ငလျင်ကြောင့် မီးလောင်သွားသည့် Grade-12 စာမေးပွဲအဖြေလွှာအတွက် စာမေးပွဲ ပြန်ကျင်းပမည့်အပေါ် IBEC ဆရာတော် ကန့်ကွက်

1647

ပီယ (NP News) ဧပြီ ၁၅
ငလျင်ကြောင့် မီးလောင်သွားသည့် Grade-12 စာမေးပွဲ အဖြေလွှာအတွက် စာမေးပွဲ ပြန်ကျင်းပမည် ဆိုခြင်း အပေါ် စတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော် က လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ် စာမျက်နှာက တဆင့် ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ်လ(၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေး တက္ကသိုလ်မီးလောင်ခဲ့ပြီး အဆိုပါ မီးလောင်မှုဖြစ်စဉ်အတွင်း တိုင်းနှင့်ပြည်နယ်သုံးခုမှ စာမေးပွဲအဖြေလွှာအုပ်ရေ (၃၇၀ဝဝဝ)ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ညွှန်ကြားချက်တစောင် ထွက်ပေါ်လာရာ ယင်း စာ အတွင်း အဖြေလွှာများ မီးလောင်ပျက်စီးသွားသည့်အတွက် စာမေးပွဲကို ပြန်လည်ကျင်းပရန်ဆိုသော အချက်တစ်ချက် ပါဝင်ခဲ့သည့်အပေါ် ဆရာတော်က ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လမ်းညွှန်ချက်ကို စစ်ကိုင်းမြို့၊ IBEC ဆရာတော်ကကန့်ကွက်ကြောင်း၊ G-12 ကျောင်းသား၊ သူများအားလုံးဖြေဆိုပြီးနိုင်ငံတော်ကိုအဖြေလွှာများအပ်နှံပြီးဖြစ်ကြောင်း နှင့် တာဝန်ရှိသူမှာ နိုင်ငံတော်အစိုးရနှင့်ပညာရေးဝန်ကြီးဌာနသာဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါကိစ္စသည် ကျောင်းသား၊ ကျောင်းသူများနှင့် သက်ဆိုင်ခြင်း မရှိကြောင်းလည်း ဖော်ပြထားကာ ညွှန်ကြားချက်ကို ပြန်ရုတ်သိမ်းပြီး အဖြေလွှာပျက်စီးသွားသူအားလုံးကိုအောင်မြင်ကြောင်း ထုတ်ပြန်ရနနှင့် တက္ကသိုလ် တက်ရောက်ချိန် အရည်အချင်းစစ်ရန် IBEC ဆရာတော်က အကြံပြုထားသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ မီးေလာင္သြားသည့္ Grade-12 စာေမးပြဲအေျဖလႊာအတြက္ စာေမးပြဲ ျပန္က်င္းပမည့္အေပၚ IBEC ဆရာေတာ္ ကန႔္ကြက္
ပီယ (NP News) ဧၿပီ ၁၅
ငလ်င္ေၾကာင့္ မီးေလာင္သြားသည့္ Grade-12 စာေမးပြဲ အေျဖလႊာအတြက္ စာေမးပြဲ ျပန္က်င္းပမည္ ဆိုျခင္း အေပၚ စေတာ့ဟုမ္းၿငိမ္းခ်မ္းေရးဆုရွင္ IBEC ဆရာေတာ္ က လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာက တဆင့္ ကန႔္ကြက္ေၾကာင္း ထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ မတ္လ(၂၈)ရက္တြင္ လႈပ္ခတ္ခဲ့သည့္ အင္အားျပင္းငလ်င္ေၾကာင့္ မႏၲေလး တကၠသိုလ္မီးေလာင္ခဲ့ၿပီး အဆိုပါ မီးေလာင္မႈျဖစ္စဥ္အတြင္း တိုင္းႏွင့္ျပည္နယ္သုံးခုမွ စာေမးပြဲအေျဖလႊာအုပ္ေရ (၃၇၀ဝဝဝ)ေက်ာ္ မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေနာက္ လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ၫႊန္ၾကားခ်က္တေစာင္ ထြက္ေပၚလာရာ ယင္း စာ အတြင္း အေျဖလႊာမ်ား မီးေလာင္ပ်က္စီးသြားသည့္အတြက္ စာေမးပြဲကို ျပန္လည္က်င္းပရန္ဆိုေသာ အခ်က္တစ္ခ်က္ ပါဝင္ခဲ့သည့္အေပၚ ဆရာေတာ္က ကန႔္ကြက္ေၾကာင္း ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။
အဆိုပါ လမ္းၫႊန္ခ်က္ကို စစ္ကိုင္းၿမိဳ႕၊ IBEC ဆရာေတာ္ကကန္႔ကြက္ေၾကာင္း၊ G-12 ေက်ာင္းသား၊ သူမ်ားအားလုံးေျဖဆိုၿပီးႏိုင္ငံေတာ္ကိုအေျဖလႊာမ်ားအပ္ႏွံၿပီးျဖစ္ေၾကာင္း ႏွင့္ တာဝန္ရွိသူမွာ ႏိုင္ငံေတာ္အစိုးရႏွင့္ပညာေရးဝန္ႀကီးဌာနသာျဖစ္သည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အဆိုပါကိစၥသည္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ သက္ဆိုင္ျခင္း မရွိေၾကာင္းလည္း ေဖာ္ျပထားကာ ၫႊန္ၾကားခ်က္ကို ျပန္႐ုတ္သိမ္းၿပီး အေျဖလႊာပ်က္စီးသြားသူအားလုံးကိုေအာင္ျမင္ေၾကာင္း ထုတ္ျပန္ရနႏွင့္ တကၠသိုလ္ တက္ေရာက္ခ်ိန္ အရည္အခ်င္းစစ္ရန္ IBEC ဆရာေတာ္က အႀကံျပဳထားသည္။