မြန်မာနှစ်သစ်ကူးတွင် နစက က အကျည်းသား ၄၈၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြု

818

ပီယ (NP News) - ဧပြီ ၁၇
မြန်မာ့ရိုးရာနှစ်သစ်ကူးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အကျည်းသား ၄၈၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ထားသော အချက်အလက်အများအရ သိရသည်။
မြန်မာနှစ်သစ်အခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၄၈၉၃ ဦး ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေအရပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ) အရပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ် စီရင်မှု)(ယာယီ)အက်ဥပဒေအရပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက်(ယာယီပြင်ဆင်ချက်)အက်ဥပဒေ အရပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရပြစ်မှုများ၊ ၂ဝ၂၃ ခုနှစ် လက်နက်ဥပဒေ အရပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများနှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများမှအပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင် / အချုပ်ထောင် / စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်၏ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်းလည်း သိရသည်။
အလားတူ မြန်မာနှစ်သစ်အခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူမှုရေးအရငဲ့ညှာသောအားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထား သောအားဖြင့်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်းလည်း သိရသည်။

Zawgyi Version:
ျမန္မာႏွစ္သစ္ကူးတြင္ နစက က အက်ည္းသား ၄၈၀၀ ေက်ာ္ကို လြတ္ၿငိမ္းခ်မ္းသာ ခြင့္ျပဳ
ပီယ (NP News) - ဧၿပီ ၁၇
ျမန္မာ့႐ိုးရာႏွစ္သစ္ကူးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက အက်ည္းသား ၄၈၀၀ ေက်ာ္ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳလိုက္ေၾကာင္း ထုတ္ျပန္ထားေသာ အခ်က္အလက္အမ်ားအရ သိရသည္။
ျမန္မာႏွစ္သစ္အခါသမယ အထိမ္းအမွတ္အားျဖင့္လည္းေကာင္း၊ ႏိုင္ငံေတာ္၏တည္ေဆာက္ေရးလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္ႏိုင္ရန္ လည္းေကာင္း၊ ျပည္သူလူထု ႏွလုံးစိတ္ဝမ္းေအးခ်မ္းေစေရးႏွင့္ လူမႈေရးအရငဲ့ညႇာေသာအားျဖင့္လည္းေကာင္း အက်ဥ္းေထာင္/အခ်ဳပ္ေထာင္အသီးသီးတြင္ ျပစ္ဒဏ္က်ခံလ်က္ရွိေသာ အက်ဥ္းသား/အက်ဥ္းသူ ၄၈၉၃ ဦး ကို ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၄၀၁၊ ပုဒ္မခြဲ (၁) အရ “ေနာက္တစ္ႀကိမ္ျပစ္မႈ ထပ္မံက်ဴးလြန္ပါက ၎ျပစ္ဒဏ္အျပင္ ယခုက်ခံရန္က်န္ရွိေသာ ျပစ္ဒဏ္မ်ားကိုပါ ဆက္လက္က်ခံပါမည္” ဟူေသာ စည္းကမ္းသတ္မွတ္ခ်က္ျဖင့္ ယင္းတို႔က်ခံရန္က်န္ရွိေသာ ျပစ္ဒဏ္မ်ားအေပၚ ေလွ်ာ့ေပါ့၍ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ျပဳလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ၂၀၂၅ ခုႏွစ္၊ ဧၿပီလ ၁၇ ရက္ေန႔မတိုင္မီ လူသတ္မႈ၊ မုဒိမ္းမႈ၊ ေပါက္ကြဲေစတတ္ေသာ ဝတၳဳပစၥည္းမ်ားအက္ဥပေဒအရျပစ္မႈမ်ား၊ မတရားအသင္းမ်ားအက္ဥပေဒအရျပစ္မႈမ်ား၊ ၁၈၇၈ ခုႏွစ္ လက္နက္မ်ားအက္ဥပေဒပုဒ္မ ၁၉(စ) အရျပစ္မႈမ်ား၊ ၁၉၄၉ ခုႏွစ္ လက္နက္ (အေရးေပၚျပစ္ဒဏ္ စီရင္မႈ)(ယာယီ)အက္ဥပေဒအရျပစ္မႈမ်ား၊ ၁၉၅၁ ခုႏွစ္ လက္နက္(ယာယီျပင္ဆင္ခ်က္)အက္ဥပေဒ အရျပစ္မႈမ်ား၊ ၁၉၂၄ ခုႏွစ္ ရွမ္းျပည္နယ္လက္နက္အမိန႔္အရျပစ္မႈမ်ား၊ ၂ဝ၂၃ ခုႏွစ္ လက္နက္ဥပေဒ အရျပစ္မႈမ်ား၊ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရျပစ္မႈမ်ား၊ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒအရျပစ္မႈမ်ား၊ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒအရ ျပစ္မႈမ်ားႏွင့္အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒအရျပစ္မႈမ်ားမွအပ တည္ဆဲဥပေဒတစ္ရပ္ရပ္အရ ျပစ္မႈတစ္ခုခုႏွင့္စပ္လ်ဥ္း၍ ျပစ္ဒဏ္ခ်မွတ္ျခင္းခံရၿပီး အက်ဥ္းေထာင္ / အခ်ဳပ္ေထာင္ / စခန္း အသီးသီးတြင္ ျပစ္ဒဏ္က်ခံေနရသည့္ အက်ဥ္းသား/သူမ်ားကို ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၄၀၁၊ ပုဒ္မခြဲ (၁) အရ ယင္းတို႔က်ခံရန္က်န္ရွိေသာ ျပစ္ဒဏ္၏ေျခာက္ပုံတစ္ပုံကို လြတ္ၿငိမ္းသက္သာခြင့္ျပဳလိုက္ေၾကာင္းလည္း သိရသည္။
အလားတူ ျမန္မာႏွစ္သစ္အခါသမယအထိမ္းအမွတ္အားျဖင့္လည္းေကာင္း၊ လူမႈေရးအရငဲ့ညႇာေသာအားျဖင့္လည္းေကာင္း၊ ႏိုင္ငံအခ်င္းခ်င္းမိတ္ဝတ္မပ်က္ ဆက္ဆံေရးကို ေရွးရႈေသာအားျဖင့္လည္းေကာင္း၊ လူသားခ်င္းစာနာေထာက္ထားမႈကို အေလးထား ေသာအားျဖင့္လည္းေကာင္း အက်ဥ္းေထာင္/အခ်ဳပ္ေထာင္အသီးသီးတြင္ ျပစ္ဒဏ္က်ခံလ်က္ရွိေသာ ႏိုင္ငံျခားသား အက်ဥ္းသား/အက်ဥ္းသူ ၁၃ ဦးကို ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၄၀၁၊ ပုဒ္မခြဲ (၁)အရ “ေနာက္တစ္ႀကိမ္ျပစ္မႈထပ္မံက်ဴးလြန္ပါက ၎ျပစ္ဒဏ္အျပင္ ယခုက်ခံရန္က်န္ရွိေသာ ျပစ္ဒဏ္မ်ားကိုပါ ဆက္လက္က်ခံပါမည္” ဟူေသာ စည္းကမ္းသတ္မွတ္ခ်က္ျဖင့္ ယင္းတို႔က်ခံရန္က်န္ရွိေသာ ျပစ္ဒဏ္မ်ားအေပၚ ေလွ်ာ့ေပါ့ၿပီး ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ျပဳ၍ ျပည္ႏွင္ဒဏ္ေပးလိုက္ေၾကာင္းလည္း သိရသည္။