ပဲခူးတိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင် ပိုမိုရရှိရန် လုပ်ငန်းရှင်များကို တိုင်းဝန်ကြီးချုပ်ဖိတ်ခေါ်

515

Pearl (NP News) - ဧပြီ ၁၁
ပဲခူးတိုင်းဒေသကြီးတွင် လျှပ်စစ်နှင့်စွမ်းအင် ပိုမိုရရှိရန်အတွက် လုပ်ငန်းရှင်များကို တိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဖိတ်ခေါ်ထားသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ အစည်းအဝေးကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ယမန်နေ့ (ဧပြီ ၁၀ ရက်) ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် တိုင်းဝန်ကြီးချုပ် က တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ကဏ္ဍကြီး(၅)ရပ်ရှိသည့်အနက် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရေး ဖိတ်ခေါ်ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်းသိရသည်။
အလားတူ ကုန်ထုတ်လုပ်မှု အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေး စက်မှုဇုန်ရှိ စက်ရုံ/အလုပ်ရုံများ Solar System သုံးစွဲနိုင်ရေး စည်းရုံး ဆောင်ရွက်ရန် နှင့် တိုင်းဒေသကြီးအတွင်း အငယ်စား၊ အသေးစား၊ အလတ်စား Solar စနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံများ တည်ဆောက်ဖြန့်ဖြူးနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ရမည့်အပြင် စိုက်ပျိုးရေးအတွက် ဓါတ်မြေဩဇာစက်ရုံများ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ရန် လည်း မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုင်းဒေသကြီးအတွင်း ဘက်စုံ၊ ကဏ္ဍစုံ ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရန် နှင့် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပေါများစေရန် ကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းလည်း သိရသည်။
ပဲခူးတိုင်းအတွင်း ၂၀၂၅ ခုနှစ်၊ ဧပြီလ၌ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးမြှင့်ခြင်း ငွေကျပ်(၂၃၄၃)သန်းနှင့် အလုပ်အကိုင်အခွင့်အလမ်း (၈၇)ဦး ဖန်တီးပေးနိုင်ခဲ့သဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ယနေ့အထိ ပဲခူးတိုင်း အတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ(၂၀၉.၀၂၂)သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ်သန်း(၁၉၇၀၅၄.၂၂၁)သန်း ဝင်ရောက်ခဲ့ပြီး အလုပ် အကိုင် အခွင့်အလမ်း (၁၃၃၂၁)ဦး ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ပဲခူးတိုင္းတြင္ လွ်ပ္စစ္ႏွင့္စြမ္းအင္ ပိုမိုရရွိရန္ လုပ္ငန္းရွင္မ်ားကို တိုင္းဝန္ႀကီးခ်ဳပ္ဖိတ္ေခၚ
Pearl (NP News) - ဧၿပီ ၁၁
ပဲခူးတိုင္းေဒသႀကီးတြင္ လွ်ပ္စစ္ႏွင့္စြမ္းအင္ ပိုမိုရရွိရန္အတြက္ လုပ္ငန္းရွင္မ်ားကို တိုင္းဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေဆြဝင္းက ဖိတ္ေခၚထားသည္။
ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံး၊ အစည္းအေဝးခန္းမ၌ တိုင္းေဒသႀကီးရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မတီ အစည္းအေဝးကို တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေဆြဝင္း ဦးေဆာင္၍ ယမန္ေန႔ (ဧၿပီ ၁၀ ရက္) က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါ အစည္းအေဝးတြင္ တိုင္းဝန္ႀကီးခ်ဳပ္ က တိုင္းေဒသႀကီးအတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈ က႑ႀကီး(၅)ရပ္ရွိသည့္အနက္ လွ်ပ္စစ္ႏွင့္စြမ္းအင္က႑ ရင္းႏွီးျမႇဳပ္ႏွံမႈတိုးတက္လာေစေရး ဖိတ္ေခၚေဆာင္႐ြက္ရန္ ေျပာၾကားခဲ့ေၾကာင္းသိရသည္။
အလားတူ ကုန္ထုတ္လုပ္မႈ အရွိန္အဟုန္မျပတ္ ေဆာင္႐ြက္ႏိုင္ေရး စက္မႈဇုန္ရွိ စက္႐ုံ/အလုပ္႐ုံမ်ား Solar System သုံးစြဲႏိုင္ေရး စည္း႐ုံး ေဆာင္႐ြက္ရန္ ႏွင့္ တိုင္းေဒသႀကီးအတြင္း အငယ္စား၊ အေသးစား၊ အလတ္စား Solar စနစ္ျဖင့္ လွ်ပ္စစ္ဓါတ္အားေပးစက္႐ုံမ်ား တည္ေဆာက္ျဖန႔္ျဖဴးႏိုင္ေရး ဖိတ္ေခၚေဆာင္႐ြက္ရမည့္အျပင္ စိုက္ပ်ိဳးေရးအတြက္ ဓါတ္ေျမဩဇာစက္႐ုံမ်ား လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံႏိုင္ေရး ခ်ိတ္ဆက္ေဆာင္႐ြက္ရန္ လည္း မွာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ တိုင္းေဒသႀကီးအတြင္း ဘက္စုံ၊ က႑စုံ ရင္းႏွီးျမႇဳပ္ႏွံမႈ တိုးတက္ေစရန္ ႏွင့္ ေဒသတြင္း အလုပ္အကိုင္ အခြင့္အလမ္းမ်ား ေပါမ်ားေစရန္ ႀကိဳးစားေဆာင္႐ြက္ရန္ မွာၾကားခဲ့ေၾကာင္းလည္း သိရသည္။
ပဲခူးတိုင္းအတြင္း ၂၀၂၅ ခုႏွစ္၊ ဧၿပီလ၌ ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏ တိုးျမႇင့္ျခင္း ေငြက်ပ္(၂၃၄၃)သန္းႏွင့္ အလုပ္အကိုင္အခြင့္အလမ္း (၈၇)ဦး ဖန္တီးေပးႏိုင္ခဲ့သျဖင့္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၁)ရက္ေန႔မွ ယေန႔အထိ ပဲခူးတိုင္း အတြင္းသို႔ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ အေမရိကန္ ေဒၚလာ(၂၀၉.၀၂၂)သန္း၊ ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ က်ပ္သန္း(၁၉၇၀၅၄.၂၂၁)သန္း ဝင္ေရာက္ခဲ့ၿပီး အလုပ္ အကိုင္ အခြင့္အလမ္း (၁၃၃၂၁)ဦး ေဖာ္ေဆာင္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။