ငလျင်ကြောင့် ဂဏ္ဍကုဋိတိုက်ကြီးပြိုကျသွားခဲ့သော်လည်း လောကသရဖူစကျင်ရုပ်ပွားတော်ကြီး ထိခိုက်မှုမရှိခဲ့

 3739

စော(NP News)-ဧပြီ ၁၁

ပြီးခဲ့သည့် မတ်လ ၂၈ရက်က ပြင်းအား (၇ဒဿမ၇)အဆင့်ရှိ မန္တလေးငလျင်ကြီးကြောင့် အင်းဝ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အတွင်းရှိ လောကသရဖူစကျင်ရုပ်ပွားတော်ကြီးသည် ဂဏ္ဍကုဋိတိုက်ကြီးပြိုကျသွားခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း ရှေးဟောင်းသုတေသီ၊ စာရေးဆရာ ဗိုလ်ရှိတ်(ရတနာပူရ)က NP Newsကိုပြောသည်။

အဆိုပါ လောကသရဖူဘုရားကြီးသည် ညောင်ရမ်းမင်းဆက် ကိုးဆက်မြောက်ဖြစ်သော ဆင်ဖြူရှင် တနင်္ဂနွေမင်းကြီးက အေဒီ ၁၇၃၀၊ သက္ကရာဇ် ၁၀၉၂ ခုနှစ်တွင် စတင်တည်ထားခဲ့ပြီး မပြီးစီးမီ နတ်ရွာစံခဲ့သဖြင့် သားတော် မဟာဓမ္မရာဇာဓိပတိ ကြာသပတေးမင်းက အေဒီ ၁၇၃၃၊ သက္ကရာဇ် ၁၀၉၅ ခုနှစ်တွင် ဆက်လက်ထုလုပ်ခဲ့ကာ အုတ်ပြဿာဒ်(ဂဏ္ဍကုဋိတိုက်)ဖြင့် တည်ထားကိုးကွယ်ခဲ့ကြောင်း သိရသည်။

လောကသရဖူရုပ်ပွားတော်ကြီးသည် တစ်တုံးတည်သော စကျင်ကျောက်သားကြီးကို မြေအောက်တစ်ဝက်၊ မြေပေါ်တစ်ဝက် စိုက်ထူထုဆစ်ပူဇော်ခဲ့ခြင်းဖြစ်ပြီး ဉာဏ်တော်အမြင့်မှာ (၁၈ တောင် ၁) မိုက်၊ တင်ပလင်ခွေတော်အကျယ် (၁၂ တောင် ၁) မိုက်ဖြစ်ကာ အလေးချိန်အားဖြင့် (၄၉၀ ဒသမ ၃၆) တန်ဖြစ်ကြောင်း သိရသည်။

“အဲဒီ လောကသရဖူစကျင်ရုပ်ပွားတော်ကြီးရှိတဲ့ ဂဏ္ဍကုဋိတိုက်ကြီးက လုံးဝပြိုကျသွားတယ်။ လုံးဝပြိုကျသွားတော့ အုတ်ပုံကြီးဘဝရောက်သွားတယ်။ အဲဒီအချိန်မှာ ရုပ်ပွားတော်ကြီးက မမြင်ရသေးဘူး။ အခုပြန်ပြီးတော့ အုတ်တွေကိုဖယ်ရှားရှင်းလိုက်တဲ့အခါမှာ လောကသရဖူစကျင် ရုပ်ပွားတော်ကြီးက မကျိုးမပျက်ဘဲနဲ့ အကောင်းပတိအတိုင်း ဘာမှမဖြစ်ဘဲ ရှိတယ်။ သူရဲ့နောက်ကအမှီအုတ်ကြီးက ရုပ်ပွားကြီးတော်ကို ကာကွယ်ပေးထားသလိုဖြစ်ပြီးတော့ ရုပ်ပွားတော်ကြီးရဲ့ မျက်နှာတော်၊ လက်တော်တွေကော ဘာမှထိခိုက်ဒဏ်ရာမရှိပါဘူး။ နဂိုမူလအတိုင်း ကျန်ရှိနေပါတယ်”ဟု စာရေးဆရာ ဗိုလ်ရှိတ်က ပြောသည်။

