တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့အနီးရှိ မက်ထရို ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေကျွံကျမှုဖြစ်ပွား

 2081

ရောင်နီ (NP News) - ဧပြီ ၁၃

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်အနီးမှာ မြေအောက်ရထားလိုင်းသစ်တစ်ခု တည်ဆောက်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဧပြီလ ၁၁ ရက်က မြေကျွံကျမှုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ရပ်ကြောင့် လူနှစ်ဦး ထက်မနည်း ပိတ်မိနေခဲ့ရတယ်လို့ အမျိုးသားမီးသတ်အေဂျင်စီက ပြောကြားပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ယိုအီဒို ခရိုင်၊ အန်ဆန်းနဲ့ နိုင်ငံရဲ့လူဦးရေအများဆုံး ဒေသဖြစ်တဲ့ ဂေါင်ဂျီ ပြည်နယ်ရှိ၊ စီဟောင်ကို ဆက်သွယ်ပေးတဲ့ မြေအောက်ရထားလိုင်း စီမံကိန်းတစ်စိတ်တစ်ပိုင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားမီးသတ်အေဂျင်စီရဲ့ပြောကြားချက်အရ "ဥမင်လိုဏ်ခေါင်း အားဖြည့် လုပ်ငန်း" မှာ ပြိုကျမှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပထမ လူနှစ်ဦး ပိတ်မိနေခဲ့ပြီး အသေးစိတ် အချက်အလက်တွေကို ဆက်လက်စစ်ဆေးနေတယ်လို့ အေဂျင်စီက ဆိုပါတယ်။ လက်ရှိတော့ ပိတ်မိနေသူ နှစ်ဦးအနက် တစ်ဦးကို ရှာဖွေတွေ့ရှိ ကယ်ဆယ်နိုင်ခဲ့ပေမယ့် ကျန်တစ်ဦးကတော့ တူးဖော်ရေး အော်ပရေတာမှာ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်ဖို့ မီးသတ်သမား ၅၅ ဦး ဖြန့်ကျက်ချထားပါတယ်။

ပြိုကျမှုမတိုင်မီ သောကြာနေ့ (ဧပြီလ ၁၁ ရက်) နံနက်အစောပိုင်းက ဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ဆိုက်ကို ဘေးကင်းရာ ရွှေ့ပြောင်းထားသလို ရဲတပ်ဖွဲ့ကလည်း ဆောက်လုပ်ရေး ဧရိယာတစ်ဝိုက်က လမ်း ၁ ကီလိုမီတာခန့်ကို ပိတ်ထားခဲ့ပါတယ်။ အခြေအနေအားလုံး လုံခြုံတဲ့အထိ လမ်းကိုပိတ်ထားမယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်ဟာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မှာ ကြီးမားတဲ့ တွင်းနက်ကြီးတစ်ခုပေါ်ပေါက်လာပြီး လူတစ်ဦး သေဆုံးပြီးနောက် မကြာခင်ဖြစ်ပေါ်လာတဲ့ တူညီတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕အနီးရွိ မက္ထ႐ို ေဆာက္လုပ္ေရးလုပ္ငန္းခြင္ ေျမကြၽံက်မႈျဖစ္ပြား
ေရာင္နီ (NP News) - ဧၿပီ ၁၃

ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕ေတာ္အနီးမွာ ေျမေအာက္ရထားလိုင္းသစ္တစ္ခု တည္ေဆာက္ေနတဲ့ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ ဧၿပီလ ၁၁ ရက္က ေျမကြၽံက်မႈျဖစ္ပြားခဲ့ပါတယ္။ ျဖစ္ရပ္ေၾကာင့္ လူႏွစ္ဦး ထက္မနည္း ပိတ္မိေနခဲ့ရတယ္လို႔ အမ်ိဳးသားမီးသတ္ေအဂ်င္စီက ေျပာၾကားပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕၊ ယိုအီဒို ခ႐ိုင္၊ အန္ဆန္းနဲ႔ ႏိုင္ငံရဲ႕လူဦးေရအမ်ားဆုံး ေဒသျဖစ္တဲ့ ေဂါင္ဂ်ီ ျပည္နယ္ရွိ၊ စီေဟာင္ကို ဆက္သြယ္ေပးတဲ့ ေျမေအာက္ရထားလိုင္း စီမံကိန္းတစ္စိတ္တစ္ပိုင္းမွာ ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။
အမ်ိဳးသားမီးသတ္ေအဂ်င္စီရဲ႕ေျပာၾကားခ်က္အရ "ဥမင္လိုဏ္ေခါင္း အားျဖည့္ လုပ္ငန္း" မွာ ၿပိဳက်မႈ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ပထမ လူႏွစ္ဦး ပိတ္မိေနခဲ့ၿပီး အေသးစိတ္ အခ်က္အလက္ေတြကို ဆက္လက္စစ္ေဆးေနတယ္လို႔ ေအဂ်င္စီက ဆိုပါတယ္။ လက္ရွိေတာ့ ပိတ္မိေနသူ ႏွစ္ဦးအနက္ တစ္ဦးကို ရွာေဖြေတြ႕ရွိ ကယ္ဆယ္ႏိုင္ခဲ့ေပမယ့္ က်န္တစ္ဦးကေတာ့ တူးေဖာ္ေရး ေအာ္ပေရတာမွာ ေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔ သိရပါတယ္။ ကယ္ဆယ္ေရး လုပ္ငန္းေတြေဆာင္႐ြက္ဖို႔ မီးသတ္သမား ၅၅ ဦး ျဖန႔္က်က္ခ်ထားပါတယ္။

ၿပိဳက်မႈမတိုင္မီ ေသာၾကာေန႔ (ဧၿပီလ ၁၁ ရက္) နံနက္အေစာပိုင္းက ေဘးကင္းေရးဆိုင္ရာ စိုးရိမ္မႈေတြေၾကာင့္ ဆိုက္ကို ေဘးကင္းရာ ေ႐ႊ႕ေျပာင္းထားသလို ရဲတပ္ဖြဲ႕ကလည္း ေဆာက္လုပ္ေရး ဧရိယာတစ္ဝိုက္က လမ္း ၁ ကီလိုမီတာခန႔္ကို ပိတ္ထားခဲ့ပါတယ္။ အေျခအေနအားလုံး လုံၿခဳံတဲ့အထိ လမ္းကိုပိတ္ထားမယ္လို႔ ဆိုပါတယ္။ ဒီျဖစ္ရပ္ဟာ ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္မွာ ႀကီးမားတဲ့ တြင္းနက္ႀကီးတစ္ခုေပၚေပါက္လာၿပီး လူတစ္ဦး ေသဆုံးၿပီးေနာက္ မၾကာခင္ျဖစ္ေပၚလာတဲ့ တူညီတဲ့ျဖစ္ရပ္တစ္ခုျဖစ္ပါတယ္။

Related news

© 2021. All rights reserved.