နစကအစိုးရအဖွဲ့အပြင် NUG အဖွဲ့နဲ့ပါတွေ့ဆုံဆွေးနွေးရာမှာ အောင်မြင်မှုရခဲ့ဟု အာဆီယံဥက္ကဋ္ဌ ထုတ်ဖော်ပြောဆို

1508

ဂျန်ဇက် (NP News) - ဧပြီ ၁၉
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က နစကဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပြင် NUG အဖွဲ့ ခေါင်းဆောင်တို့နဲ့ဆွေးနွေးရာမှာ အောင်မြင်မှုတွေရရှိခဲ့တယ်လို့ ထုတ်ဖော်ပြာဆိုလိုက်ပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ် အီဘရာဟင်ဟာ ဧပြီ ၁၇ ရက်က ထိုင်းနိုင်ငံမှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။ မလေးရှားဝန်ကြီးချုပ် အီဘရာဟင်ဟာ အင်အားပြင်းငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ရတဲ့ ပြည်သူတွေကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးနိုင်အောင် တိုက်ပွဲတွေကို ရပ်တန့်ထားပြီး ယာယီအပစ်ခတ်ရပ်စဲရေးသက်တမ်းတိုးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က အင်အား ၇ ဒသမ ၇ မဂ္ဂနီကျူအဆင့်ရှိ အင်အားပြင်းငလျင်နဲ့အတူ နောက်ဆက်တွဲငလျင်ငယ်တွေလှုပ်ခတ်ခဲ့ရာ လူပေါင်း ၃ ဒသမ ၅ သန်းကျော် အခက်ခဲများစွာ ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။
မလေးရှားဝန်ကြီးချုပ်က "အပစ်ခတ်ရပ်စဲထားရမှာဖြစ်တယ်။ ရန်လိုမှုတွေ ရှိဖို့ မလိုအပ်ဘူး။ ရန်လိုမှုတွေနဲ့အပစ်ခတ်ရပ်စဲထားမှုတွေမရှိဘူးဆိုရင် ငလျင်ဒဏ်ကို ခံစားရသူတွေကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးဖို့ အောင်မြင်မှာမဟုတ်ဘူး။ ကျွန်တော်ဟာ နစကဥက္ကဋ္ဌအပြင် NUG အဖွဲ့ ခေါင်းဆောင်နဲ့လည်း ဆွေးနွေးခဲ့တယ်။ အဲဒီဆွေးနွေးမှုတွေကအောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်" လို့ ပြောပါတယ်။ လူပေါင်းထောင်ချီသေဆုံးစေခဲ့တဲ့ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နစကအစိုးရဟာ ဧပြီ ၂ ရက်က စတင်ပြီး ရက်ပေါင်း ၂၀ ကြာ ယာယီအပစ်ခတ်ရပ်စဲထားမယ်လို့ ကြေညာခဲ့ပြီး မလေးရှားဝန်ကြီးချုပ်က ယာယီအပစ်ခတ်ရပ်စဲထားမှုကို သက်တမ်းတိုးဖို့တောင်းဆိုခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
မလေးရှားဝန်ကြီးချုပ်က "ကျွန်တော်တို့ရဲ့အဓိက ဦးစားပေးက လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးဖို့ဖြစ်တယ်။ အဲဒီအတွက် အပစ်ခတ်ရပ်စဲထားရမှာဖြစ်တယ်။ နစကအစိုးရနဲ့ NUG တို့ဟာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ဝန်ထမ်းအားလုံး ဘေးကင်းရေးကို အာမခံပေးရမှာဖြစ်ပါတယ်။
