မြန်မာငလျင်ဘေးမှာ အိန္ဒိယစစ်တပ်က စက်ရုပ်မြင်းတွေ နဲ့ နာနိုဒရုန်းတွေအသုံးပြုနေ

 6133

ဂျန်ဇက် (NP News)
အိန္ဒိယစစ်တပ်ဟာ မြန်မာငလျင်ဘေးနဲ့ပတ်သက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကိုင်နိုင်ဖို့ စက်ရုပ်မြင်းတွေ၊နာနိုဒရုန်းတွေကိုပထမဆုံးအကြိမ်ထုတ်သုံးလာခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယစစ်တပ်က ထုတ်ပြန်တဲ့ ရုပ်သံဖိုင်ထဲမှာ robot mule တွေကို ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့အပျက်စီးတွေကြားမှာ အသုံးပြုနေတဲ့ မှတ်တမ်းတွေအရသိရပါတယ်။အဲဒီ စက်ရုပ်တွေဟာ မြန်မာငလျင်ဘေးနဲ့ပတ်သက်ပြီး အိန္ဒိယရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အဓိကအရေးပါတဲ့အစိတ်အပိုင်းအဖြစ်ပါဝင်နေတယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာ လူပေါင်းထောင်ချီသေဆုံးစေခဲ့တဲ့အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက် အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးလူသားချင်းဆိုင်ရာစာနာမှုအကူညီတွေနဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကိုစေလွှတ်ခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက အိန္ဒိယဟာ အိမ်နီးချင်းနိုင်ငံတွေမှာ အရေးပေါ်ဖြစ်နေချိန်အတွင်း ကူညီပေးမှုတွေလုပ်ဆောင်မယ်လို့ ကတိပြုကြောင်း ပြောပါတယ်။ အိန္ဒိယအစိုးရဟာ အဖွဲ့ဝင် ၈၀ ဦးပါတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကိုစေလွှတ်ခဲ့သလို အဖွဲ့ဝင် ၁၁၈ ဦးပါတဲ့ ကျန်းမာရေးအဖွဲ့တွေလည်း စေလွှတ်ခဲ့ပါတယ်။ဒ့ါအပြင် လူသားချင်းဆိုင်ရာစာနာမှုအကူညီတွေကို သင်္ဘောတွေ၊ လေယာဉ်တွေကနေ ပေးပို့တာတွေရှိခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာ
အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ရုရှား၊တရုတ်နဲ့ အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံတကာအဖွဲ့စည်းတွေက လူသားချင်းဆိုင်ရာစာနာမှုအကူညီတွေပေးပို့ကူညီခဲ့သလဲ ရှာဖွေကယ်ဆယ်ရေးသမားတွေစေလွှတ်ခဲ့တယ်လို့သိရပါတယ်။

Zawgyi Version:
ျမန္မာငလ်င္ေဘးမွာ အိႏၵိယစစ္တပ္က စက္႐ုပ္ျမင္းေတြ နဲ႔ နာႏိုဒ႐ုန္းေတြအသုံးျပဳေန
ဂ်န္ဇက္ (NP News)
အိႏၵိယစစ္တပ္ဟာ ျမန္မာငလ်င္ေဘးနဲ႔ပတ္သက္ၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြလုပ္ကိုင္ႏိုင္ဖို႔ စက္႐ုပ္ျမင္းေတြ၊နာႏိုဒ႐ုန္းေတြကိုပထမဆုံးအႀကိမ္ထုတ္သုံးလာခဲ့တယ္လို႔ သိရပါတယ္။
အိႏၵိယစစ္တပ္က ထုတ္ျပန္တဲ့ ႐ုပ္သံဖိုင္ထဲမွာ robot mule ေတြကို ငလ်င္ေၾကာင့္ထိခိုက္ပ်က္စီးခဲ့တဲ့အပ်က္စီးေတြၾကားမွာ အသုံးျပဳေနတဲ့ မွတ္တမ္းေတြအရသိရပါတယ္။အဲဒီ စက္႐ုပ္ေတြဟာ ျမန္မာငလ်င္ေဘးနဲ႔ပတ္သက္ၿပီး အိႏၵိယရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြမွာ အဓိကအေရးပါတဲ့အစိတ္အပိုင္းအျဖစ္ပါဝင္ေနတယ္လို႔သိရပါတယ္။ျမန္မာႏိုင္ငံမွာ လူေပါင္းေထာင္ခ်ီေသဆုံးေစခဲ့တဲ့အင္အားျပင္းငလ်င္ လႈပ္ခတ္ခဲ့ၿပီးေနာက္ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီဟာ နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးလူသားခ်င္းဆိုင္ရာစာနာမႈအကူညီေတြနဲ႔ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြကိုေစလႊတ္ခဲ့ပါတယ္။ အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီးက အိႏၵိယဟာ အိမ္နီးခ်င္းႏိုင္ငံေတြမွာ အေရးေပၚျဖစ္ေနခ်ိန္အတြင္း ကူညီေပးမႈေတြလုပ္ေဆာင္မယ္လို႔ ကတိျပဳေၾကာင္း ေျပာပါတယ္။ အိႏၵိယအစိုးရဟာ အဖြဲ႕ဝင္ ၈၀ ဦးပါတဲ့ ကယ္ဆယ္ေရးအဖြဲ႕ေတြကိုေစလႊတ္ခဲ့သလို အဖြဲ႕ဝင္ ၁၁၈ ဦးပါတဲ့ က်န္းမာေရးအဖြဲ႕ေတြလည္း ေစလႊတ္ခဲ့ပါတယ္။ဒ့ါအျပင္ လူသားခ်င္းဆိုင္ရာစာနာမႈအကူညီေတြကို သေဘၤာေတြ၊ ေလယာဥ္ေတြကေန ေပးပို႔တာေတြရွိခဲ့တယ္လို႔သိရပါတယ္။ျမန္မာႏိုင္ငံမွာ
အင္အားျပင္းငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ ႐ုရွား၊တ႐ုတ္နဲ႔ အိႏၵိယႏိုင္ငံအပါအဝင္ ႏိုင္ငံတကာအဖြဲ႕စည္းေတြက လူသားခ်င္းဆိုင္ရာစာနာမႈအကူညီေတြေပးပို႔ကူညီခဲ့သလဲ ရွာေဖြကယ္ဆယ္ေရးသမားေတြေစလႊတ္ခဲ့တယ္လို႔သိရပါတယ္။

Related news

© 2021. All rights reserved.