နောက်ထပ်ပြဿနာတွေ မဖြစ်စေဖို့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးယာကူဇာအဖွဲ့ ကတိပြု

686

Pika
ဂျပန်နိုင်ငံရဲ့ အကြီးဆုံးယာကူဇာအဖွဲ့ဟာ အခြားခွဲထွက်အဖွဲ့တွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ အာဏာပိုင်တွေကို ကတိပြုထားတယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ Yamaguchi-gumi အဖွဲ့အစည်းဟာ (၂၀၁၅)ခုနှစ်မှာ ခွဲထွက်သွားခဲ့တဲ့ ၎င်းရဲ့အဖွဲ့ဝင်ဟောင်းတွေ ဖွဲ့စည်းထားတဲ့ ယာကူဇာအဖွဲ့တွေနဲ့ သွေးထွက်သံယိုဖြစ်စေတဲ့ စစ်ပွဲကို ဆင်နွှဲခဲ့တာ အချိန်အတော်ကြာပြီဖြစ်တယ်လို့လည်း သိရပါတယ်။ Yamaguchi-gumi အဖွဲ့အစည်းရဲ့ အကြီးတန်းအဖွဲ့ဝင်တွေဟာ တိုက်ခိုက်မှုအားလုံးကို အဆုံးသတ်ဖို့နဲ့ ပြဿနာတွေမဖြစ်စေဖို့ ကတိပြုထားတဲ့စာတစ်စောင်ကို ရဲတပ်ဖွဲ့ဆီကို လူကိုယ်တိုင်ပေးပို့ခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတစ်ဦးကပြောကြားခဲ့ပါတယ်။ယာကူဇာအဖွဲ့တွေကြားဖြစ်ပွားနေတဲ့ ပြင်းထန်လာတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ဂျပန်အာဏာပိုင်တွေဟာ (၂၀၂၀)ခုနှစ်တည်းက ယာကူဇာအဖွဲ့ အများအပြားကို အနီးကပ်စောင့်ကြည့်ထောက်လှမ်းမှုတွေလုပ်ဆောင်ခဲ့ပြီး ၎င်းတို့ရဲ့လှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ဒါပေမယ့်လည်း Yamaguchi-gumi အဖွဲ့အစည်းရဲ့ ကတိပြုမှုဟာ ၎င်းတို့အပေါ်ထားရှိတဲ့ တင်းကျပ်တဲ့ကန့်သတ်မှုတွေကို ဖြေလျှော့စေဖို့ ရည်ရွယ်ထားတာမျိုးဖြစ်နိုင်တယ်လို့ ဒေသတွင်းမီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အခြားခွဲထွက်ယာကူဇာအဖွဲ့တွေရဲ့ အစီအစဉ်တွေကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့ ဂျပန်ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။

Zawgyi Version:
ေနာက္ထပ္ျပႆနာေတြ မျဖစ္ေစဖို႔ ဂ်ပန္ႏိုင္ငံရဲ႕ အႀကီးဆုံးယာကူဇာအဖြဲ႕ ကတိျပဳ
Pika
ဂ်ပန္ႏိုင္ငံရဲ႕ အႀကီးဆုံးယာကူဇာအဖြဲ႕ဟာ အျခားခြဲထြက္အဖြဲ႕ေတြနဲ႔ ျဖစ္ပြားေနတဲ့ စစ္ပြဲကို အဆုံးသတ္ဖို႔ အာဏာပိုင္ေတြကို ကတိျပဳထားတယ္လို႔ ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့ပါတယ္။ Yamaguchi-gumi အဖြဲ႕အစည္းဟာ (၂၀၁၅)ခုႏွစ္မွာ ခြဲထြက္သြားခဲ့တဲ့ ၎ရဲ႕အဖြဲ႕ဝင္ေဟာင္းေတြ ဖြဲ႕စည္းထားတဲ့ ယာကူဇာအဖြဲ႕ေတြနဲ႔ ေသြးထြက္သံယိုျဖစ္ေစတဲ့ စစ္ပြဲကို ဆင္ႏႊဲခဲ့တာ အခ်ိန္အေတာ္ၾကာၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။ Yamaguchi-gumi အဖြဲ႕အစည္းရဲ႕ အႀကီးတန္းအဖြဲ႕ဝင္ေတြဟာ တိုက္ခိုက္မႈအားလုံးကို အဆုံးသတ္ဖို႔နဲ႔ ျပႆနာေတြမျဖစ္ေစဖို႔ ကတိျပဳထားတဲ့စာတစ္ေစာင္ကို ရဲတပ္ဖြဲ႕ဆီကို လူကိုယ္တိုင္ေပးပို႔ခဲ့တာျဖစ္တယ္လို႔ ရဲအရာရွိတစ္ဦးကေျပာၾကားခဲ့ပါတယ္။ယာကူဇာအဖြဲ႕ေတြၾကားျဖစ္ပြားေနတဲ့ ျပင္းထန္လာတဲ့ အၾကမ္းဖက္မႈေတြနဲ႔ပတ္သက္ၿပီး ဂ်ပန္အာဏာပိုင္ေတြဟာ (၂၀၂၀)ခုႏွစ္တည္းက ယာကူဇာအဖြဲ႕ အမ်ားအျပားကို အနီးကပ္ေစာင့္ၾကည့္ေထာက္လွမ္းမႈေတြလုပ္ေဆာင္ခဲ့ၿပီး ၎တို႔ရဲ႕လႈပ္ရွားမႈေတြကို ျပင္းျပင္းထန္ထန္ ကန႔္သတ္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ဒါေပမယ့္လည္း Yamaguchi-gumi အဖြဲ႕အစည္းရဲ႕ ကတိျပဳမႈဟာ ၎တို႔အေပၚထားရွိတဲ့ တင္းက်ပ္တဲ့ကန႔္သတ္မႈေတြကို ေျဖေလွ်ာ့ေစဖို႔ ရည္႐ြယ္ထားတာမ်ိဳးျဖစ္ႏိုင္တယ္လို႔ ေဒသတြင္းမီဒီယာေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီး အျခားခြဲထြက္ယာကူဇာအဖြဲ႕ေတြရဲ႕ အစီအစဥ္ေတြကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးဘူးလို႔ ဂ်ပန္ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့ပါတယ္။