ထို့ပြင် လောကသရဖူစကျင်ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပယ်ရာ အုတ်ပြာသာဒ်၏ အနောက်ဘက်ကပ်လျက်တွင် မဟာလောကသင်းကျစ်ဟူ၍ စေတီတော်တစ်ဆူလည်း ကိုယ်လုံးတော်အက်သွားခဲ့ပြီး ထီးတော်ယိုင်သွားခဲ့ကြောင်း သိရသည်။

“ညောင်ရမ်းခေတ်ရုပ်ပွားတော်ကြီးကို ထိခိုက်ဒဏ်ရာမရှိဘဲနဲ့ မူလအတိုင်းကျန်ရှိနေတာကတော့ အလွန်ကောင်းတဲ့ရလဒ်ကြီးတစ်ခုပေါ့။ ရှားရှားပါးပါးဒီရုပ်ပွားတော်ကြီး မပျက်စီးတာကိုက ကျွန်တော်တို့အတွက် ကံကောင်းတာပဲလေ။ အစားထိုးလို့မရတဲ့ ကံကောင်းခြင်းတစ်မျိုးပေါ့”ဟု ၎င်းကဖြည့်စွက်ပြောသည်။

အဆိုပါငလျင်ကြောင့် မန္တလေးနှင့် အင်းဝဒေသတို့ရှိ ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး အင်းဝရှေးဟောင်းအမွေအနှစ်အဆောက်အအုံ (၇၅)ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးခဲ့ရကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ယမန်နေ့ (ဧပြီလ ၁၀ရက်)တွင် ထုတ်ပြန်ထားသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ ဂ႑ကုဋိတိုက္ႀကီးၿပိဳက်သြားခဲ့ေသာ္လည္း ေလာကသရဖူစက်င္႐ုပ္ပြားေတာ္ႀကီး ထိခိုက္မႈမရွိခဲ့

ေစာ(NP News)-ဧၿပီ ၁၁

ၿပီးခဲ့သည့္ မတ္လ ၂၈ရက္က ျပင္းအား (၇ဒႆမ၇)အဆင့္ရွိ မႏၲေလးငလ်င္ႀကီးေၾကာင့္ အင္းဝ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္ဇုန္အတြင္းရွိ ေလာကသရဖူစက်င္႐ုပ္ပြားေတာ္ႀကီးသည္ ဂ႑ကုဋိတိုက္ႀကီးၿပိဳက်သြားခဲ့ေသာ္လည္း ထိခိုက္မႈမရွိခဲ့ေၾကာင္း ေရွးေဟာင္းသုေတသီ၊ စာေရးဆရာ ဗိုလ္ရွိတ္(ရတနာပူရ)က NP Newsကိုေျပာသည္။

အဆိုပါ ေလာကသရဖူဘုရားႀကီးသည္ ေညာင္ရမ္းမင္းဆက္ ကိုးဆက္ေျမာက္ျဖစ္ေသာ ဆင္ျဖဴရွင္ တနဂၤေႏြမင္းႀကီးက ေအဒီ ၁၇၃၀၊ သကၠရာဇ္ ၁၀၉၂ ခုႏွစ္တြင္ စတင္တည္ထားခဲ့ၿပီး မၿပီးစီးမီ နတ္႐ြာစံခဲ့သျဖင့္ သားေတာ္ မဟာဓမၼရာဇာဓိပတိ ၾကာသပေတးမင္းက ေအဒီ ၁၇၃၃၊ သကၠရာဇ္ ၁၀၉၅ ခုႏွစ္တြင္ ဆက္လက္ထုလုပ္ခဲ့ကာ အုတ္ျပႆာဒ္(ဂ႑ကုဋိတိုက္)ျဖင့္ တည္ထားကိုးကြယ္ခဲ့ေၾကာင္း သိရသည္။