မြန်မာအရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ရပ်တည်ချက်ဟာ အာဆီယံသဘောတူညီချက်ငါးချက်ကို အခြေခံပြီး သဘောတူညီမှုရဖို့ ကြိုးပမ်းရာမှာ ပိုမိုပါဝင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကျွန်တော်ဟာ မြန်မာအရေးနဲ့ပတ်သက်ပြီး စေ့စပ်ဆွေးနွေးမှုတွေ ပိုမိုလုပ်ဆာင်နိုင်အောင် အာဆီယံခေါင်းဆောင်တွေနဲ့တိုင်ပင်ဆွေးနွေးတာတွေလုပ်ခဲ့တယ်" လို့ ပြောပါတယ်။
အာဆီယံအဖွဲ့ဟာ နစကအစိုးရနဲ့ စေ့စပ်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေ ဆက်လက်ကူညီပေးနိုင်အောင်ဆွေးနွေးရမှာဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။ ဧပြီ ၁၇ ရက်က နိုင်ငံရေးအကျဉ်းသား ၄၇၀၀ ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ နစကအစိုးရအဖွဲ့ရဲ့လုပ်ရပ်ကို လက်ခံကြိုဆိုကြောင်း၊ နစကအစိုးရအဖွဲ့ရဲ့လုပ်ရပ်က အာဆီယံအဖွဲ့နဲ့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ဆန္ဒရှိနေတာကိုပြသလိုက်တာမျိုးဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်က ထုတ်ဖော်ပြာဆိုခဲ့ပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သလို မလေးရှားဝန်ကြီးချုပ်ဖြစ်တဲ့ အီဘရာဟင်ဟာ နစကဥက္ကဌ နဲ့ဆွေးနွေးပြီးနောက် မကြာမီ NUGအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မန်းဝင်းခိုင်သန်းကို ဆက်သွယ်ကာ ဖုန်းနဲ့ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ မြန်မာအရေးနဲ့ပတ်သက်ပြီး နစကအစိုးရအဖွဲ့ နဲ့ NUG အဖွဲ့တို့နဲ့ စေ့စပ်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်ပြီး အကြမ်းဖက်တိုက်ခိုကမှုတွေ ချက်ချင်းရပ်တန့်အောင်ပထမ ဦးစားပေးအဖြစ် လုပ်ဆောင်မှာဖြစ်သလို ဒုတိယဦးစားပေးက လူသားချင်းဆိုင်ရာစာနာမှုအကူညီလိုအပ်နေသူတွေကို ကူညီတွေပေးပို့နိုင်အောင် လုပ်ဆောင်မှာဖြစ်ပြီး တတိယဦးစားပေးက အာဆီယံအဖွဲ့ဟာ မြန်မာပြည်သူတွေကို ကိုယ်အနာဂတ်ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရအောင် နစကအစိုးရအဖွဲ့ နဲ့ NUG အဖွဲ့တို့ စေ့စပ်ဆွေးနွေးမှုတွေကို ဆက်လက် ထိန်းသိမ်းလုပ်ကိုင်မှာဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ်ကပြောပါတယ်။
မလေးရှားဝန်ကြီးချုပ်က" ကျွန်တော်အနေနဲ့ မြန်မာခေါင်းဆောင်ဟာလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကြိုးပမ်းမှုအားလုံးအတွက် အပစ်အခတ်ရပ်စဲရေးကို လိုလားနေတာကို တွေ့မြင်ခဲ့ပါတယ်။ အာဆီယံအဖွဲ့ဟာ မြန်မာ ခေါင်းဆောင်တွေနဲ့ စေ့စပ်ဆွေးနွေးဖို့ အဆင်သင့်ရှိနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။

