မန္တလေးငလျင်ကြီးကြောင့် တိမ်းစောင်းသွားသည့် မဟာမြတ်မုနိဘုရားကြီး၏ မကိုဋ်တော်တည့်မတ်ရန် ပြင်ဆင်နေ

 6008

Pearl (NP News) - ဧပြီ ၁၁

မန္တလေးငလျင်ကြီးကြောင့် တိမ်းစောင်းသွားသည့် မဟာမြတ်မုနိဘုရားကြီး မကိုဋ်တော်ကို ပြန်လည် တည့်မတ်ရန် အတွက် ပြင်ဆင်ခြင်းကို ယနေ့ (ဧပြီ ၁၁ရက်) တွင် ဆောင်ရွက်နေကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့၏ အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီး ၏ စောင်းတန်းအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့သည့် အပြင် ဘုရားကြီး၏မကိုဋ်တော်သည်လည်း တိမ်းစောင်း သွား ခဲ့ကြောင်း သိရသည်။

“ဧပြီလ ၁၀ရက်က ကျွန်တော်တို့ ရောက်ခဲ့တဲ့ အချိန်မှာ ဘုရားကြီးမှာ ပျက်စီးနေတာတွေ ရှိတယ်။ စောင်းတန်းတွေ ဆိုရင် တော်တော်ဆိုးဆိုးရွားရွား ပျက်စီးနေတာရှိတယ်။ စောင်းတန်းမှာ အောက်ကတိုင်တွေကလည်း ပျက်စီးနေတယ်။ တော်တော်လေး ကြိုးစားပြီးတော့ တော်တော်လေး အချိန်ယူပြီးတော့ ပြင်ဆင်ရမယ့်သဘောရှိတယ်။ ကျန်တာတွေကတော့ ပြုပြင်ဖို့အတွက် စီမံထားတာတွေကိုတွေ့ရတယ်။ ထိန်းသိမ်းထားတဲ့ ခေါင်းလောင်းကြီး တစ်လုံးက အောက်ကို ကျွံကျပြီးတော့ ကွဲသွားတာ တွေ့ခဲ့ရတယ်။ အဲဒါကို မှန်နဲ့ကာထားတယ်။ ဘုရားကြီးမှာ ဆိုလည်း မကိုဋ်တော်က စောင်းနေတာတွေ့ခဲ့တယ်” ဟု ဘုရားကြီးသို့ သွားရောက်လေ့လာဖူးမျှော်ခဲ့သူ တစ်ဦးက NP News သို့ ပြောသည်။

ငလျင်ကြောင့် ပျက်စီးခဲ့မှုများကို ပြန်လည် ပြုပြင်မွမ်းမံရေးအတွက် အချိန်ယူကာ ဆောင်ရွက်ရမည် ဖြစ်ပြီး လက်ရှိတွင် တိမ်းစောင်းသွားသည့် ဘုရားကြီး၏ မကိုဋ်တော်ကို ပြန်လည်တည့်မတ်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်းလည်း သိရသည်။


“ဘုရားကြီးနဲ့ ပတ်သက်လို့ကတော့ ဘုရားကြီးကို မီးတွေ ဘာတွေနဲ့ ပူဇော်ထားတယ်။ အပြင်လူအဝင်မခံဘူး။ ပိတ်ပြီးတော့ စနစ်တကျ ဘုရားကြီးကိုထိန်းသိမ်းထားတာတွေ့ရတယ်။ မန္တလေးရဲ့ ထုံးစံအတိုင်း ရှင်လောင်းလှည့်တဲ့ ပွဲတွေမှာ ဘုရားကြီး ကိုဦးတိုက်ကြတယ်။ ငလျင်ကြီးပြီးတဲ့နောက်မှာတော့ ဘုရားကြီးရဲ့ ဂဏ္ဍကုဋိကို ဝင်ခွင့်မရတော့ဘဲနဲ့ အပြင်ကနေပြီးတော့ ဘုရားကြီးကိုရည်မှန်းပြီးတော့ဦးတိုက်နေတာကိုလည်းတွေ့ခဲ့ရတယ်” ဟု ၎င်းကဆက်လက် ပြောသည်။

မန္တလေးငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့်နေပြည်တော်တို့တွင် ထိခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက်ပေါင်း (၃၅၁၄)ကျောင်း၊ ဘုရားစေတီပေါင်း (၅၆၂၀)ဆူတို့အပြင် ဆေးရုံဆေးခန်း (၂၉၁)ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးငလ်င္ႀကီးေၾကာင့္ တိမ္းေစာင္းသြားသည့္ မဟာျမတ္မုနိဘုရားႀကီး၏ မကိုဋ္ေတာ္တည့္မတ္ရန္ ျပင္ဆင္ေန

