(CNF)အဖွဲ့ နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကို ကူညီထောက်ပံ့ပေးမှုတွေမှာ ဘင်္ဂလားဒေရှ့်စစ်တပ် ပါဝင်ဆက်နွယ်နေဟုဆို

 5543

ဂျန်ဇက် (NP News) - ဧပြီ ၁၈

ဘင်္ဂလားဒေရှ့်စစ်တပ်မှ တပ်ရင်းတပ်ဖွဲ့သုံးခုဟာ ချင်းလက်နက်ကိုင်အဖွဲ့(CNF) နှင့် ရခိုင်လက်နက် ကိုင်အဖွဲ့ AA အပါအဝင် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များကို သယ်ယူပို့ဆောင်ရေးပိုင်းအပြင် အခြားလိုအပ်တဲ့အရာများကို ကူညီထောက်ပံ့ပေးခဲ့ကြောင်း အိန္ဒိယအခြေစိုက်သတင်းဌာနကဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် နှင့် မြန်မာနိုင်ငံရှိ အခြားနေရာများရှိ နစကတပ်တွေကို တိုက်ခိုက်ရန်အတွက် အမေရိကန်အစိုးရရဲ့ကျယ်ပြန့်တဲ့အစီအစဉ်အပိုင်းအရ ဘင်္ဂလားဒေရှ့်စစ်တပ်မှတပ်ရင်းတပ်ဖွဲ့ သုံးခုဟာ ရခိုင်လက်နက်ကိုင်အဖွဲ့ အပါအဝင် အခြားလက်နက်ကိုင်များကို ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း
ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေရှ့်စစ်တပ်မှ အမှတ် ၁၀၊ အမှတ် ၁၇ နဲ့ အမှတ် ၂၄ တပ်ရင်းတွေဟာ နစကအစိုးရကို ဆန့်ကျင်တိုက်ခိုက်မယ့် အမေရိကန်အစိုးရရဲ့အစီအစဉ်များမှာ အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့ကြောင်း ဒါပေမယ့် အဲဒီတပ်ရင်းတပ်ဖွဲ့တွေဟာ စစ်ရေးတိုက်ရိုက် ကူညီပေးခြင်းပိုင်း လုပ်ဆောင်ခြင်းမရှိပေမယ့် ရခိုင်ပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များကို သယ်ယူပို့ဆောင်ရေးနဲ့ အခြားလိုအပ်တဲ့အထောက်ပံ့များလုပ်ဆောင်ခဲ့ကြောင်း၊ ဘင်္ဂလားဒေရှ့် လုံခြုံရေးတပ်ဖွဲ့အကြီးအတန်းအရာရှိတစ်ဦးရဲ့ပြောဆိုချက်ကို ကိုးကားပြီး အိန္ဒိယအခြေစိုက်သတင်းဌာနကဖော်ပြထားပါတယ်။

ဘင်္ဂလားဒေရှ့်စစ်တပ်ဟာ မြန်မာနိုင်ငံ နဲ့ ဘင်္ဂလားဒေရှ့်နယ်စပ်ဒေသဖြစ်တဲ့ တက်ဖ်နက်ဒေသမှာ ကြီးမားတဲ့စစ်ရေးအဆောက်အဦးတည်ဆောက်ပြီး နစကအစိုးရကို ဆန့်ကျင်မယ့် အမေရိကန်အစိုးရကျောထောက်နောက်ခံပြုထားတဲ့ကြား ခံစစ်ပွဲမှာ ရခိုင်လက်နက်ကိုင်အဖွဲ့အပြင် အခြားလက်နက်ကိုင်အဖွဲ့တွေကို သယ်ယူပို့ဆောင်ရေးနဲ့အခြားလိုအပ်တဲ့အရာတွေကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်အစိုးရရဲ့နစကကို ဆန်ကျင့်တိုက်ခိုက်မယ့်အစီအစဉ်အစိတ်အပိုင်းအရ ကော့ဘဇာဒေသရှိ လေဆိပ်ကိုလည်း တိုးချဲ့ခဲ့သလို ရခိုင်ပြည်နယ်မှာဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း အဓိကအခန်းကဏ္ဍကပါဝင်လာဖွယ်ရှိတဲ့ တူရကီနိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်တွေကို စီမံခန့်ခွဲလေ့ကျင့်မောင်းနှင်နိုင်အောင်အတွက် ဒရုန်းအခြေစိုက်စခန်းတွေကိုလည်း တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဓိကတာဝန်ရှိသူတွေဟာ ဘင်္ဂလားဒေရှ့်နိုင်ငံကိုရောက်ရှိလာပြီး နောက် ဘင်္ဂလားဒေရှ့်စစ်တပ်ဟာ ရခိုင်ပြည်နယ်နဲ့အခြားဒေသတွေနဲ့ပတ်သက်ပြီး စည်းလုံးညီညွှတ်တဲ့မဟာဗျူဟာကို အကောင်အထည်ဖော်ဖို့ ချင်းလက်နက်ကိုင်အဖွဲ့ (CNF) နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA အဖွဲ့ရဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်အောင် စီစဉ်ခဲ့တယ်လို့ သိရပါတယ်။