Zawgyi Version:
နစကအစိုးရအဖြဲ႕အျပင္ NUG အဖြဲ႕နဲ႔ပါေတြ႕ဆုံေဆြးေႏြးရာမွာ ေအာင္ျမင္မႈရခဲ့ဟု အာဆီယံဥကၠ႒ ထုတ္ေဖာ္ေျပာဆို
ဂ်န္ဇက္ (NP News) - ဧၿပီ ၁၉
မေလးရွားဝန္ႀကီးခ်ဳပ္ အန္ဝါအီဘရာဟင္က နစကဥကၠ႒ျဖစ္တဲ့ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ အျပင္ NUG အဖြဲ႕ ေခါင္းေဆာင္တို႔နဲ႔ေဆြးေႏြးရာမွာ ေအာင္ျမင္မႈေတြရရွိခဲ့တယ္လို႔ ထုတ္ေဖာ္ျပာဆိုလိုက္ပါတယ္။
အာဆီယံအလွည့္က်ဥကၠ႒ျဖစ္တဲ့ မေလးရွားဝန္ႀကီးခ်ဳပ္ အီဘရာဟင္ဟာ ဧၿပီ ၁၇ ရက္က ထိုင္းႏိုင္ငံမွာ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ အခုလိုမ်ိဳးေျပာဆိုခဲ့တာျဖစ္ပါတယ္။ မေလးရွားဝန္ႀကီးခ်ဳပ္ အီဘရာဟင္ဟာ အင္အားျပင္းငလ်င္လႈပ္ခတ္မႈဒဏ္ကို ခံစားခဲ့ရတဲ့ ျပည္သူေတြကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေတြေပးႏိုင္ေအာင္ တိုက္ပြဲေတြကို ရပ္တန႔္ထားၿပီး ယာယီအပစ္ခတ္ရပ္စဲေရးသက္တမ္းတိုးဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။
ျမန္မာႏိုင္ငံမွာ မတ္လ ၂၈ ရက္က အင္အား ၇ ဒသမ ၇ မဂၢနီက်ဴအဆင့္ရွိ အင္အားျပင္းငလ်င္နဲ႔အတူ ေနာက္ဆက္တြဲငလ်င္ငယ္ေတြလႈပ္ခတ္ခဲ့ရာ လူေပါင္း ၃ ဒသမ ၅ သန္းေက်ာ္ အခက္ခဲမ်ားစြာ ရင္ဆိုင္ရဖြယ္ရွိေနတယ္လို႔ သိရပါတယ္။
မေလးရွားဝန္ႀကီးခ်ဳပ္က "အပစ္ခတ္ရပ္စဲထားရမွာျဖစ္တယ္။ ရန္လိုမႈေတြ ရွိဖို႔ မလိုအပ္ဘူး။ ရန္လိုမႈေတြနဲ႔အပစ္ခတ္ရပ္စဲထားမႈေတြမရွိဘူးဆိုရင္ ငလ်င္ဒဏ္ကို ခံစားရသူေတြကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးဖို႔ ေအာင္ျမင္မွာမဟုတ္ဘူး။ ကြၽန္ေတာ္ဟာ နစကဥကၠ႒အျပင္ NUG အဖြဲ႕ ေခါင္းေဆာင္နဲ႔လည္း ေဆြးေႏြးခဲ့တယ္။ အဲဒီေဆြးေႏြးမႈေတြကေအာင္ျမင္တယ္လို႔ ဆိုႏိုင္ပါတယ္" လို႔ ေျပာပါတယ္။ လူေပါင္းေထာင္ခ်ီေသဆုံးေစခဲ့တဲ့ အင္အားျပင္းငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ နစကအစိုးရဟာ ဧၿပီ ၂ ရက္က စတင္ၿပီး ရက္ေပါင္း ၂၀ ၾကာ ယာယီအပစ္ခတ္ရပ္စဲထားမယ္လို႔ ေၾကညာခဲ့ၿပီး မေလးရွားဝန္ႀကီးခ်ဳပ္က ယာယီအပစ္ခတ္ရပ္စဲထားမႈကို သက္တမ္းတိုးဖို႔ေတာင္းဆိုခဲ့တယ္လို႔ သတင္းေတြထြက္ေပၚခဲ့ပါတယ္။
မေလးရွားဝန္ႀကီးခ်ဳပ္က "ကြၽန္ေတာ္တို႔ရဲ႕အဓိက ဦးစားေပးက လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးဖို႔ျဖစ္တယ္။ အဲဒီအတြက္ အပစ္ခတ္ရပ္စဲထားရမွာျဖစ္တယ္။ နစကအစိုးရနဲ႔ NUG တို႔ဟာ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရးလုပ္ငန္းေတြလုပ္ကိုင္ေနတဲ့ဝန္ထမ္းအားလုံး ေဘးကင္းေရးကို အာမခံေပးရမွာျဖစ္ပါတယ္။
