အိမ်ခြေများအပါအဝင် အခြေခံအဆောက်အအုံအသီးသီးကို စစ်ဆေးမှုများ ပြုလုပ်ပြီး နေထိုင်ခွင့်ကို စိစစ်ဆောင်ရွက်ပေးမည်

1535
စော(NP News)-ဧပြီ ၁၁
အိမ်ခြေများအပါအဝင် အခြေခံအဆောက်အအုံအသီးသီးကို စစ်ဆေးမှုများ ပြုလုပ်ပြီး နေထိုင်ခွင့်ကို စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီက အသိပေးထုတ်ပြန်ထားသည်။
၎င်းကော်မတီအနေဖြင့် မြေငလျင်ဒဏ်သင့် အဆောက်အအုံများ ဘေးအန္တရာယ်ကင်းရှင်းမှု စစ်ဆေးရေးကော်မတီကို အင်ဂျင်နီယာ(မြိုပြ) PE အဆင့်ရရှိသူများဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လူနေအိမ်များ၊ စာသင်ကျောင်းများ၊ သာသနိကအဆောက်အအုံများ၊ ဝန်ကြီးဌာနရုံး အသီးသီးအား ပြန်လည်နေထိုင် အသုံးပြုခွင့်နှင့်ပတ်သက်၍ သတ်မှတ်ထားရှိပြီးဖြစ်သည့် စစ်ဆေးမှု များပြုလုပ်၍ နေထိုင်ခွင့်ကိစ္စအား စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် PE ရရှိပြီး မန္တလေးတိုင်းအင်ဂျင်နီယာ(မြိုပြ)များအနေဖြင့် တင်ပြပါစိစစ်ရေးအဖွဲတွင် ပါဝင် ကူညီဆောင်ရွက်နိုင်ရန်အတွက် မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီရုံးသို့ သတင်းပို့နိုင်ကြောင်း အသိပေးထုတ်ပြန်သည်။
အခြားငလျင်ဒဏ်သင့်ဒေသများတွင်လည်း အဆိုပါအင်ဂျင်နီယာ (မြို့ပြ)များဖွဲ့စည်း၍ စိစစ်ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းမှုများရှိနေသည်။

Zawgyi Version:
အိမ္ေျခမ်ားအပါအဝင္ အေျခခံအေဆာက္အအုံအသီးသီးကို စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး ေနထိုင္ခြင့္ကို စိစစ္ေဆာင္႐ြက္ေပးမည္
ေစာ(NP News)-ဧၿပီ ၁၁
အိမ္ေျခမ်ားအပါအဝင္ အေျခခံအေဆာက္အအုံအသီးသီးကို စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး ေနထိုင္ခြင့္ကို စိစစ္ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း မႏၲေလးၿမိဳေတာ္စည္ပင္သာယာေရးေကာ္မတီက အသိေပးထုတ္ျပန္ထားသည္။
၎ေကာ္မတီအေနျဖင့္ ေျမငလ်င္ဒဏ္သင့္ အေဆာက္အအုံမ်ား ေဘးအႏၲရာယ္ကင္းရွင္းမႈ စစ္ေဆးေရးေကာ္မတီကို အင္ဂ်င္နီယာ(ၿမိဳျပ) PE အဆင့္ရရွိသူမ်ားျဖင့္ ဖြဲ႕စည္းမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လူေနအိမ္မ်ား၊ စာသင္ေက်ာင္းမ်ား၊ သာသနိကအေဆာက္အအုံမ်ား၊ ဝန္ႀကီးဌာန႐ုံး အသီးသီးအား ျပန္လည္ေနထိုင္ အသုံးျပဳခြင့္ႏွင့္ပတ္သက္၍ သတ္မွတ္ထားရွိၿပီးျဖစ္သည့္ စစ္ေဆးမႈ မ်ားျပဳလုပ္၍ ေနထိုင္ခြင့္ကိစၥအား စိစစ္ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ PE ရရွိၿပီး မႏၲေလးတိုင္းအင္ဂ်င္နီယာ(ၿမိဳျပ)မ်ားအေနျဖင့္ တင္ျပပါစိစစ္ေရးအဖြဲတြင္ ပါဝင္ ကူညီေဆာင္႐ြက္ႏိုင္ရန္အတြက္ မႏၲေလးၿမိဳေတာ္စည္ပင္သာယာေရးေကာ္မတီ႐ုံးသို႔ သတင္းပို႔ႏိုင္ေၾကာင္း အသိေပးထုတ္ျပန္သည္။
အျခားငလ်င္ဒဏ္သင့္ေဒသမ်ားတြင္လည္း အဆိုပါအင္ဂ်င္နီယာ (ၿမိဳ႕ျပ)မ်ားဖြဲ႕စည္း၍ စိစစ္ေဆာင္႐ြက္ေပးရန္လည္း တိုက္တြန္းမႈမ်ားရွိေနသည္။