ချင်းလက်နက်ကိုင်အဖွဲ့နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေဟာ ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်းဘေးကင်းလုံခြုံတဲ့နေရာမှာရှိနေပြီး ၎င်းတို့ဟာ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးယာယီတာဝန်ခံ ဆူဆန် စတီဗင်ဆန်၊ အပြင်အရှေ့အာရှဆိုင်ရာအမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦး၊ အာရှတိုက်တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသရဲ့တာဝန်ရှိသူတစ်ဦးတို့နဲ့တွေ့ဆုံဆွေးနွေးဖွယ်ရှိနေပါတယ်။

နစကကို ဆန့်ကျင်မယ့် အမေရိကန်အစိုးရရဲ့ကျယ်ပြန့်မယ့်အစီအစဉ်တွေထဲမှာ ဘင်္ဂလားဒေရှ့်နိုင်ငံက အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်နေတယ်လို့ အိန္ဒိယအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

Zawgyi Version:
(CNF)အဖြဲ႕ နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ကို ကူညီေထာက္ပံ့ေပးမႈေတြမွာ ဘဂၤလားေဒရွ႕္စစ္တပ္ ပါဝင္ဆက္ႏြယ္ေနဟုဆို
ဂ်န္ဇက္ (NP News) - ဧၿပီ ၁၈

ဘဂၤလားေဒရွ႕္စစ္တပ္မွ တပ္ရင္းတပ္ဖြဲ႕သုံးခုဟာ ခ်င္းလက္နက္ကိုင္အဖြဲ႕(CNF) ႏွင့္ ရခိုင္လက္နက္ ကိုင္အဖြဲ႕ AA အပါအဝင္ ျမန္မာႏိုင္ငံရွိ လက္နက္ကိုင္အဖြဲ႕မ်ားကို သယ္ယူပို႔ေဆာင္ေရးပိုင္းအျပင္ အျခားလိုအပ္တဲ့အရာမ်ားကို ကူညီေထာက္ပံ့ေပးခဲ့ေၾကာင္း အိႏၵိယအေျခစိုက္သတင္းဌာနကေဖာ္ျပထားပါတယ္။

ရခိုင္ျပည္နယ္ ႏွင့္ ျမန္မာႏိုင္ငံရွိ အျခားေနရာမ်ားရွိ နစကတပ္ေတြကို တိုက္ခိုက္ရန္အတြက္ အေမရိကန္အစိုးရရဲ႕က်ယ္ျပန႔္တဲ့အစီအစဥ္အပိုင္းအရ ဘဂၤလားေဒရွ႕္စစ္တပ္မွတပ္ရင္းတပ္ဖြဲ႕ သုံးခုဟာ ရခိုင္လက္နက္ကိုင္အဖြဲ႕ အပါအဝင္ အျခားလက္နက္ကိုင္မ်ားကို ကူညီေထာက္ပံ့ေပးခဲ့ျခင္းျဖစ္ေၾကာင္း
ေဖာ္ျပထားပါတယ္။

ဘဂၤလားေဒရွ႕္စစ္တပ္မွ အမွတ္ ၁၀၊ အမွတ္ ၁၇ နဲ႔ အမွတ္ ၂၄ တပ္ရင္းေတြဟာ နစကအစိုးရကို ဆန႔္က်င္တိုက္ခိုက္မယ့္ အေမရိကန္အစိုးရရဲ႕အစီအစဥ္မ်ားမွာ အစိတ္အပိုင္းအျဖစ္ ပါဝင္ခဲ့ေၾကာင္း ဒါေပမယ့္ အဲဒီတပ္ရင္းတပ္ဖြဲ႕ေတြဟာ စစ္ေရးတိုက္႐ိုက္ ကူညီေပးျခင္းပိုင္း လုပ္ေဆာင္ျခင္းမရွိေပမယ့္ ရခိုင္ျပည္နယ္ရွိ လက္နက္ကိုင္အဖြဲ႕မ်ားကို သယ္ယူပို႔ေဆာင္ေရးနဲ႔ အျခားလိုအပ္တဲ့အေထာက္ပံ့မ်ားလုပ္ေဆာင္ခဲ့ေၾကာင္း၊ ဘဂၤလားေဒရွ႕္ လုံၿခဳံေရးတပ္ဖြဲ႕အႀကီးအတန္းအရာရွိတစ္ဦးရဲ႕ေျပာဆိုခ်က္ကို ကိုးကားၿပီး အိႏၵိယအေျခစိုက္သတင္းဌာနကေဖာ္ျပထားပါတယ္။

