အမေရိကန်ကျောထောက်နောက်ခံ နဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က AA နဲ့ CNF ကို ကူညီမယ်ဆိုတဲ့အပေါ်

 3184

Htay Oung (NP News) - ဧပြီ ၁၉

ပထမဆုံး အဲဒီသတင်းဖော်ပြတဲ့ အိန္ဒိယ North East မီဒီယာအပေါ်သတင်းစိတ်ချယုံကြည်ရမှုဟာ အားနည်းပါ တယ်။ အိန္ဒိယ အရှေ့မြောက်ပြည်နယ်များအတွက် လူသိမများလှတဲ့ ဒစ်ဂျစ်တယ်မီဒီယာမျှသာဖြစ်ပြီး ပရင့်တက် သတင်းစာ ထုတ်ဝေနိုင်ခြင်း မရှိပါ။ လူပြိန်းကြိုက် သတင်းများကို ဖော်ပြလေ့ရှိတယ်။ ဒီသတင်းကို သူတစ်ခုတည်း ကလွဲလို့ နိုင်ငံတကာ အပါအဝင် အခြား ဘယ်အိန္ဒိယသတင်းစာကမျှ မဖော်ပြကြပါ။
သတင်းမှာ ရည်ညွှန်းတဲ့ ဒီကိစ္စဟာ ကလေးကလား ငှက်ပျောသီး အခွံနွာသလို လွယ်ကူတဲ့ကိစ္စမဟုတ်ပါ။ ရှိတ်ဟာစီနာအလွန် အစ္စလာမ်မစ်ဝါဒီတွေ အားကောင်းလာတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ AA လို ရခိုင်အမျိုးသားရေး လက်နက်ကိုင်တွေနဲ့ အစေးကပ်စရာ သိပ်မရှိပါ။
အဲဒီလိုကြီး ပူးပေါင်းလာခဲ့ရင် နောက်ကွယ်မှာ ဘာနှောင်ကြိုးပါနိုင်တယ်ဆိုတာ အသိသာကြီးမို့ AA ဘက်ကလည်း ယုံကြည်ဖို့ခက်တယ်၊ ရခိုင်တစ်ပြည်လုံးနီးပါး သိမ်းထားရလို့ သူ့မှာ လူ-လက်နက်-ငွေကြေး အင်အား လိုအပ်ထာ မှန်ပါတယ်၊ ဒါပေမယ့် ပဲလှော်ကြား ဆားညပ်ကိန်းကြီး/ထမင်းထုပ်နောက်မှာ ဝါးရင်းဒုတ်ပါလာမယ်ဆိုတာ မရိပ်မိပဲ မဖြစ်နိုင်ပါ။
ယူနွတ်လက်ထက် ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ ပါကစ္စတန်နဲ့ အရမ်းနီးကပ်လာတယ်။ အိန္ဒိယနဲ့ဆက်ဆံရေး မပြေလည်ပါ။
စိန့်မာတင်ကျွန်းမှာ အမေရိကန်စစ်စခန်းဖြစ်လာရင် အိန္ဒိယသမုဒ္ဒရာမှာ တရုတ်ကို ထိန်းကျောင်းဖို့ အဖော်ရတာပဲ လို့ ဘာဘူသတင်းစာတွေက ရေးဖူးတယ်၊ တစ်ခါ အိန္ဒိယ အရှေ့မြောက်ဖျားပြည်နယ်များက ခွဲထွက်ရေး သူပုန်တွေ ကို ရခိုင်ကမ်းလွန်လမ်းကြောင်းအတိုင်း တရုတ်က လက်နက်ခဲယမ်းထောက်ပံ့နေကြောင်း ရေးတာလည်း သူတို့ ပါပဲ။