ေလာကသရဖူ႐ုပ္ပြားေတာ္ႀကီးသည္ တစ္တုံးတည္ေသာ စက်င္ေက်ာက္သားႀကီးကို ေျမေအာက္တစ္ဝက္၊ ေျမေပၚတစ္ဝက္ စိုက္ထူထုဆစ္ပူေဇာ္ခဲ့ျခင္းျဖစ္ၿပီး ဉာဏ္ေတာ္အျမင့္မွာ (၁၈ ေတာင္ ၁) မိုက္၊ တင္ပလင္ေခြေတာ္အက်ယ္ (၁၂ ေတာင္ ၁) မိုက္ျဖစ္ကာ အေလးခ်ိန္အားျဖင့္ (၄၉၀ ဒသမ ၃၆) တန္ျဖစ္ေၾကာင္း သိရသည္။

“အဲဒီ ေလာကသရဖူစက်င္႐ုပ္ပြားေတာ္ႀကီးရွိတဲ့ ဂ႑ကုဋိတိုက္ႀကီးက လုံးဝၿပိဳက်သြားတယ္။ လုံးဝၿပိဳက်သြားေတာ့ အုတ္ပုံႀကီးဘဝေရာက္သြားတယ္။ အဲဒီအခ်ိန္မွာ ႐ုပ္ပြားေတာ္ႀကီးက မျမင္ရေသးဘူး။ အခုျပန္ၿပီးေတာ့ အုတ္ေတြကိုဖယ္ရွားရွင္းလိုက္တဲ့အခါမွာ ေလာကသရဖူစက်င္ ႐ုပ္ပြားေတာ္ႀကီးက မက်ိဳးမပ်က္ဘဲနဲ႔ အေကာင္းပတိအတိုင္း ဘာမွမျဖစ္ဘဲ ရွိတယ္။ သူရဲ႕ေနာက္ကအမွီအုတ္ႀကီးက ႐ုပ္ပြားႀကီးေတာ္ကို ကာကြယ္ေပးထားသလိုျဖစ္ၿပီးေတာ့ ႐ုပ္ပြားေတာ္ႀကီးရဲ႕ မ်က္ႏွာေတာ္၊ လက္ေတာ္ေတြေကာ ဘာမွထိခိုက္ဒဏ္ရာမရွိပါဘူး။ နဂိုမူလအတိုင္း က်န္ရွိေနပါတယ္”ဟု စာေရးဆရာ ဗိုလ္ရွိတ္က ေျပာသည္။

ထို႔ျပင္ ေလာကသရဖူစက်င္႐ုပ္ပြားေတာ္ျမတ္ႀကီး ကိန္းဝပ္စံပယ္ရာ အုတ္ျပာသာဒ္၏ အေနာက္ဘက္ကပ္လ်က္တြင္ မဟာေလာကသင္းက်စ္ဟူ၍ ေစတီေတာ္တစ္ဆူလည္း ကိုယ္လုံးေတာ္အက္သြားခဲ့ၿပီး ထီးေတာ္ယိုင္သြားခဲ့ေၾကာင္း သိရသည္။

“ေညာင္ရမ္းေခတ္႐ုပ္ပြားေတာ္ႀကီးကို ထိခိုက္ဒဏ္ရာမရွိဘဲနဲ႔ မူလအတိုင္းက်န္ရွိေနတာကေတာ့ အလြန္ေကာင္းတဲ့ရလဒ္ႀကီးတစ္ခုေပါ့။ ရွားရွားပါးပါးဒီ႐ုပ္ပြားေတာ္ႀကီး မပ်က္စီးတာကိုက ကြၽန္ေတာ္တို႔အတြက္ ကံေကာင္းတာပဲေလ။ အစားထိုးလို႔မရတဲ့ ကံေကာင္းျခင္းတစ္မ်ိဳးေပါ့”ဟု ၎ကျဖည့္စြက္ေျပာသည္။

အဆိုပါငလ်င္ေၾကာင့္ မႏၲေလးႏွင့္ အင္းဝေဒသတို႔ရွိ ေရွးေဟာင္းအေဆာက္အအုံမ်ား ထိခိုက္ပ်က္စီးခဲ့ၿပီး အင္းဝေရွးေဟာင္းအေမြအႏွစ္အေဆာက္အအုံ (၇၅)ရာခိုင္ႏႈန္းခန႔္ ထိခိုက္ပ်က္စီးခဲ့ရေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနက ယမန္ေန႔ (ဧၿပီလ ၁၀ရက္)တြင္ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.