Pearl (NP News) - ဧၿပီ ၁၁

မႏၲေလးငလ်င္ႀကီးေၾကာင့္ တိမ္းေစာင္းသြားသည့္ မဟာျမတ္မုနိဘုရားႀကီး မကိုဋ္ေတာ္ကို ျပန္လည္ တည့္မတ္ရန္ အတြက္ ျပင္ဆင္ျခင္းကို ယေန႔ (ဧၿပီ ၁၁ရက္) တြင္ ေဆာင္႐ြက္ေနေၾကာင္း မဟာမုနိဘုရားႀကီး ေဂါပကအဖြဲ႕၏ အခ်က္အလက္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ မတ္လ (၂၈)ရက္က လႈပ္ခတ္ခဲ့သည့္ မႏၲေလးငလ်င္ႀကီးေၾကာင့္ မႏၲေလးၿမိဳ႕ရွိ မဟာျမတ္မုနိဘုရားႀကီး ၏ ေစာင္းတန္းအေဆာက္အဦးမ်ား ထိခိုက္ပ်က္စီးခဲ့သည့္ အျပင္ ဘုရားႀကီး၏မကိုဋ္ေတာ္သည္လည္း တိမ္းေစာင္း သြား ခဲ့ေၾကာင္း သိရသည္။

“ဧၿပီလ ၁၀ရက္က ကြၽန္ေတာ္တို႔ ေရာက္ခဲ့တဲ့ အခ်ိန္မွာ ဘုရားႀကီးမွာ ပ်က္စီးေနတာေတြ ရွိတယ္။ ေစာင္းတန္းေတြ ဆိုရင္ ေတာ္ေတာ္ဆိုးဆိုး႐ြား႐ြား ပ်က္စီးေနတာရွိတယ္။ ေစာင္းတန္းမွာ ေအာက္ကတိုင္ေတြကလည္း ပ်က္စီးေနတယ္။ ေတာ္ေတာ္ေလး ႀကိဳးစားၿပီးေတာ့ ေတာ္ေတာ္ေလး အခ်ိန္ယူၿပီးေတာ့ ျပင္ဆင္ရမယ့္သေဘာရွိတယ္။ က်န္တာေတြကေတာ့ ျပဳျပင္ဖို႔အတြက္ စီမံထားတာေတြကိုေတြ႕ရတယ္။ ထိန္းသိမ္းထားတဲ့ ေခါင္းေလာင္းႀကီး တစ္လုံးက ေအာက္ကို ကြၽံက်ၿပီးေတာ့ ကြဲသြားတာ ေတြ႕ခဲ့ရတယ္။ အဲဒါကို မွန္နဲ႔ကာထားတယ္။ ဘုရားႀကီးမွာ ဆိုလည္း မကိုဋ္ေတာ္က ေစာင္းေနတာေတြ႕ခဲ့တယ္” ဟု ဘုရားႀကီးသို႔ သြားေရာက္ေလ့လာဖူးေမွ်ာ္ခဲ့သူ တစ္ဦးက NP News သို႔ ေျပာသည္။

ငလ်င္ေၾကာင့္ ပ်က္စီးခဲ့မႈမ်ားကို ျပန္လည္ ျပဳျပင္မြမ္းမံေရးအတြက္ အခ်ိန္ယူကာ ေဆာင္႐ြက္ရမည္ ျဖစ္ၿပီး လက္ရွိတြင္ တိမ္းေစာင္းသြားသည့္ ဘုရားႀကီး၏ မကိုဋ္ေတာ္ကို ျပန္လည္တည့္မတ္ရန္ ျပင္ဆင္ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။


“ဘုရားႀကီးနဲ႔ ပတ္သက္လို႔ကေတာ့ ဘုရားႀကီးကို မီးေတြ ဘာေတြနဲ႔ ပူေဇာ္ထားတယ္။ အျပင္လူအဝင္မခံဘူး။ ပိတ္ၿပီးေတာ့ စနစ္တက် ဘုရားႀကီးကိုထိန္းသိမ္းထားတာေတြ႕ရတယ္။ မႏၲေလးရဲ႕ ထုံးစံအတိုင္း ရွင္ေလာင္းလွည့္တဲ့ ပြဲေတြမွာ ဘုရားႀကီး ကိုဦးတိုက္ၾကတယ္။ ငလ်င္ႀကီးၿပီးတဲ့ေနာက္မွာေတာ့ ဘုရားႀကီးရဲ႕ ဂ႑ကုဋိကို ဝင္ခြင့္မရေတာ့ဘဲနဲ႔ အျပင္ကေနၿပီးေတာ့ ဘုရားႀကီးကိုရည္မွန္းၿပီးေတာ့ဦးတိုက္ေနတာကိုလည္းေတြ႕ခဲ့ရတယ္” ဟု ၎ကဆက္လက္ ေျပာသည္။

မႏၲေလးငလ်င္ႀကီးေၾကာင့္ မႏၲေလးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္ႏွင့္ေနျပည္ေတာ္တို႔တြင္ ထိခိုက္မႈမ်ားျဖစ္ေပၚခဲ့ၿပီး ဘုန္းေတာ္ႀကီးေက်ာင္းႏွင့္ သီလရွင္စာသင္တိုက္ေပါင္း (၃၅၁၄)ေက်ာင္း၊ ဘုရားေစတီေပါင္း (၅၆၂၀)ဆူတို႔အျပင္ ေဆး႐ုံေဆးခန္း (၂၉၁)ခု ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.