ဒါပေမယ့် ခွဲထွက်ရေးသူပုန်တွေ ဇို-မေထေးလူမျိုးရေးအဓိကရုန်းတွေဖြစ်ပွားနေတဲ့ အရှေ့မြောက်ဖျား ပြည်နယ် အနီးမှာ AA နဲ့ CNF ချင်းသူပုန်ကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က ကူညီခဲ့ရင် အဲဒါ မိုဒီကြီး နားရွက်ကို တံတွေးဆွတ်ထာပဲ။
ဘင်္ဂလားဒေ့ရ်ှဟာ လူဦးရေ သန်း ၁၆ဝ ကျော်တာ မှန်ပါတယ်၊ ဒါပေမယ့် အိန္ဒိယကို စစ်ရေးအရ အံတုဖို့ အတော်ခက်တယ်။
ရိုဟင်ဂျာတွေအတွက် နယ်မြေရှာပေးဖို့ ဆန္ဒရှိကြောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုနည်းနဲ့ ရခိုင်မြောက်ဖျားမှာ ရိုနယ်မြေထူထောင်ပေးမိရင် ဘင်္ဂလားဒေ့ရှ်ဟာ နေ့ချင်း/ညချင်း ပါလက်စတိုင်း ဖြစ်သွားဖွယ်ရှိတယ်။
ရိုဟင်ဂျာအရေးမှာ အယ်လ်ကိုင်ဒါ-အိုင်စစ်လို အစ္စလာမ်မစ် အစွန်းရောက်ဝင်လာမှာကို မွတ်စလင်တိုင်းပြည်တွေ က အခြားတိုင်းပြည်များထက် အဆပေါင်းများစွာ ပိုမိုစိုးရိမ်တယ်။
နောက်ဆုံးသတိပြုရမှာ ဘင်္ဂလားဒေ့ရှ်ရဲ့မိတ်ဆွေသစ်ဖြစ်လာတဲ့ ပါကစ္စတန်စစ်တပ်ဟာ တရုတ်ရဲ့ဘော်ဒါ စစ်စစ် ကြီးပါ။
AA အပါအဝင် နယ်စပ်တလျောက် မြန်မာဘက်ခြမ်း တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့နယ်မြေသိမ်းပိုက်မှု ကျယ်ပြန့်လာနေတယ်။ ဘင်္ဂလားဒေ့ရှ်ရော အိန္ဒိယပါ သူတို့ရဲ့စီးပွားရေးနဲ့ လုံခြုံရေးအတွက် AA ၊ CNF ကို မြွေမသေ ဒုတ်မကျိုးဆက်ဆံဖို့က အများဆုံးပါ။
ခုရက်ပိုင်း တရုတ်အပေါ် အမေရိကန်က ကုန်သွယ်ရေးခွန် တိုးမြှင့်လိုက်ထာ ဘင်္ဂလားဒေ့ရှ်အထည်ချုပ်လုပ်ငန်း တွေပါ ရောပါပြီး အထိနာမယ့်ကိန်း ဆိုက်နေတယ်။
ဘင်္ဂလားဒေ့ရှ်သွင်းကုန်တွေအပေါ် အခွန် ၁၅ ရာခိုင်နှုန်းကောက်ခံနေရာက ၃၅ ရာခိုင်နှုန်းအထိ ဒေါ်နယ်ထရမ့်က တိုးမြှင့်လိုက်လို့ ယူနွတ်အစိုးရမှာ စိတ်ဆင်းရဲနေရပါတယ်။ ရှိတ်ဟာစီနာလက်ထက် ယူထားတဲ့ နိုင်ငံခြား ကြွေးမြီတွေ အတော်များတယ်။

