ရန်ကုန်တွင်ဘိလပ်မြေဈေး အဆမတန် ပြန်လည်မြင့်တက်

 9006

NP News ဧပြီ (၅)ရက်
ရန်ကုန်တွင်ပြည်ပမှတင်သွင်းသောဘိလပ်မြေများ ဈေးကွက်အတွင်း ဝင်ရောက်နေပြီးဟုဆိုသော်လည်း ဈေးကွက်အတွင်း ဈေးများမြင့်တက်နေသည့်အပြင် ဝယ်ယူရာတွင်လည်းအခက်အခဲများရှိနေကြောင်း ဆောက်လုပ်ရေးဈေးကွက်အတွင်းမှသိရသည်။
“ငလျင်ကြီးမတိုင်ခင်ကဈေးကျနေသေးတယ်ငလျင်အပြီးသင်္ကြန်အတွင်းရောက်မှဈေးကခုန်တက်သွားတာ ။ အရင်ဈေးထက်နှစ်ဆပေးဝယ်တာတောင်ဝယ်မရသေးဘူး ။ “ဟု ဆောက်လုပ်ရေးကန်ထရိုက်တာ တစ်ဦးကပြောသည်။
ငလျင်ကြီးမတိုင်ခင်ကာလက ဘိလပ်မြေတစ်အိတ်လျှင် တစ်သောင်းကိုးထောင်ဝန်းကျင်သာပေါက်ဈေးရှိခဲ့သော်လည်း လက်ရှိအချိန်၌ ဘိလပ်မြေတစ်အိတ်လျှင် လေးသောင်းခွဲဝန်းကျင်အထိ ဈေးမြင့်တက်လာကြောင်းသိရသည်။
“ ကော့သောင်းနယ်စပ်ကသွင်းတဲ့ ဘိလပ်မြေတွေ ရန်ကုန်ကိုရောက်တယ်ဆိုပေမယ့် လိုသလောက်သွားဝယ်လို့မရဘူး ခွဲတမ်းနဲ့ဘဲရောင်းပေးနေတာ အခုဆိုင်မှာလက်ကျန်ကုန်ရင် အရောင်းရပ်ထားယုံဘဲရှိတော့တယ်” ဟု တောင်ဒဂုံမြို့နယ်မှ အိမ်ဆောက်ပစ္စည်းဆိုင်တာဝန်ခံတစ်ဦးကပြောသည်။
ရန်ကုန်တွင် ဈေးကွက်အတွင်းအိမ်ဆောက်ပစ္စည်းများ ဈေးနှုန်းမြင့်တက်နေသည်အပြင် အဓိကလိုအပ်သောဘိလပ်မြေ မှာလည်း အမျိုးအစားအလိုက် တစ်အိတ်လျှင် လေးသောင်းခွဲမှ ငါးသောင်းဝန်းကျင်အထိ ပေါက်ဈေးရှိကြောင်းသိရသည်။
ထိုင်းနိုင်ငံဘက်မှ ကော့သောင်းနယ်စပ်မှတဆင့် ရန်ကုန်သို့တင်သွင်းသောဘိလပ်မြေအိတ်များမှာဈေးကွက်အတွင်းဆက်လက်ဝင်ရောက်လျှက်ရှိပြီး သက်ဆိုင်ရာသို့သွင်းကုန်ပါမစ် လျောက်ထားဈေးအရ ဘိလပ်မြေတစ်တန်လျှင်ငါးသိန်း ပေါက်ဈေးရှိကြောင်းသိရသည်။

Zawgyi Version:
ရန္ကုန္တြင္ဘိလပ္ေျမေဈး အဆမတန္ ျပန္လည္ျမင့္တက္
NP News ဧၿပီ (၅)ရက္
ရန္ကုန္တြင္ျပည္ပမွတင္သြင္းေသာဘိလပ္ေျမမ်ား ေဈးကြက္အတြင္း ဝင္ေရာက္ေနၿပီးဟုဆိုေသာ္လည္း ေဈးကြက္အတြင္း ေဈးမ်ားျမင့္တက္ေနသည့္အျပင္ ဝယ္ယူရာတြင္လည္းအခက္အခဲမ်ားရွိေနေၾကာင္း ေဆာက္လုပ္ေရးေဈးကြက္အတြင္းမွသိရသည္။
“ငလ်င္ႀကီးမတိုင္ခင္ကေဈးက်ေနေသးတယ္ငလ်င္အၿပီးသၾကၤန္အတြင္းေရာက္မွေဈးကခုန္တက္သြားတာ ။ အရင္ေဈးထက္ႏွစ္ဆေပးဝယ္တာေတာင္ဝယ္မရေသးဘူး ။ “ဟု ေဆာက္လုပ္ေရးကန္ထ႐ိုက္တာ တစ္ဦးကေျပာသည္။
ငလ်င္ႀကီးမတိုင္ခင္ကာလက ဘိလပ္ေျမတစ္အိတ္လွ်င္ တစ္ေသာင္းကိုးေထာင္ဝန္းက်င္သာေပါက္ေဈးရွိခဲ့ေသာ္လည္း လက္ရွိအခ်ိန္၌ ဘိလပ္ေျမတစ္အိတ္လွ်င္ ေလးေသာင္းခြဲဝန္းက်င္အထိ ေဈးျမင့္တက္လာေၾကာင္းသိရသည္။
“ ေကာ့ေသာင္းနယ္စပ္ကသြင္းတဲ့ ဘိလပ္ေျမေတြ ရန္ကုန္ကိုေရာက္တယ္ဆိုေပမယ့္ လိုသေလာက္သြားဝယ္လို႔မရဘူး ခြဲတမ္းနဲ႔ဘဲေရာင္းေပးေနတာ အခုဆိုင္မွာလက္က်န္ကုန္ရင္ အေရာင္းရပ္ထားယုံဘဲရွိေတာ့တယ္” ဟု ေတာင္ဒဂုံၿမိဳ႕နယ္မွ အိမ္ေဆာက္ပစၥည္းဆိုင္တာဝန္ခံတစ္ဦးကေျပာသည္။
ရန္ကုန္တြင္ ေဈးကြက္အတြင္းအိမ္ေဆာက္ပစၥည္းမ်ား ေဈးႏႈန္းျမင့္တက္ေနသည္အျပင္ အဓိကလိုအပ္ေသာဘိလပ္ေျမ မွာလည္း အမ်ိဳးအစားအလိုက္ တစ္အိတ္လွ်င္ ေလးေသာင္းခြဲမွ ငါးေသာင္းဝန္းက်င္အထိ ေပါက္ေဈးရွိေၾကာင္းသိရသည္။
ထိုင္းႏိုင္ငံဘက္မွ ေကာ့ေသာင္းနယ္စပ္မွတဆင့္ ရန္ကုန္သို႔တင္သြင္းေသာဘိလပ္ေျမအိတ္မ်ားမွာေဈးကြက္အတြင္းဆက္လက္ဝင္ေရာက္လွ်က္ရွိၿပီး သက္ဆိုင္ရာသို႔သြင္းကုန္ပါမစ္ ေလ်ာက္ထားေဈးအရ ဘိလပ္ေျမတစ္တန္လွ်င္ငါးသိန္း ေပါက္ေဈးရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.