မန္တလေးငလျင်ကြီးနှင့် ၂၀၂၅ မဟာသင်္ကြန်

2770

ပြည့်ဖြိုး
မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်းအပြင်းအထန်ဆုံးလှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြောင့် မြန်မာနှစ်သစ်ကူးသင်္ကြန်ကာလသည် အတိုင်းအတာတစ်ခုအထိ ပျော်ရွှင်မှုနည်းပါးစွာကျော်ဖြတ်ရမည်ဖြစ်သည် ။စစ်ကိုင်း၊မန္တလေးနှင့်နေပြည်တော်အပါအဝင်မြို့ပေါင်းများစွာသက်ရောက်ခဲ့သည့်ငလျင်ကြီးသည် အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။ ငလျင်ကြီးကြောင့်မြန်မာနိုင်ငံတစ်ဝှမ်း လူဦးရေ၃၆၀၀ကျော် သေဆုံးကာ အခြေခံအဆောက်အအုံနှင့် အဆောက်အဦးပေါင်း ၆သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်းတရားဝင်သတင်းထုတ်ပြန်ချက်များအရသိရသည်။ လာမည့်ရက်ပိုင်းအတွင်းကျင်းပမည့်သင်္ကြန်ကာလသည် ပျော်ရွင်မှုများကို ယူဆောင်လာရန်အခက်အခဲရှိ နေပြီး ဝမ်းနည်းကြေကွဲဖွယ် ကာလအတွင်း နှစ်သစ်ကူးကာလကိုဖြတ်ကျော်ရမည်ဖြစ်သည်။ သက်ဆိုင်ရာက မဟာသင်္ကြန်ကာလအတွက်ကြိုတင်ဆောက်လုပ်ခဲ့သော ပျော်ပွဲရွင်ပွဲမဏ္ဍပ်များကိုပြန်လည် ဖြုတ်သိမ်းပြီး သာမန်ရေကစားမဏ္ဍပ်နှင့် စတုဒိသာ မဏ္ဍပ်များသာဆောက်လုပ်ထားကြောင်းသိရသည်။ ငလျင်ဒါဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် သေဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် နေ့များ သတ်မှတ်ပေးထားရာ နှစ်သစ်ကူးကာလသည် ပျော်ရွှင်မှုများကွယ်ပျောက်လာကြောင်းသိရသည်။ သာမန်အားဖြင့် ဈေးဝယ်စင်တာများ၊စူပါမားကတ်များ၊ကုန်တိုက်များတွင် သင်္ကြန်အထူးဈေးရောင်းပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပလေ့ရှိသော်လည်း လက်တလောတွင် တိတ်ဆိတ်မှုများသာလွမ်းမိုးနေလေသည်။ ငလျင်ဒါဏ်မခံရသောရန်ကုန်မြို့တွင် သင်္ကြန်ကာလနှစ်ကူးရက်များအတွင်း မြို့နယ်အလိုက် အပျော်တန်းမိသားစုအလိုက် ရေပတ်ခံမဏ္ဍပ်များသာရှိနိုင်ပြီး ယခင်နှစ်များကဲ့သို့ စည်ကားမှုနည်းပါးနိုင်ကြောင်း သိရသည်။ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်မှ ၁၃၈၇ခုနှစ်သို့ မကြာမီကူးပြောင်းတော့မည်ဖြစ်ရာ နှစ်သစ်အတွက် ကြေကွဲဝမ်းနည်းဖွယ်ရာများကို နှစ်သစ်ကူးသင်္ကြန် အတာရေနှင့်ဆေးကြော နိုင်စေရန် တောင်းဆုပြုရုံတပါး အခြားမရှိပေ။

