟာ အေမရိကန္နဲ႔တ႐ုတ္ႏိုင္ငံၾကား ျဖစ္ပြားလ်က္ရွိတဲ့ ကုန္သြယ္ေရးတင္းမာမႈေတြအေပၚ ဆက္လက္မူတည္ေနဦးမွာျဖစ္တယ္လို႔ အိႏၵိယအစိုးရအရာရွိကေျပာၾကားခဲ့ပါတယ္။အဲ့ဒီအစီရင္ခံစာေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုမႈေတြကို အိႏၵိယကုန္သြယ္ေရးဝန္ႀကီးဌာနက ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကာတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.