ငလျင်နှင့်ပတ်သက်၍ မိုးဇလဌာန၏ ငလျင်ဌာနခွဲသို့ ဆက်သွယ်မေးမြန်းမှုများရှိနေ

 966

စော(NP News)- ဧပြီ ၁၉

ငလျင်နှင့်ပတ်သက်၍ ကောလဟလများကြောင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ (ငလျင်ဌာနခွဲ)သို့ ဆက်သွယ်မေးမြန်းမှုများရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

မိုးဇလက ယမန်နေ့ (ဧပြီလ ၁၈ရက်)က ငလျင်သည် မည်သည့်အချိန်၊ မည်သည့်နေရာတွင် လှုပ်ရှားမည်ကို ယနေ့အချိန်ထိ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံ၊ မည်သည့်ငလျင်ပညာရှင်မှ တိတိကျကျ ကြိုတင်မခန့်မှန်းနိုင်သော သဘာဝဘေးတစ်မျိုး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ထုတ်ပြန်ရတဲ့အကြောင်းအရင်းကတော့ လိုင်းတွေပေါ်မှာ ပြောနေတာတွေ ငလျင်ဘယ်နေ့၊ဘယ်အချိန်မှာ တော့ ဘယ်လောက်အများနဲ့လှုပ်မယ်ဆိုတဲ့ ကောလဟလတွေကို ပြန်လည်ပြီးတော့ ချေဖျက်ဖို့အတွက် ကောလဟလတွေကို မယုံကြဖို့ ပြည်သူတွေကို အသိပေးတဲ့အနေနဲ့ ဌာနကနေပြီးတော့ တင်ပြရခြင်းဖြစ်ပါတယ် “ဟု ဦးလှထွန်းက NP Newsကို‌ပြောသည်။

ထို့ကြောင့် ငလျင်နှင့်ပတ်သက်၍ သိရှိလိုသည်များရှိပါက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ ဖုန်းနံပါတ်များဖြစ်သော 067-3411269 နှင့် 067-3411253 တို့သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ကြောင်းလည်း မိုးဇလက ဆိုထားသည်။

“သူက မြေငလျင်ဌာနခွဲရဲ့ ဖုန်းနံပါတ်တွေဖြစ်တာပေါ့။ အဲဒီတော့ တစ်ချို့လည်း ဆက်သွယ်မေးမြန်းတာတွေရှိပါတယ်။ ရှိတယ်လို့ပဲပြောရမှာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။

ထို့ပြင် မတ်လ ၂၈ရက်က အင်အားရစ်(ခ်)တာစကေး (၇ဒသမ၇)ဖြင့် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီး အပါအဝင် နောက်ဆက်တွဲငလျင် (၁၄၈)ကြိမ် ရှိခဲ့ကြောင်း မိုးဇလ၏ ဧပြီလ ၁၉ရက်နေ့ မွန်းလွဲ (၉)နာရီထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
ငလ်င္ႏွင့္ပတ္သက္၍ မိုးဇလဌာန၏ ငလ်င္ဌာနခြဲသို႔ ဆက္သြယ္ေမးျမန္းမႈမ်ားရွိေန

ေစာ(NP News)- ဧၿပီ ၁၉

ငလ်င္ႏွင့္ပတ္သက္၍ ေကာလဟလမ်ားေၾကာင့္ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ (ငလ်င္ဌာနခြဲ)သို႔ ဆက္သြယ္ေမးျမန္းမႈမ်ားရွိေနေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးလွထြန္းက ေျပာသည္။

မိုးဇလက ယမန္ေန႔ (ဧၿပီလ ၁၈ရက္)က ငလ်င္သည္ မည္သည့္အခ်ိန္၊ မည္သည့္ေနရာတြင္ လႈပ္ရွားမည္ကို ယေန႔အခ်ိန္ထိ ကမာၻေပၚတြင္ မည္သည့္ႏိုင္ငံ၊ မည္သည့္ငလ်င္ပညာရွင္မွ တိတိက်က် ႀကိဳတင္မခန႔္မွန္းႏိုင္ေသာ သဘာဝေဘးတစ္မ်ိဳး ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

“ထုတ္ျပန္ရတဲ့အေၾကာင္းအရင္းကေတာ့ လိုင္းေတြေပၚမွာ ေျပာေနတာေတြ ငလ်င္ဘယ္ေန႔၊ဘယ္အခ်ိန္မွာ ေတာ့ ဘယ္ေလာက္အမ်ားနဲ႔လႈပ္မယ္ဆိုတဲ့ ေကာလဟလေတြကို ျပန္လည္ၿပီးေတာ့ ေခ်ဖ်က္ဖို႔အတြက္ ေကာလဟလေတြကို မယုံၾကဖို႔ ျပည္သူေတြကို အသိေပးတဲ့အေနနဲ႔ ဌာနကေနၿပီးေတာ့ တင္ျပရျခင္းျဖစ္ပါတယ္ “ဟု ဦးလွထြန္းက NP Newsကို‌ေျပာသည္။

ထို႔ေၾကာင့္ ငလ်င္ႏွင့္ပတ္သက္၍ သိရွိလိုသည္မ်ားရွိပါက မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 067-3411269 ႏွင့္ 067-3411253 တို႔သို႔ တိုက္႐ိုက္ဆက္သြယ္ ေမးျမန္းႏိုင္ေၾကာင္းလည္း မိုးဇလက ဆိုထားသည္။

“သူက ေျမငလ်င္ဌာနခြဲရဲ႕ ဖုန္းနံပါတ္ေတြျဖစ္တာေပါ့။ အဲဒီေတာ့ တစ္ခ်ိဳ႕လည္း ဆက္သြယ္ေမးျမန္းတာေတြရွိပါတယ္။ ရွိတယ္လို႔ပဲေျပာရမွာေပါ့”ဟု ၎ကဆက္လက္ေျပာသည္။

ထို႔ျပင္ မတ္လ ၂၈ရက္က အင္အားရစ္(ခ္)တာစေကး (၇ဒသမ၇)ျဖင့္ လႈပ္ခတ္ခဲ့ေသာ မႏၲေလးငလ်င္ႀကီး အပါအဝင္ ေနာက္ဆက္တြဲငလ်င္ (၁၄၈)ႀကိမ္ ရွိခဲ့ေၾကာင္း မိုးဇလ၏ ဧၿပီလ ၁၉ရက္ေန႔ မြန္းလြဲ (၉)နာရီထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.