နေပြည်တော် - မကွေးလမ်းပိုင်း တစ်နေရာတွင် PLA လက်နက်ကိုင်အဖွဲ့ က လမ်းပေါ်တက်ကာ အစိုးရ ဝန်ထမ်း များ ပါ၊ မပါ စစ်ဆေးခဲ့ဟုဆို

2899

သုတကျော် (NP News) – ဧပြီ ၁၉
နေပြည်တော် - မကွေးလမ်းပိုင်း တစ်နေရာတွင် PLA လက်နက်ကိုင်အဖွဲ့ က လမ်းပေါ်တက်ကာ အစိုးရဝန်ထမ်းများ ပါ၊ မပါ စစ်ဆေးခဲ့ကြောင်း ဖြစ်စဉ်ကိုသိရှိသူ ဒေသခံတစ်ဦးက NP News သို့ ပြောသည်။
အဆိုပါ လက်နက်ကိုင်အဖွဲ့သည် ယနေ့ (ဧပြီလ ၁၉ ရက်) နံနက်ပိုင်းက လမ်းပေါ်တက်ကာ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများ ဖမ်းဆီးခံရသည်ဟု မကြားမိကြောင်းလည်း ၎င်းက ဆိုသည်။
“တောင်ညိုနဲ့ မကွေးနဲ့ ဆက်တဲ့လမ်း တောင်ညို - ကံပြားလမ်း မိုင်တိုင် ၂၅ မှာပြောတယ်။ လမ်းပေါ်တက်စစ်တာပေါ့ဗျာ ထုံးစံအတိုင်း။ (အင်အားက) တပ်စိတ်တစ်စိတ်လောက်ဆိုတော့ အစိတ်လောက်ရှိတယ်ပြောတယ်။ မနက်စောစောထဲကရောက်နေတာနေမှာ” ဟု အထက်ပါ အထက်ဒေသခံက ဆိုသည်။
အဆိုပါ စစ်ဆေးခဲ့သောနေရာသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ပြည်သူ့စစ်ခေါင်းဆောင် အမျိုးသားရေးသမား ကိုမင်းမင်း လုပ်ကြံသတ်ဖြတ်ခံရသောနေရာနှင့် နီးကြောင်းလည်း ၎င်းက ဆိုသည်။
“အစစ်ခံရတဲ့လူတွေပြောတာတော့ ဖုန်းစစ်တယ်တဲ့။ ဝန်ထမ်းပါလားမေးတယ်တဲ့။ အဲနှစ်ခု ပြောတယ် ပြောတယ်။မရှိဘူး ပြောတယ်။ တစ်ချို့ဝန်ထမ်းတွေလဲ မြင်လို့ ပြန်လှည့်ကြတယ်ပြောတယ်။ PLA တံဆိပ်တပ်ထားတယ်။ အခုတော့ လိုက်ရှင်းနေတယ်ပြောတယ်။ မရှိတော့ဘူးလို့ ပြောပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိ ၎င်းတို့ တက်ရောက်ခဲ့သောနေရာတွင် ခိုအောင်းရန် နေရာပေါများပြီး ဝန်ထမ်းများကို ယခုကဲ့သို့ စစ်ဆေးခြင်းမှာ မလုပ်သင့်ကြောင်းလည်း ၎င်းက ဆိုသည်။
“ဝန်ထမ်းတွေက ပိတ်ရက်ရှည်က ပြန်ကြမယ်ဆိုတော့ ဝန်ထမ်းပါ၊ မပါကြီးပဲ စစ်ချင်ပုံရပါတယ်။ ကျွန်တော်ထင်တာကတော့လေ။ လွယ်တော့မလွယ်ဘူးပေါ့နော်။မှန်ပါတယ်။သူတို့ဘယ်နားက ဘယ်အချိန်တက်လာမှန်း သိမှမသိတာ။ ဒါပေမဲ့ အရေးကြီးတဲ့နေရာတွေ၊ အရေးကြီးတဲ့အချိန်တွေပေါ့။ ဥပမာအခုလိုအချိန်တွေဆို ဝန်ထမ်းပြန်တတ်တဲ့အချိန်ပေါ့ လုံလုံခြုံခြုံလုပ်ပေးသင့်တယ်။ ဟိုဘက်ကလည်း ဝန်ထမ်းတွေက ဘာမှမဆိုင်ဘူး၊ လုပ်ချင်ရင် လက်နက်ကိုင်အချင်းချင်း တိုက်ကြ၊ခိုက်ကြလေပြည်သူတွေ သွားတဲ့လမ်းကြောင်းနဲ့ မနှောင့်ယှက်သင့်ဘူးထင်တာပဲ” ဟု ၎င်းက ဆိုသည်။