ဘဂၤလားေဒရွ႕္စစ္တပ္ဟာ ျမန္မာႏိုင္ငံ နဲ႔ ဘဂၤလားေဒရွ႕္နယ္စပ္ေဒသျဖစ္တဲ့ တက္ဖ္နက္ေဒသမွာ ႀကီးမားတဲ့စစ္ေရးအေဆာက္အဦးတည္ေဆာက္ၿပီး နစကအစိုးရကို ဆန႔္က်င္မယ့္ အေမရိကန္အစိုးရေက်ာေထာက္ေနာက္ခံျပဳထားတဲ့ၾကား ခံစစ္ပြဲမွာ ရခိုင္လက္နက္ကိုင္အဖြဲ႕အျပင္ အျခားလက္နက္ကိုင္အဖြဲ႕ေတြကို သယ္ယူပို႔ေဆာင္ေရးနဲ႔အျခားလိုအပ္တဲ့အရာေတြကို ကူညီေထာက္ပံ့ေပးခဲ့တယ္လို႔ ဆိုပါတယ္။

အေမရိကန္အစိုးရရဲ႕နစကကို ဆန္က်င့္တိုက္ခိုက္မယ့္အစီအစဥ္အစိတ္အပိုင္းအရ ေကာ့ဘဇာေဒသရွိ ေလဆိပ္ကိုလည္း တိုးခ်ဲ႕ခဲ့သလို ရခိုင္ျပည္နယ္မွာျဖစ္ပြားတဲ့ တိုက္ပြဲေတြအတြင္း အဓိကအခန္းက႑ကပါဝင္လာဖြယ္ရွိတဲ့ တူရကီႏိုင္ငံထုတ္ ေမာင္းသူမဲ့ေလယာဥ္ေတြကို စီမံခန႔္ခြဲေလ့က်င့္ေမာင္းႏွင္ႏိုင္ေအာင္အတြက္ ဒ႐ုန္းအေျခစိုက္စခန္းေတြကိုလည္း တည္ေဆာက္ခဲ့တယ္လို႔ ဆိုပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အဓိကတာဝန္ရွိသူေတြဟာ ဘဂၤလားေဒရွ႕္ႏိုင္ငံကိုေရာက္ရွိလာၿပီး ေနာက္ ဘဂၤလားေဒရွ႕္စစ္တပ္ဟာ ရခိုင္ျပည္နယ္နဲ႔အျခားေဒသေတြနဲ႔ပတ္သက္ၿပီး စည္းလုံးညီၫႊတ္တဲ့မဟာဗ်ဴဟာကို အေကာင္အထည္ေဖာ္ဖို႔ ခ်င္းလက္နက္ကိုင္အဖြဲ႕ (CNF) နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA အဖြဲ႕ရဲ႕ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးႏိုင္ေအာင္ စီစဥ္ခဲ့တယ္လို႔ သိရပါတယ္။

ခ်င္းလက္နက္ကိုင္အဖြဲ႕နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႕ကိုယ္စားလွယ္ေတြဟာ ဘဂၤလားေဒရွ႕္ႏိုင္ငံအတြင္းေဘးကင္းလုံၿခဳံတဲ့ေနရာမွာရွိေနၿပီး ၎တို႔ဟာ ျမန္မာႏိုင္ငံဆိုင္ရာအေမရိကန္သံ႐ုံးယာယီတာဝန္ခံ ဆူဆန္ စတီဗင္ဆန္၊ အျပင္အေရွ႕အာရွဆိုင္ရာအေမရိကန္အစိုးရတာဝန္ရွိသူတစ္ဦး၊ အာရွတိုက္ေတာင္ပိုင္းနဲ႔ အလယ္ပိုင္းေဒသရဲ႕တာဝန္ရွိသူတစ္ဦးတို႔နဲ႔ေတြ႕ဆုံေဆြးေႏြးဖြယ္ရွိေနပါတယ္။

နစကကို ဆန႔္က်င္မယ့္ အေမရိကန္အစိုးရရဲ႕က်ယ္ျပန႔္မယ့္အစီအစဥ္ေတြထဲမွာ ဘဂၤလားေဒရွ႕္ႏိုင္ငံက အဓိကအစိတ္အပိုင္းအျဖစ္ ပါဝင္ေနတယ္လို႔ အိႏၵိယအစိုးရက သတင္းထုတ္ျပန္ထားပါတယ္။

Related news

© 2021. All rights reserved.