ထိုင်းရဆုန်ကရန်ပွဲတော်ကာလအတွင်း လူသေဆုံးမှုအထိဖြစ်ခဲ့တဲ့ 'လာဘူဘူ' မူးယစ်ဆေးဝါးကို မသုံးဖို့ ထိုင်းကျန်းမာရေးအာဏာပိုင်တွေ သတိပေးထား

 1059

ရောင်နီ (NP News) - ဧပြီ ၂ဝ

ထိုင်းနိုင်ငံ၊ Ramathibodi Poison Center က ဆုန်ကရန် ပွဲတော်အတွင်း ပျံ့နှံ့သုံးစွဲနေခဲ့ကြတဲ့ "Labubu" သို့မဟုတ် "Khanom" လို့ လူသိများတဲ့အန္တရာယ်ရှိ တရားမဝင်မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်ထားပါ တယ်။

အဆိုပါ မူးယစ်ဆေးပြားတွေကို ဟောင်ကောင်ဒီဇိုင်နာ ကာဆင်လန့် ဖန်တီးထားတဲ့ နာမည်ကျော် အရုပ် ဇာတ်ကောင် Labubu ပုံနဲ့ အသုံးချ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆုန်ကရန် ပွဲတော်မှာ အဲဒီမူးယစ်ဆေးကို အသုံးပြုပြီးနောက် လူ ၃ ဦး သတိလစ်မေ့မြောခဲ့ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ချို့ယွင်းခြင်း၊ နှလုံးရပ်ခြင်း အပါအဝင် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ခံစားခဲ့ရတယ် လို့ ဧပြီ ၁၈ ရက်က ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားတဲ့ သတိပေးချက်အရ သိရပါတယ်။ အဆိုပါဖြစ်ရပ်ကြောင့် လူ နှစ်ဦးသေဆုံးပြီး တစ်ဦး အထူးကြပ်မတ် ကုသဆောင်မှာ နေထိုင်ခဲ့ရပါတယ်။ ပဏာမ ရှာဖွေတွေ့ရှိချက်တွေအရ အဆိုပါမူးယစ်ဆေးဟာ အန္တရာယ်ရှိ အကျိုးသက်ရောက်မှုကို တိုးမြင့်စေနိုင်တဲ့စိတ်ကြွဆေးနဲ့ စိတ်ဓာတ်ကျဆေး တို့ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် ပါဝင်တဲ့ ဓာတုပစ္စည်းတွေကို အတိအကျ အတည်ပြုနိုင်အောင် ဓာတ်ခွဲဆောင်ရွက်နေဆဲဖြစ်တယ်လို့ စင်တာက ပြောကြားပါတယ်။
အဆိုပါ ဓာတုပစ္စည်းတွေကို သုံးစွဲနေခြင်း၊ ဆုန်ကရန်တုန်းက သုံးခဲ့တဲ့ မူးယစ်ဆေးတွေ လက်ကျန်ရှိနေသေးရင် ပြည်သူတွေအနေနဲ့ သတိရှိကြဖို့ တိုက်တွန်းထားပါတယ်။

၂၀၂၂ ခုနှစ်ကလည်း ထိုင်းမှာ အလားတူ "K Nom Phong" ဆိုတဲ့ မူးယစ်ဆေးကြောင့် ထိုင်းနိုင်ငံတစ်ဝှမ်း လူအများ အပြား သေဆုံးခဲ့တဲ့ဖြစ်ရပ် ရှိခဲ့ဖူးပါတယ်။

Zawgyi Version:
ထိုင္းရဆုန္ကရန္ပြဲေတာ္ကာလအတြင္း လူေသဆုံးမႈအထိျဖစ္ခဲ့တဲ့ 'လာဘူဘူ' မူးယစ္ေဆးဝါးကို မသုံးဖို႔ ထိုင္းက်န္းမာေရးအာဏာပိုင္ေတြ သတိေပးထား
ေရာင္နီ (NP News) - ဧၿပီ ၂ဝ

