တရုတ်အစိုးရက ယွမ်ငွေ ၁ ဘီလျံထပ်မံပံ့ပိုးပေးမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးနှင့် ဘေးအန္တရာယ် ကာကွယ်လျှော့ချရေး လုပ်ငန်းစဉ်များ ရေးဆွဲရာတွင် ပံ့ပိုးကူညီသွားမည်

 701

Pearl (NP News) -ဧပြီ ၁၁

တရုတ်အစိုးရက ယွမ်ငွေ ၁ ဘီလျံထပ်မံပံ့ပိုးပေးမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးနှင့် ဘေးအန္တရာယ် ကာကွယ်လျှော့ချရေး လုပ်ငန်းစဉ်များ ရေးဆွဲရာတွင် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး က ယမန်နေ့ (ဧပြီလ ၁၀)ရက်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအစိုးရ၏ တောင်းဆိုချက်အရ တရုတ်အစိုးရသည် ယွမ်ငွေ ၁ ဘီလီယံ အရေးပေါ်လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးအကူအညီကို ထပ်မံပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါငွေဖြင့် လောင်စာဆီ၊ Plank House၊ ခွဲစိတ်ခန်း၊ ဆေးဝါးနှင့် ကာကွယ်ဆေးများစသည့် အရေးတကြီး လိုအပ်သောပစ္စည်းများပါဝင်ပြီး ကျန်းမာရေးနှင့်ရောဂါကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်အဖွဲ့ များကို ကုသရေးနှင့် ပိုးသတ်ရေးလုပ်ငန်းများဆောင်ရွက်ရန် စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဘေးအန္တရာယ် အကဲဖြတ်ရေးအဖွဲ့ စေလွှတ်၍ ငလျင်ဒဏ်ခံစားရဒေသများသို့ ကွင်းဆင်းစစ်ဆေးပြီး မြန်မာနိုင်ငံ ဘေးဒဏ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဘေးအန္တရာယ် ကာကွယ်လျှော့ချရေး လုပ်ငန်းစဉ်များ ရေးဆွဲရာတွင် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ယဉ်ကျေးမှုအမွေအနှစ်နှင့် အဆောက်အဦဆိုင်ရာ စစ်ဆေးရေးအဖွဲ့များ စေလွှတ်ကာ ပျက်စီးနေသော ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ၊ အဆောက်အဦများကို စစ်ဆေးအကဲဖြတ်ခြင်း၊ ခိုင်ခံ့မှုစမ်းသပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မန္တလေးငလျင်ကြီး ဖြစ်ပွားချိန်မှစ၍ တရုတ်အစိုးရသည် ကနဦးအဖြစ် ယွမ်ငွေ သန်း ၁၀၀ တန်ဖိုးရှိ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးအကူအညီများ ပေးအပ်ခဲ့သည့်အပြင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ကာ ကယ်ဆယ်ရေး ပစ္စည်းများပို့ဆောင်ပေးခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သော ကယ်ဆယ်ရေးအဖွဲ့တို့သည် ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်နိုင်ခဲ့ပြီး ဧပြီလ ၉ ရက်နေ့တွင် တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

Zawgyi Version:
တ႐ုတ္အစိုးရက ယြမ္ေငြ ၁ ဘီလ်ံထပ္မံပံ့ပိုးေပးမည္ျဖစ္ၿပီး ျပန္လည္ထူေထာင္ေရးႏွင့္ ေဘးအႏၲရာယ္ ကာကြယ္ေလွ်ာ့ခ်ေရး လုပ္ငန္းစဥ္မ်ား ေရးဆြဲရာတြင္ ပံ့ပိုးကူညီသြားမည္
Pearl (NP News) -ဧၿပီ ၁၁

တ႐ုတ္အစိုးရက ယြမ္ေငြ ၁ ဘီလ်ံထပ္မံပံ့ပိုးေပးမည္ျဖစ္ၿပီး ျပန္လည္ထူေထာင္ေရးႏွင့္ ေဘးအႏၲရာယ္ ကာကြယ္ေလွ်ာ့ခ်ေရး လုပ္ငန္းစဥ္မ်ား ေရးဆြဲရာတြင္ ပံ့ပိုးကူညီသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံး က ယမန္ေန႔ (ဧၿပီလ ၁၀)ရက္က ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံအစိုးရ၏ ေတာင္းဆိုခ်က္အရ တ႐ုတ္အစိုးရသည္ ယြမ္ေငြ ၁ ဘီလီယံ အေရးေပၚလူသား ခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ကယ္ဆယ္ေရးအကူအညီကို ထပ္မံပံ့ပိုးေပးမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါေငြျဖင့္ ေလာင္စာဆီ၊ Plank House၊ ခြဲစိတ္ခန္း၊ ေဆးဝါးႏွင့္ ကာကြယ္ေဆးမ်ားစသည့္ အေရးတႀကီး လိုအပ္ေသာပစၥည္းမ်ားပါဝင္ၿပီး က်န္းမာေရးႏွင့္ေရာဂါကာကြယ္ေရးဆိုင္ရာ ကြၽမ္းက်င္အဖြဲ႕ မ်ားကို ကုသေရးႏွင့္ ပိုးသတ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရန္ ေစလႊတ္မည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ေဘးအႏၲရာယ္ အကဲျဖတ္ေရးအဖြဲ႕ ေစလႊတ္၍ ငလ်င္ဒဏ္ခံစားရေဒသမ်ားသို႔ ကြင္းဆင္းစစ္ေဆးၿပီး ျမန္မာႏိုင္ငံ ေဘးဒဏ္ၿပီးေနာက္ ျပန္လည္ထူေထာင္ေရးႏွင့္ ေဘးအႏၲရာယ္ ကာကြယ္ေလွ်ာ့ခ်ေရး လုပ္ငန္းစဥ္မ်ား ေရးဆြဲရာတြင္ ပံ့ပိုးကူညီသြားမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူ ယဥ္ေက်းမႈအေမြအႏွစ္ႏွင့္ အေဆာက္အဦဆိုင္ရာ စစ္ေဆးေရးအဖြဲ႕မ်ား ေစလႊတ္ကာ ပ်က္စီးေနေသာ ေရွးေဟာင္း ယဥ္ေက်းမႈအေမြအႏွစ္ပစၥည္းမ်ား၊ အေဆာက္အဦမ်ားကို စစ္ေဆးအကဲျဖတ္ျခင္း၊ ခိုင္ခံ့မႈစမ္းသပ္ျခင္းႏွင့္ ျပဳျပင္မြမ္းမံျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။


မႏၲေလးငလ်င္ႀကီး ျဖစ္ပြားခ်ိန္မွစ၍ တ႐ုတ္အစိုးရသည္ ကနဦးအျဖစ္ ယြမ္ေငြ သန္း ၁၀၀ တန္ဖိုးရွိ အေရးေပၚလူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ငလ်င္ကယ္ဆယ္ေရးအကူအညီမ်ား ေပးအပ္ခဲ့သည့္အျပင္ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မ်ားကို ေစလႊတ္ကာ ကယ္ဆယ္ေရး ပစၥည္းမ်ားပို႔ေဆာင္ေပးခဲ့ၿပီး လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ ကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္ ပါဝင္ခဲ့ေသာ ကယ္ဆယ္ေရးအဖြဲ႕တို႔သည္ ၎တို႔၏ တာဝန္မ်ားကို ေဆာင္႐ြက္ႏိုင္ခဲ့ၿပီး ဧၿပီလ ၉ ရက္ေန႔တြင္ တ႐ုတ္ႏိုင္ငံသို႔ ျပန္လည္ထြက္ခြာခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.