အမေရိကန်နဲ့ဆွေးနွေးမှုတွေက အပြန်အလှန်လေးစားမှုအပေါ် အခြေခံရမယ်လို့ တရုတ်အစိုးရပြော

 282

Pika
အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ တရုတ်နိုင်ငံက လမ်းဖွင့်ထားပေမယ့်လည်း ဆွေးနွေးပွဲတွေဟာ အပြန်အလှန် လေးစားမှုနဲ့ တန်းတူညီမျှမှုတို့အပေါ် အခြေခံရမယ်လို့ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ဒါ့ပြင် ဖိအားပေးမှုတွေ၊ခြိမ်းခြောက်မှုတွေနဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ တရုတ်နိုင်ငံကို ကိုင်တွယ်ဖို့အတွက် မှန်ကန်တဲ့နည်းလမ်းတစ်ခုမဟုတ်ဘူးလို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ He Yongqianက ပြောကြားခဲ့ပါတယ်။ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့တရုတ်တို့ဟာ အခွန်ကောက်ခံမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေ စတင်ခဲ့တာမျိုး ရှိ/မရှိဆိုတဲ့ သတင်းထောက်တွေရဲ့မေးခွန်းတွေကို He Yongqianက ယခုလိုပြန်လည်တုံ့ပြန်ဖြေကြားခဲ့တာမျိုးဖြစ်တယ်လို့လည်း သိရပါတယ်။ He Yongqianက”အမေရိကန်က သူ့နည်းသူ့ဟန်အတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်ဆိုရင် တရုတ်ဘက်ကလည်း အဆုံးအထိ ဆက်လက်လုပ်ဆောင်သွားမှာပါ။”လို့ပြောဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလမှာ အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ယူခဲ့တဲ့ သမ္မတဒေါ်နယ်ထရမ့်ဟာ တရုတ်နိုင်ငံအပေါ် အခွန်စည်းကြပ်မှုတွေကို အကြိမ်ကြိမ်ချမှတ်ခဲ့ပြီးနောက် အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် အမေရိကန်ရဲ့ တရုတ်အပေါ် အခွန်စည်းကြပ်မှုတွေနဲ့ပတ်သက်ပြီး လက်တုံ့ပြန်မှုတွေကို လုပ်ဆောင်သွားမယ်လို့လည်း တရုတ်အစိုးရဘက်က အကြိမ်ကြိမ် ကတိပြုပြောဆိုခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္နဲ႔ေဆြးေႏြးမႈေတြက အျပန္အလွန္ေလးစားမႈအေပၚ အေျခခံရမယ္လို႔ တ႐ုတ္အစိုးရေျပာ
Pika
အေမရိကန္နဲ႔ ေတြ႕ဆုံေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ တ႐ုတ္ႏိုင္ငံက လမ္းဖြင့္ထားေပမယ့္လည္း ေဆြးေႏြးပြဲေတြဟာ အျပန္အလွန္ ေလးစားမႈနဲ႔ တန္းတူညီမွ်မႈတို႔အေပၚ အေျခခံရမယ္လို႔ တ႐ုတ္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ ဖိအားေပးမႈေတြ၊ၿခိမ္းေျခာက္မႈေတြနဲ႔ ပိတ္ဆို႔အေရးယူမႈေတြဟာ တ႐ုတ္ႏိုင္ငံကို ကိုင္တြယ္ဖို႔အတြက္ မွန္ကန္တဲ့နည္းလမ္းတစ္ခုမဟုတ္ဘူးလို႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ He Yongqianက ေျပာၾကားခဲ့ပါတယ္။ကမာၻ႔စီးပြားေရးအင္အားအႀကီးဆုံး ႏွစ္ႏိုင္ငံျဖစ္တဲ့ အေမရိကန္နဲ႔တ႐ုတ္တို႔ဟာ အခြန္ေကာက္ခံမႈဆိုင္ရာ ညႇိႏႈိင္းေဆြးေႏြးမႈေတြ စတင္ခဲ့တာမ်ိဳး ရွိ/မရွိဆိုတဲ့ သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြကို He Yongqianက ယခုလိုျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့တာမ်ိဳးျဖစ္တယ္လို႔လည္း သိရပါတယ္။ He Yongqianက”အေမရိကန္က သူ႔နည္းသူ႔ဟန္အတိုင္း ဆက္လက္လုပ္ေဆာင္သြားမယ္ဆိုရင္ တ႐ုတ္ဘက္ကလည္း အဆုံးအထိ ဆက္လက္လုပ္ေဆာင္သြားမွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။ၿပီးခဲ့တဲ့ဇန္နဝါရီလမွာ အေမရိကန္သမၼတအျဖစ္ စတင္တာဝန္ယူခဲ့တဲ့ သမၼတေဒၚနယ္ထရမ့္ဟာ တ႐ုတ္ႏိုင္ငံအေပၚ အခြန္စည္းၾကပ္မႈေတြကို အႀကိမ္ႀကိမ္ခ်မွတ္ခဲ့ၿပီးေနာက္ အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံၾကား တင္းမာမႈေတြ ျမင့္တက္လာခဲ့တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ အေမရိကန္ရဲ႕ တ႐ုတ္အေပၚ အခြန္စည္းၾကပ္မႈေတြနဲ႔ပတ္သက္ၿပီး လက္တုံ႔ျပန္မႈေတြကို လုပ္ေဆာင္သြားမယ္လို႔လည္း တ႐ုတ္အစိုးရဘက္က အႀကိမ္ႀကိမ္ ကတိျပဳေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.