ျမန္မာအေရးနဲ႔ပတ္သက္ၿပီး အာဆီယံအဖြဲ႕ရဲ႕ရပ္တည္ခ်က္ဟာ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို အေျခခံၿပီး သေဘာတူညီမႈရဖို႔ ႀကိဳးပမ္းရာမွာ ပိုမိုပါဝင္လုပ္ေဆာင္ရမွာျဖစ္ပါတယ္။ ကြၽန္ေတာ္ဟာ ျမန္မာအေရးနဲ႔ပတ္သက္ၿပီး ေစ့စပ္ေဆြးေႏြးမႈေတြ ပိုမိုလုပ္ဆာင္ႏိုင္ေအာင္ အာဆီယံေခါင္းေဆာင္ေတြနဲ႔တိုင္ပင္ေဆြးေႏြးတာေတြလုပ္ခဲ့တယ္" လို႔ ေျပာပါတယ္။
အာဆီယံအဖြဲ႕ဟာ နစကအစိုးရနဲ႔ ေစ့စပ္ေဆြးေႏြးမႈေတြ ဆက္လက္လုပ္ေဆာင္မွာျဖစ္ၿပီး လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေတြ ဆက္လက္ကူညီေပးႏိုင္ေအာင္ေဆြးေႏြးရမွာျဖစ္တယ္လို႔ မေလးရွားဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။ ဧၿပီ ၁၇ ရက္က ႏိုင္ငံေရးအက်ဥ္းသား ၄၇၀၀ ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့တဲ့ နစကအစိုးရအဖြဲ႕ရဲ႕လုပ္ရပ္ကို လက္ခံႀကိဳဆိုေၾကာင္း၊ နစကအစိုးရအဖြဲ႕ရဲ႕လုပ္ရပ္က အာဆီယံအဖြဲ႕နဲ႔ ေစ့စပ္ေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ ဆႏၵရွိေနတာကိုျပသလိုက္တာမ်ိဳးျဖစ္ေၾကာင္း မေလးရွားဝန္ႀကီးခ်ဳပ္က ထုတ္ေဖာ္ျပာဆိုခဲ့ပါတယ္။
အာဆီယံအလွည့္က်ဥကၠ႒ျဖစ္သလို မေလးရွားဝန္ႀကီးခ်ဳပ္ျဖစ္တဲ့ အီဘရာဟင္ဟာ နစကဥကၠဌ နဲ႔ေဆြးေႏြးၿပီးေနာက္ မၾကာမီ NUGအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ မန္းဝင္းခိုင္သန္းကို ဆက္သြယ္ကာ ဖုန္းနဲ႔ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။ ျမန္မာအေရးနဲ႔ပတ္သက္ၿပီး နစကအစိုးရအဖြဲ႕ နဲ႔ NUG အဖြဲ႕တို႔နဲ႔ ေစ့စပ္ေဆြးေႏြးမႈေတြ ဆက္လက္လုပ္ေဆာင္ၿပီး အၾကမ္းဖက္တိုက္ခိုကမႈေတြ ခ်က္ခ်င္းရပ္တန႔္ေအာင္ပထမ ဦးစားေပးအျဖစ္ လုပ္ေဆာင္မွာျဖစ္သလို ဒုတိယဦးစားေပးက လူသားခ်င္းဆိုင္ရာစာနာမႈအကူညီလိုအပ္ေနသူေတြကို ကူညီေတြေပးပို႔ႏိုင္ေအာင္ လုပ္ေဆာင္မွာျဖစ္ၿပီး တတိယဦးစားေပးက အာဆီယံအဖြဲ႕ဟာ ျမန္မာျပည္သူေတြကို ကိုယ္အနာဂတ္ကိုယ္ပိုင္ဆုံးျဖတ္ခြင့္ရေအာင္ နစကအစိုးရအဖြဲ႕ နဲ႔ NUG အဖြဲ႕တို႔ ေစ့စပ္ေဆြးေႏြးမႈေတြကို ဆက္လက္ ထိန္းသိမ္းလုပ္ကိုင္မွာျဖစ္တယ္လို႔ မေလးရွားဝန္ႀကီးခ်ဳပ္ကေျပာပါတယ္။
မေလးရွားဝန္ႀကီးခ်ဳပ္က" ကြၽန္ေတာ္အေနနဲ႔ ျမန္မာေခါင္းေဆာင္ဟာလည္း လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေပးေရး ႀကိဳးပမ္းမႈအားလုံးအတြက္ အပစ္အခတ္ရပ္စဲေရးကို လိုလားေနတာကို ေတြ႕ျမင္ခဲ့ပါတယ္။ အာဆီယံအဖြဲ႕ဟာ ျမန္မာ ေခါင္းေဆာင္ေတြနဲ႔ ေစ့စပ္ေဆြးေႏြးဖို႔ အဆင္သင့္ရွိေနပါတယ္" လို႔ေျပာၾကားခဲ့ပါတယ္။