#HtatOung #OungMarine
#ဘင်္ဂလားဒေ့ရှ် #မြန်မာ့တပ်မတော် #အာရက္ခတပ်တော် #AA #CNF #အမေရိကန် #အိန္ဒိယ

Zawgyi Version:
အေမရိကန္ေက်ာေထာက္ေနာက္ခံ နဲ႔ ဘဂၤလားေဒ့ရွ္စစ္တပ္က AA နဲ႔ CNF ကို ကူညီမယ္ဆိုတဲ့အေပၚ

Htay Oung (NP News) - ဧၿပီ ၁၉

ပထမဆုံး အဲဒီသတင္းေဖာ္ျပတဲ့ အိႏၵိယ North East မီဒီယာအေပၚသတင္းစိတ္ခ်ယုံၾကည္ရမႈဟာ အားနည္းပါ တယ္။ အိႏၵိယ အေရွ႕ေျမာက္ျပည္နယ္မ်ားအတြက္ လူသိမမ်ားလွတဲ့ ဒစ္ဂ်စ္တယ္မီဒီယာမွ်သာျဖစ္ၿပီး ပရင့္တက္ သတင္းစာ ထုတ္ေဝႏိုင္ျခင္း မရွိပါ။ လူၿပိန္းႀကိဳက္ သတင္းမ်ားကို ေဖာ္ျပေလ့ရွိတယ္။ ဒီသတင္းကို သူတစ္ခုတည္း ကလြဲလို႔ ႏိုင္ငံတကာ အပါအဝင္ အျခား ဘယ္အိႏၵိယသတင္းစာကမွ် မေဖာ္ျပၾကပါ။
သတင္းမွာ ရည္ၫႊန္းတဲ့ ဒီကိစၥဟာ ကေလးကလား ငွက္ေပ်ာသီး အခြံႏြာသလို လြယ္ကူတဲ့ကိစၥမဟုတ္ပါ။ ရွိတ္ဟာစီနာအလြန္ အစၥလာမ္မစ္ဝါဒီေတြ အားေကာင္းလာတဲ့ ဘဂၤလားေဒ့ရွ္ဟာ AA လို ရခိုင္အမ်ိဳးသားေရး လက္နက္ကိုင္ေတြနဲ႔ အေစးကပ္စရာ သိပ္မရွိပါ။
အဲဒီလိုႀကီး ပူးေပါင္းလာခဲ့ရင္ ေနာက္ကြယ္မွာ ဘာေႏွာင္ႀကိဳးပါႏိုင္တယ္ဆိုတာ အသိသာႀကီးမို႔ AA ဘက္ကလည္း ယုံၾကည္ဖို႔ခက္တယ္၊ ရခိုင္တစ္ျပည္လုံးနီးပါး သိမ္းထားရလို႔ သူ႔မွာ လူ-လက္နက္-ေငြေၾကး အင္အား လိုအပ္ထာ မွန္ပါတယ္၊ ဒါေပမယ့္ ပဲေလွာ္ၾကား ဆားညပ္ကိန္းႀကီး/ထမင္းထုပ္ေနာက္မွာ ဝါးရင္းဒုတ္ပါလာမယ္ဆိုတာ မရိပ္မိပဲ မျဖစ္ႏိုင္ပါ။
ယူႏြတ္လက္ထက္ ဘဂၤလားေဒ့ရွ္စစ္တပ္ဟာ ပါကစၥတန္နဲ႔ အရမ္းနီးကပ္လာတယ္။ အိႏၵိယနဲ႔ဆက္ဆံေရး မေျပလည္ပါ။
စိန႔္မာတင္ကြၽန္းမွာ အေမရိကန္စစ္စခန္းျဖစ္လာရင္ အိႏၵိယသမုဒၵရာမွာ တ႐ုတ္ကို ထိန္းေက်ာင္းဖို႔ အေဖာ္ရတာပဲ လို႔ ဘာဘူသတင္းစာေတြက ေရးဖူးတယ္၊ တစ္ခါ အိႏၵိယ အေရွ႕ေျမာက္ဖ်ားျပည္နယ္မ်ားက ခြဲထြက္ေရး သူပုန္ေတြ ကို ရခိုင္ကမ္းလြန္လမ္းေၾကာင္းအတိုင္း တ႐ုတ္က လက္နက္ခဲယမ္းေထာက္ပံ့ေနေၾကာင္း ေရးတာလည္း သူတို႔ ပါပဲ။
