မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ(၃၇၀၀) ကျော်နှင့် ပျောက်ဆုံးသူ (၁၃၀)နီးပါးအထိ ရှိလာ

 806

ချယ်ရီ(NP News)-ဧပြီ၁၉

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်(မတ်လ ၂၈ ရက်)က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ယမန်နေ့(ဧပြီလ ၁၈ ရက်)၊ နံနက် ၇ နာရီအထိ သေဆုံးသူမှာ (၃,၇၂၆) ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၅,၁၀၅) ဦးနှင့် ပျောက်ဆုံးသူ (၁၂၉) ဦးထိ ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် နေအိမ်၊ အဆောက်အဦ (၆၅,၀၉၆) လုံး၊ စာသင်ကျောင်း (၂,၅၁၄) ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း (၄,၃၁၇) ကျောင်း၊ ဘုရားစေတီ (၆,၀၂၇) ဆူ၊ ဆေးရုံ၊ ဆေးခန်း (၃၅၀) ခု၊ ရထားလမ်း (၃၈) ခု၊ လမ်း (၂၆၉) ခု၊ အမြန်(လမ်းပိုင်း) (၂၀၃) ခု၊ ဆည်၊ တမံ (၅၈၆) ခုနှင့် တံတား (၁၇၀) စင်းတို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ငလျင်ဒဏ်သင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင်အလှူရှင်များက အလှူငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက အလှူငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ယမန်နေ့ (ဧပြီလ ၁၈ ရက်)အထိ နိုင်ငံပေါင်း (၂၅) နိုင်ငံနှင့် ဟောင်ကောင်တို့မှ လေယာဉ် (၁၃၆) စီး၊ သင်္ဘော (၆) စီး၊ မော်တော်ယာဉ် (၂၃)စီး ဆိုက်ရောက်ခဲ့ပြီး ကယ်ဆယ်ရေးဆေးဝန်ထမ်း (၁,၉၇၅) ဦး၊ ထောက်ပံ့ရေးပစ္စည်း (၂၃၃၂ ဒသမ ၉၈)တန်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၁၇၀ ဒသမ ၅၉)တန်၊ စုစုပေါင်းတန်ချိန် (၃၅၀၃ ဒသမ ၅၇)တန်တို့ရောက်ရှိခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
မႏၲေလးငလ်င္ႀကီးေၾကာင့္ ေသဆုံးသူ(၃၇၀၀) ေက်ာ္ႏွင့္ ေပ်ာက္ဆုံးသူ (၁၃၀)နီးပါးအထိ ရွိလာ
ခ်ယ္ရီ(NP News)-ဧၿပီ၁၉

ျမန္မာႏိုင္ငံတြင္ ၿပီးခဲ့သည့္(မတ္လ ၂၈ ရက္)က လႈပ္ခတ္ခဲ့ေသာ မႏၲေလးငလ်င္ႀကီးေၾကာင့္ ယမန္ေန႔(ဧၿပီလ ၁၈ ရက္)၊ နံနက္ ၇ နာရီအထိ ေသဆုံးသူမွာ (၃,၇၂၆) ဦး၊ ထိခိုက္ဒဏ္ရာရရွိသူ (၅,၁၀၅) ဦးႏွင့္ ေပ်ာက္ဆုံးသူ (၁၂၉) ဦးထိ ရွိေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ ေနအိမ္၊ အေဆာက္အဦ (၆၅,၀၉၆) လုံး၊ စာသင္ေက်ာင္း (၂,၅၁၄) ေက်ာင္း၊ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားႏွင့္ သီလရွင္ေက်ာင္း (၄,၃၁၇) ေက်ာင္း၊ ဘုရားေစတီ (၆,၀၂၇) ဆူ၊ ေဆး႐ုံ၊ ေဆးခန္း (၃၅၀) ခု၊ ရထားလမ္း (၃၈) ခု၊ လမ္း (၂၆၉) ခု၊ အျမန္(လမ္းပိုင္း) (၂၀၃) ခု၊ ဆည္၊ တမံ (၅၈၆) ခုႏွင့္ တံတား (၁၇၀) စင္းတို႔ ထိခိုက္ပ်က္စီးဆုံးရႈံးခဲ့ရေၾကာင္း သိရသည္။
ငလ်င္ဒဏ္သင့္ျပည္သူမ်ားသို႔ ျပည္တြင္းေစတနာရွင္အလႉရွင္မ်ားက အလႉေငြႏွင့္ အလႉပစၥည္းမ်ား ေထာက္ပံ့လႉဒါန္းလ်က္ရွိသကဲ့သို႔ ျပည္ပႏိုင္ငံမ်ား၊ အဖြဲ႕အစည္းမ်ား၊ ေစတနာရွင္အလႉရွင္မ်ားက အလႉေငြႏွင့္ အလႉပစၥည္းမ်ား ေထာက္ပံ့လႉဒါန္းလ်က္ရွိေၾကာင္း သိရသည္။
ယမန္ေန႔ (ဧၿပီလ ၁၈ ရက္)အထိ ႏိုင္ငံေပါင္း (၂၅) ႏိုင္ငံႏွင့္ ေဟာင္ေကာင္တို႔မွ ေလယာဥ္ (၁၃၆) စီး၊ သေဘၤာ (၆) စီး၊ ေမာ္ေတာ္ယာဥ္ (၂၃)စီး ဆိုက္ေရာက္ခဲ့ၿပီး ကယ္ဆယ္ေရးေဆးဝန္ထမ္း (၁,၉၇၅) ဦး၊ ေထာက္ပံ့ေရးပစၥည္း (၂၃၃၂ ဒသမ ၉၈)တန္ႏွင့္ ကယ္ဆယ္ေရး ပစၥည္း (၁၁၇၀ ဒသမ ၅၉)တန္၊ စုစုေပါင္းတန္ခ်ိန္ (၃၅၀၃ ဒသမ ၅၇)တန္တို႔ေရာက္ရွိခဲ့ေၾကာင္း နစက၏ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.