Zawgyi Version:
မႏၲေလးငလ်င္ႀကီးႏွင့္ ၂၀၂၅ မဟာသၾကၤန္
ျပည့္ၿဖိဳး
ျမန္မာႏိုင္ငံတြင္ ဆယ္စုႏွစ္မ်ားစြာအတြင္းအျပင္းအထန္ဆုံးလႈပ္ခတ္ခဲ့ေသာ မႏၲေလးငလ်င္ေၾကာင့္ ျမန္မာႏွစ္သစ္ကူးသၾကၤန္ကာလသည္ အတိုင္းအတာတစ္ခုအထိ ေပ်ာ္႐ႊင္မႈနည္းပါးစြာေက်ာ္ျဖတ္ရမည္ျဖစ္သည္ ။စစ္ကိုင္း၊မႏၲေလးႏွင့္ေနျပည္ေတာ္အပါအဝင္ၿမိဳ႕ေပါင္းမ်ားစြာသက္ေရာက္ခဲ့သည့္ငလ်င္ႀကီးသည္ အသက္ဆုံးရႈံးမႈမ်ား ျဖစ္ေပၚေစခဲ့သည္။ ငလ်င္ႀကီးေၾကာင့္ျမန္မာႏိုင္ငံတစ္ဝွမ္း လူဦးေရ၃၆၀၀ေက်ာ္ ေသဆုံးကာ အေျခခံအေဆာက္အအုံႏွင့္ အေဆာက္အဦးေပါင္း ၆ေသာင္းေက်ာ္ ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္းတရားဝင္သတင္းထုတ္ျပန္ခ်က္မ်ားအရသိရသည္။ လာမည့္ရက္ပိုင္းအတြင္းက်င္းပမည့္သၾကၤန္ကာလသည္ ေပ်ာ္႐ြင္မႈမ်ားကို ယူေဆာင္လာရန္အခက္အခဲရွိ ေနၿပီး ဝမ္းနည္းေၾကကြဲဖြယ္ ကာလအတြင္း ႏွစ္သစ္ကူးကာလကိုျဖတ္ေက်ာ္ရမည္ျဖစ္သည္။ သက္ဆိုင္ရာက မဟာသၾကၤန္ကာလအတြက္ႀကိဳတင္ေဆာက္လုပ္ခဲ့ေသာ ေပ်ာ္ပြဲ႐ြင္ပြဲမ႑ပ္မ်ားကိုျပန္လည္ ျဖဳတ္သိမ္းၿပီး သာမန္ေရကစားမ႑ပ္ႏွင့္ စတုဒိသာ မ႑ပ္မ်ားသာေဆာက္လုပ္ထားေၾကာင္းသိရသည္။ ငလ်င္ဒါဏ္ေၾကာင့္ ပ်က္စီးဆုံးရႈံးမႈမ်ားႏွင့္ ေသဆုံးသူမ်ားအတြက္ ဝမ္းနည္းျခင္းအထိမ္းအမွတ္ ေန႔မ်ား သတ္မွတ္ေပးထားရာ ႏွစ္သစ္ကူးကာလသည္ ေပ်ာ္႐ႊင္မႈမ်ားကြယ္ေပ်ာက္လာေၾကာင္းသိရသည္။ သာမန္အားျဖင့္ ေဈးဝယ္စင္တာမ်ား၊စူပါမားကတ္မ်ား၊ကုန္တိုက္မ်ားတြင္ သၾကၤန္အထူးေဈးေရာင္းပြဲႏွင့္ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ား က်င္းပေလ့ရွိေသာ္လည္း လက္တေလာတြင္ တိတ္ဆိတ္မႈမ်ားသာလြမ္းမိုးေနေလသည္။ ငလ်င္ဒါဏ္မခံရေသာရန္ကုန္ၿမိဳ႕တြင္ သၾကၤန္ကာလႏွစ္ကူးရက္မ်ားအတြင္း ၿမိဳ႕နယ္အလိုက္ အေပ်ာ္တန္းမိသားစုအလိုက္ ေရပတ္ခံမ႑ပ္မ်ားသာရွိႏိုင္ၿပီး ယခင္ႏွစ္မ်ားကဲ့သို႔ စည္ကားမႈနည္းပါးႏိုင္ေၾကာင္း သိရသည္။ ျမန္မာသကၠရာဇ္ ၁၃၈၆ခုႏွစ္မွ ၁၃၈၇ခုႏွစ္သို႔ မၾကာမီကူးေျပာင္းေတာ့မည္ျဖစ္ရာ ႏွစ္သစ္အတြက္ ေၾကကြဲဝမ္းနည္းဖြယ္ရာမ်ားကို ႏွစ္သစ္ကူးသၾကၤန္ အတာေရႏွင့္ေဆးေၾကာ ႏိုင္ေစရန္ ေတာင္းဆုျပဳ႐ုံတပါး အျခားမရွိေပ။