ဒါေပမယ့္ ခြဲထြက္ေရးသူပုန္ေတြ ဇို-ေမေထးလူမ်ိဳးေရးအဓိက႐ုန္းေတြျဖစ္ပြားေနတဲ့ အေရွ႕ေျမာက္ဖ်ား ျပည္နယ္ အနီးမွာ AA နဲ႔ CNF ခ်င္းသူပုန္ကို ဘဂၤလားေဒ့ရွ္စစ္တပ္က ကူညီခဲ့ရင္ အဲဒါ မိုဒီႀကီး နား႐ြက္ကို တံေတြးဆြတ္ထာပဲ။
ဘဂၤလားေဒ့ရ္ွဟာ လူဦးေရ သန္း ၁၆ဝ ေက်ာ္တာ မွန္ပါတယ္၊ ဒါေပမယ့္ အိႏၵိယကို စစ္ေရးအရ အံတုဖို႔ အေတာ္ခက္တယ္။
႐ိုဟင္ဂ်ာေတြအတြက္ နယ္ေျမရွာေပးဖို႔ ဆႏၵရွိေၾကာင္း ရွိႏိုင္ပါတယ္။ ဒါေပမယ့္ ဒီလိုနည္းနဲ႔ ရခိုင္ေျမာက္ဖ်ားမွာ ႐ိုနယ္ေျမထူေထာင္ေပးမိရင္ ဘဂၤလားေဒ့ရွ္ဟာ ေန႔ခ်င္း/ညခ်င္း ပါလက္စတိုင္း ျဖစ္သြားဖြယ္ရွိတယ္။
႐ိုဟင္ဂ်ာအေရးမွာ အယ္လ္ကိုင္ဒါ-အိုင္စစ္လို အစၥလာမ္မစ္ အစြန္းေရာက္ဝင္လာမွာကို မြတ္စလင္တိုင္းျပည္ေတြ က အျခားတိုင္းျပည္မ်ားထက္ အဆေပါင္းမ်ားစြာ ပိုမိုစိုးရိမ္တယ္။
ေနာက္ဆုံးသတိျပဳရမွာ ဘဂၤလားေဒ့ရွ္ရဲ႕မိတ္ေဆြသစ္ျဖစ္လာတဲ့ ပါကစၥတန္စစ္တပ္ဟာ တ႐ုတ္ရဲ႕ေဘာ္ဒါ စစ္စစ္ ႀကီးပါ။
AA အပါအဝင္ နယ္စပ္တေလ်ာက္ ျမန္မာဘက္ျခမ္း တိုင္းရင္းသားလက္နက္ကိုင္ေတြရဲ႕နယ္ေျမသိမ္းပိုက္မႈ က်ယ္ျပန႔္လာေနတယ္။ ဘဂၤလားေဒ့ရွ္ေရာ အိႏၵိယပါ သူတို႔ရဲ႕စီးပြားေရးနဲ႔ လုံၿခဳံေရးအတြက္ AA ၊ CNF ကို ေႁမြမေသ ဒုတ္မက်ိဳးဆက္ဆံဖို႔က အမ်ားဆုံးပါ။
ခုရက္ပိုင္း တ႐ုတ္အေပၚ အေမရိကန္က ကုန္သြယ္ေရးခြန္ တိုးျမႇင့္လိုက္ထာ ဘဂၤလားေဒ့ရွ္အထည္ခ်ဳပ္လုပ္ငန္း ေတြပါ ေရာပါၿပီး အထိနာမယ့္ကိန္း ဆိုက္ေနတယ္။
ဘဂၤလားေဒ့ရွ္သြင္းကုန္ေတြအေပၚ အခြန္ ၁၅ ရာခိုင္ႏႈန္းေကာက္ခံေနရာက ၃၅ ရာခိုင္ႏႈန္းအထိ ေဒၚနယ္ထရမ့္က တိုးျမႇင့္လိုက္လို႔ ယူႏြတ္အစိုးရမွာ စိတ္ဆင္းရဲေနရပါတယ္။ ရွိတ္ဟာစီနာလက္ထက္ ယူထားတဲ့ ႏိုင္ငံျခား ေႂကြးၿမီေတြ အေတာ္မ်ားတယ္။

#HtatOung #OungMarine
#ဘဂၤလားေဒ့ရွ္ #ျမန္မာ့တပ္မေတာ္ #အာရကၡတပ္ေတာ္ #AA #CNF #အေမရိကန္ #အိႏၵိယ

Related news

© 2021. All rights reserved.