ထိုင္းႏိုင္ငံ၊ Ramathibodi Poison Center က ဆုန္ကရန္ ပြဲေတာ္အတြင္း ပ်ံ႕ႏွံ႔သုံးစြဲေနခဲ့ၾကတဲ့ "Labubu" သို႔မဟုတ္ "Khanom" လို႔ လူသိမ်ားတဲ့အႏၲရာယ္ရွိ တရားမဝင္မူးယစ္ေဆးဝါးနဲ႔ပတ္သက္ၿပီး သတိေပးခ်က္ ထုတ္ျပန္ထားပါ တယ္။

အဆိုပါ မူးယစ္ေဆးျပားေတြကို ေဟာင္ေကာင္ဒီဇိုင္နာ ကာဆင္လန႔္ ဖန္တီးထားတဲ့ နာမည္ေက်ာ္ အ႐ုပ္ ဇာတ္ေကာင္ Labubu ပုံနဲ႔ အသုံးခ် ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ ဆုန္ကရန္ ပြဲေတာ္မွာ အဲဒီမူးယစ္ေဆးကို အသုံးျပဳၿပီးေနာက္ လူ ၃ ဦး သတိလစ္ေမ့ေျမာခဲ့ျခင္း၊ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ခ်ိဳ႕ယြင္းျခင္း၊ ႏွလုံးရပ္ျခင္း အပါအဝင္ ျပင္းထန္တဲ့ တုံ႔ျပန္မႈေတြ ခံစားခဲ့ရတယ္ လို႔ ဧၿပီ ၁၈ ရက္က ေဖ့စ္ဘြတ္ခ္မွာ ေဖာ္ျပထားတဲ့ သတိေပးခ်က္အရ သိရပါတယ္။ အဆိုပါျဖစ္ရပ္ေၾကာင့္ လူ ႏွစ္ဦးေသဆုံးၿပီး တစ္ဦး အထူးၾကပ္မတ္ ကုသေဆာင္မွာ ေနထိုင္ခဲ့ရပါတယ္။ ပဏာမ ရွာေဖြေတြ႕ရွိခ်က္ေတြအရ အဆိုပါမူးယစ္ေဆးဟာ အႏၲရာယ္ရွိ အက်ိဳးသက္ေရာက္မႈကို တိုးျမင့္ေစႏိုင္တဲ့စိတ္ႂကြေဆးနဲ႔ စိတ္ဓာတ္က်ေဆး တို႔ေပါင္းစပ္ထုတ္လုပ္ထားတာျဖစ္ႏိုင္တယ္လို႔ ဆိုထားပါတယ္။
ဒါေပမယ့္ ပါဝင္တဲ့ ဓာတုပစၥည္းေတြကို အတိအက် အတည္ျပဳႏိုင္ေအာင္ ဓာတ္ခြဲေဆာင္႐ြက္ေနဆဲျဖစ္တယ္လို႔ စင္တာက ေျပာၾကားပါတယ္။
အဆိုပါ ဓာတုပစၥည္းေတြကို သုံးစြဲေနျခင္း၊ ဆုန္ကရန္တုန္းက သုံးခဲ့တဲ့ မူးယစ္ေဆးေတြ လက္က်န္ရွိေနေသးရင္ ျပည္သူေတြအေနနဲ႔ သတိရွိၾကဖို႔ တိုက္တြန္းထားပါတယ္။

၂၀၂၂ ခုႏွစ္ကလည္း ထိုင္းမွာ အလားတူ "K Nom Phong" ဆိုတဲ့ မူးယစ္ေဆးေၾကာင့္ ထိုင္းႏိုင္ငံတစ္ဝွမ္း လူအမ်ား အျပား ေသဆုံးခဲ့တဲ့ျဖစ္ရပ္ ရွိခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.