Zawgyi Version:
ေနျပည္ေတာ္ - မေကြးလမ္းပိုင္း တစ္ေနရာတြင္ PLA လက္နက္ကိုင္အဖြဲ႕ က လမ္းေပၚတက္ကာ အစိုးရ ဝန္ထမ္း မ်ား ပါ၊ မပါ စစ္ေဆးခဲ့ဟုဆို
သုတေက်ာ္ (NP News) – ဧၿပီ ၁၉
ေနျပည္ေတာ္ - မေကြးလမ္းပိုင္း တစ္ေနရာတြင္ PLA လက္နက္ကိုင္အဖြဲ႕ က လမ္းေပၚတက္ကာ အစိုးရဝန္ထမ္းမ်ား ပါ၊ မပါ စစ္ေဆးခဲ့ေၾကာင္း ျဖစ္စဥ္ကိုသိရွိသူ ေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။
အဆိုပါ လက္နက္ကိုင္အဖြဲ႕သည္ ယေန႔ (ဧၿပီလ ၁၉ ရက္) နံနက္ပိုင္းက လမ္းေပၚတက္ကာ စစ္ေဆးခဲ့ျခင္းျဖစ္ၿပီး ႏိုင္ငံ့ဝန္ထမ္းမ်ား ဖမ္းဆီးခံရသည္ဟု မၾကားမိေၾကာင္းလည္း ၎က ဆိုသည္။
“ေတာင္ညိဳနဲ႔ မေကြးနဲ႔ ဆက္တဲ့လမ္း ေတာင္ညိဳ - ကံျပားလမ္း မိုင္တိုင္ ၂၅ မွာေျပာတယ္။ လမ္းေပၚတက္စစ္တာေပါ့ဗ်ာ ထုံးစံအတိုင္း။ (အင္အားက) တပ္စိတ္တစ္စိတ္ေလာက္ဆိုေတာ့ အစိတ္ေလာက္ရွိတယ္ေျပာတယ္။ မနက္ေစာေစာထဲကေရာက္ေနတာေနမွာ” ဟု အထက္ပါ အထက္ေဒသခံက ဆိုသည္။
အဆိုပါ စစ္ေဆးခဲ့ေသာေနရာသည္ ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာလအတြင္းက ျပည္သူ႔စစ္ေခါင္းေဆာင္ အမ်ိဳးသားေရးသမား ကိုမင္းမင္း လုပ္ႀကံသတ္ျဖတ္ခံရေသာေနရာႏွင့္ နီးေၾကာင္းလည္း ၎က ဆိုသည္။
“အစစ္ခံရတဲ့လူေတြေျပာတာေတာ့ ဖုန္းစစ္တယ္တဲ့။ ဝန္ထမ္းပါလားေမးတယ္တဲ့။ အဲႏွစ္ခု ေျပာတယ္ ေျပာတယ္။မရွိဘူး ေျပာတယ္။ တစ္ခ်ိဳ႕ဝန္ထမ္းေတြလဲ ျမင္လို႔ ျပန္လွည့္ၾကတယ္ေျပာတယ္။ PLA တံဆိပ္တပ္ထားတယ္။ အခုေတာ့ လိုက္ရွင္းေနတယ္ေျပာတယ္။ မရွိေတာ့ဘူးလို႔ ေျပာပါတယ္” ဟု ၎က ဆိုသည္။
လက္ရွိ ၎တို႔ တက္ေရာက္ခဲ့ေသာေနရာတြင္ ခိုေအာင္းရန္ ေနရာေပါမ်ားၿပီး ဝန္ထမ္းမ်ားကို ယခုကဲ့သို႔ စစ္ေဆးျခင္းမွာ မလုပ္သင့္ေၾကာင္းလည္း ၎က ဆိုသည္။
“ဝန္ထမ္းေတြက ပိတ္ရက္ရွည္က ျပန္ၾကမယ္ဆိုေတာ့ ဝန္ထမ္းပါ၊ မပါႀကီးပဲ စစ္ခ်င္ပုံရပါတယ္။ ကြၽန္ေတာ္ထင္တာကေတာ့ေလ။ လြယ္ေတာ့မလြယ္ဘူးေပါ့ေနာ္။မွန္ပါတယ္။သူတို႔ဘယ္နားက ဘယ္အခ်ိန္တက္လာမွန္း သိမွမသိတာ။ ဒါေပမဲ့ အေရးႀကီးတဲ့ေနရာေတြ၊ အေရးႀကီးတဲ့အခ်ိန္ေတြေပါ့။ ဥပမာအခုလိုအခ်ိန္ေတြဆို ဝန္ထမ္းျပန္တတ္တဲ့အခ်ိန္ေပါ့ လုံလုံၿခဳံၿခဳံလုပ္ေပးသင့္တယ္။ ဟိုဘက္ကလည္း ဝန္ထမ္းေတြက ဘာမွမဆိုင္ဘူး၊ လုပ္ခ်င္ရင္ လက္နက္ကိုင္အခ်င္းခ်င္း တိုက္ၾက၊ခိုက္ၾကေလျပည္သူေတြ သြားတဲ့လမ္းေၾကာင္းနဲ႔ မေႏွာင့္ယွက္သင့္ဘူးထင္တာပဲ” ဟု ၎က ဆိုသည္။