မန်ယူနှင့် ASEAN-All Stars အသင်း ခြေစမ်းပွဲတွင် မောင်မောင်လွင် ပါဝင်ခွင့်ရ

 4465

သုတကျော် (NP News) - ဧပြီ ၁၇

မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ASEAN-All Stars အသင်း ခြေစမ်းပွဲတွင် မောင်မောင်လွင် ပါဝင်ခွင့်ရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF)သည် လာမည့် မေလ ၂၈ ရက်၊ မလေးရှားနိုင်ငံ ဘူကစ်ဂျာလီကွင်းတွင် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် အာဆီယံညွန့်ပေါင်း ASEAN-All Stars တို့ခြေစမ်းပွဲအား စီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခြေစမ်းပွဲတွင် မြန်မာ့လက်ရွေးစင်ကွင်းလယ်လူ မောင်မောင်လွင်အား အာဆီယံညွန့်ပေါင်းအသင်းမှ ပါဝင်ကစားရန် ရွေးချယ်လိုက်ကြောင်း AFF က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ တရားဝင် ဆက်သွယ်အကြောင်းကြားခဲ့သည်ဟု ဖော်ပြထားသည်။

မောင်မောင်လွင်သည် လက်ရှိအချိန်တွင် မြန်မာ့လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြ ပါဝင်ကစားနေသကဲ့သို့ ထိုင်း ပရီးမီးယားလိဂ်ကလပ် Lamphun Warrior FC တွင်လည်း ပရော်ဖက်ရှင်နယ်ပီပီ ခြေစွမ်းပြ ကစားနေခြင်းကြောင့် အာဆီယံညွန့်ပေါင်းအသင်းအတွက် မြန်မာကိုယ်စားပြုရွေးချယ်ခြင်းဖြစ် ကြောင်း AFF က ထုတ်ပြန်သည်။

အာဆီယံညွန့်ပေါင်းအသင်းနည်းပြချုပ်အဖြစ် ဗီယက်နမ်လက်ရွေးစင် အသင်းနည်းပြ MR. Kim Sang-Sik က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
မန္ယူႏွင့္ ASEAN-All Stars အသင္း ေျခစမ္းပြဲတြင္ ေမာင္ေမာင္လြင္ ပါဝင္ခြင့္ရ
သုတေက်ာ္ (NP News) - ဧၿပီ ၁၇

မန္ခ်က္စတာ ယူႏိုက္တက္အသင္းႏွင့္ ASEAN-All Stars အသင္း ေျခစမ္းပြဲတြင္ ေမာင္ေမာင္လြင္ ပါဝင္ခြင့္ရေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္မွ သိရသည္။

အာဆီယံ ေဘာလုံးအဖြဲ႕ခ်ဳပ္ (AFF)သည္ လာမည့္ ေမလ ၂၈ ရက္၊ မေလးရွားႏိုင္ငံ ဘူကစ္ဂ်ာလီကြင္းတြင္ ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာ ယူႏိုက္တက္အသင္းႏွင့္ အာဆီယံၫြန္႔ေပါင္း ASEAN-All Stars တို႔ေျခစမ္းပြဲအား စီစဥ္က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေျခစမ္းပြဲတြင္ ျမန္မာ့လက္ေ႐ြးစင္ကြင္းလယ္လူ ေမာင္ေမာင္လြင္အား အာဆီယံၫြန္႔ေပါင္းအသင္းမွ ပါဝင္ကစားရန္ ေ႐ြးခ်ယ္လိုက္ေၾကာင္း AFF က ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္သို႔ တရားဝင္ ဆက္သြယ္အေၾကာင္းၾကားခဲ့သည္ဟု ေဖာ္ျပထားသည္။

ေမာင္ေမာင္လြင္သည္ လက္ရွိအခ်ိန္တြင္ ျမန္မာ့လက္ေ႐ြးစင္အသင္းအတြက္ ေျခစြမ္းျပ ပါဝင္ကစားေနသကဲ့သို႔ ထိုင္း ပရီးမီးယားလိဂ္ကလပ္ Lamphun Warrior FC တြင္လည္း ပေရာ္ဖက္ရွင္နယ္ပီပီ ေျခစြမ္းျပ ကစားေနျခင္းေၾကာင့္ အာဆီယံၫြန္႔ေပါင္းအသင္းအတြက္ ျမန္မာကိုယ္စားျပဳေ႐ြးခ်ယ္ျခင္းျဖစ္ ေၾကာင္း AFF က ထုတ္ျပန္သည္။

အာဆီယံၫြန္႔ေပါင္းအသင္းနည္းျပခ်ဳပ္အျဖစ္ ဗီယက္နမ္လက္ေ႐ြးစင္ အသင္းနည္းျပ MR. Kim Sang-Sik က တာဝန္ယူေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.