ငလျင်ကြောင့် ပျက်စီးခဲ့သော တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများကို လာမည့် ပညာသင်နှစ်တွင် ဖွင့်နိုင်ရေး ဆောင်ရွက်မည်

684

စော(NP News)-ဧပြီ ၁၉
မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများကို လာမည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ချိန်အမီ အဆင်သင့်ပြင်ဆင်ထားနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။
ယမန်နေ့ (ဧပြီ ၁၈ရက်)က မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ချိန်အမီ အဆင်သင့်ပြင်ဆင်ထားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ အခြေခံပညာကျောင်းများကို လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ချိန်အမီ အဆင်သင့်ပြင်ဆင်ထားနိုင်ရေးအတွက် စနစ်တကျ အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ဝန်ကြီးက ပြောသည်။
အဆိုပါ ငလျင်ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အန္တရာယ်ရှိ ကျောင်းအဆောက်အအုံများကို အမြန်ဆုံး စနစ်တကျရှင်းလင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး မိမိတို့ဦးစီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းများ၊ အဆောက်အအုံများကို အသေးစားပြင်ဆင်ခြင်း၊ အကြီးစားပြင်ဆင်ခြင်း၊ အသစ်တည်ဆောက်ခြင်း ဟူသော သတ်မှတ်ချက်သုံးမျိုးနှင့်အညီ စနစ်တကျ စာရင်းပြုစုထားရှိရမည်ဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။
ထို့ပြင် ဇွန်လဆန်းတွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်သွားကြရမည်ဖြစ်ပြီး လိုအပ်သောဒေသများတွင် ယာယီစာသင်ဆောင်များနှင့် ယာယီလူနေဆောင်များကို စနစ်တကျဖြည့်ဆည်းသွားကြရမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ကြောင့် လာမည့်ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး မပျက်မကွက် ပညာသင်ကြားနိုင်ရေးအတွက် မိမိတို့ပညာရေးဝန်ကြီးဌာန ပညာရေးဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် မိဘပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ ပ်က္စီးခဲ့ေသာ တကၠသိုလ္၊ ေကာလိပ္၊ အေျခခံပညာေက်ာင္းမ်ားကို လာမည့္ ပညာသင္ႏွစ္တြင္ ဖြင့္ႏိုင္ေရး ေဆာင္႐ြက္ရမည္
ေစာ(NP News)-ဧၿပီ ၁၉
မႏၲေလးငလ်င္ဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ေသာ တကၠသိုလ္၊ ေကာလိပ္၊ အေျခခံပညာေက်ာင္းမ်ားကို လာမည့္ ၂၀၂၅- ၂၀၂၆ ပညာသင္ႏွစ္ ေက်ာင္းဖြင့္ခ်ိန္အမီ အဆင္သင့္ျပင္ဆင္ထားႏိုင္ေရး ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာၫြန္႔ေဖက ေျပာၾကားသည္။
ယမန္ေန႔ (ဧၿပီ ၁၈ရက္)က မႏၲေလးငလ်င္ဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့သည့္ တကၠသိုလ္၊ ပညာေရးဒီဂရီေကာလိပ္ႏွင့္ အေျခခံပညာေက်ာင္းမ်ားကို ၂၀၂၅-၂၀၂၆ ပညာသင္ႏွစ္ ေက်ာင္းဖြင့္ခ်ိန္အမီ အဆင္သင့္ျပင္ဆင္ထားႏိုင္ေရး လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ မတ္ ၂၈ ရက္က လႈပ္ခတ္ခဲ့သည့္ မႏၲေလးငလ်င္ဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ေသာ တကၠသိုလ္မ်ား၊ ပညာေရးဒီဂရီေကာလိပ္မ်ား၊ အေျခခံပညာေက်ာင္းမ်ားကို လာမည့္ ၂၀၂၅-၂၀၂၆ ပညာသင္ႏွစ္ ေက်ာင္းဖြင့္ခ်ိန္အမီ အဆင္သင့္ျပင္ဆင္ထားႏိုင္ေရးအတြက္ စနစ္တက် အေလးထားေဆာင္႐ြက္ၾကရမည္ျဖစ္ပါေၾကာင္း ဝန္ႀကီးက ေျပာသည္။
အဆိုပါ ငလ်င္ေၾကာင့္ ၿပိဳက်ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့သည့္ အႏၲရာယ္ရွိ ေက်ာင္းအေဆာက္အအုံမ်ားကို အျမန္ဆုံး စနစ္တက်ရွင္းလင္းေဆာင္႐ြက္ၾကရမည္ျဖစ္ၿပီး မိမိတို႔ဦးစီးဌာနမ်ားႏွင့္ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားရွိ ထိခိုက္ပ်က္စီးခဲ့သည့္ ေက်ာင္းမ်ား၊ အေဆာက္အအုံမ်ားကို အေသးစားျပင္ဆင္ျခင္း၊ အႀကီးစားျပင္ဆင္ျခင္း၊ အသစ္တည္ေဆာက္ျခင္း ဟူေသာ သတ္မွတ္ခ်က္သုံးမ်ိဳးႏွင့္အညီ စနစ္တက် စာရင္းျပဳစုထားရွိရမည္ျဖစ္ေၾကာင္း ဝန္ႀကီးကဆိုသည္။
ထို႔ျပင္ ဇြန္လဆန္းတြင္ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ႏိုင္ေရးအတြက္ လမ္းၫႊန္ခ်က္မ်ားႏွင့္အညီ ျပင္ဆင္သြားၾကရမည္ျဖစ္ၿပီး လိုအပ္ေသာေဒသမ်ားတြင္ ယာယီစာသင္ေဆာင္မ်ားႏွင့္ ယာယီလူေနေဆာင္မ်ားကို စနစ္တက်ျဖည့္ဆည္းသြားၾကရမည္ျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ လာမည့္ပညာသင္ႏွစ္တြင္ ေက်ာင္းေနအ႐ြယ္ ကေလးအားလုံး မပ်က္မကြက္ ပညာသင္ၾကားႏိုင္ေရးအတြက္ မိမိတို႔ပညာေရးဝန္ႀကီးဌာန ပညာေရးဝန္ထမ္းမ်ား၊ ဆရာ ဆရာမမ်ားႏွင့္ မိဘျပည္သူမ်ားအားလုံး ဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္သြားၾကရမည္ ျဖစ္ေၾကာင္းလည္း ေျပာၾကားသည္။