အုတ်ဖိုမြို့တွင် အလှူတရားနာရန်ထိုင်နေသော ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်သတ်

1332

သန့်ဇင် (NP News) - ဧပြီ ၂ဝ
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်တွင် ရှင်ပြုအလှူတွင် တရားနာရန်ထိုင်နေသော ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဧပြီလ ၂၀ ရက်)၊ နံနက် ၇ နာရီ ၃ဝ မိနစ်ဝန်းကျင်အချိန်ခန့်က အုတ်ဖိုမြို့နယ်၊
ငရှဉ့်ရိုးအုပ်စု၊ ငရှဉ့်ရိုးကျေးရွာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်စဉ်က မှန်ပါတယ်။ ရွာက ရှင်ပြုအလှူမှာ တရားနာဖို့ထိုင်စောင့်နေတုန်း သေနတ်နဲ့ဝင်ပစ်သွားတာ။ လူ(၃)ယောက်က ဝင်ပစ်တာ” ဟု ဒေသခံအမျိုးသားတစ်ဦးက NP News ကို ပြောသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် အသက်(၄၅)နှစ်ဝန်းကျင်အရွယ်ရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးနိုင်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“အပစ်ခံရတဲ့နေရာမှာပဲ ဆုံးသွားတာ။ သူမိသားစုဆွေမျိုးတွေကတော့ အခုမနက်ပဲ အုတ်ဖိုဆေးရုံကိုပို့ခဲ့တယ်”ဟု အထက်ပါဒေသခံက ပြောသည်။
လက်ရှိတွင် သေဆုံးသူအမျိုးသားကို အုတ်ဖိုမြို့နယ်ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးထားပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် မတ်လ ၁၃ ရက်ကလည်း ကြိုပင်ကောက်မြို့ရှိ “နန်းဝတီ”ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ဖူးကြောင်း သိရသည်။

Zawgyi Version:
အုတ္ဖိုၿမိဳ႕နယ္တြင္ အလႉတရားနာရန္ထိုင္ေနေသာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကို PDF အဖြဲ႕က ေသနတ္ျဖင့္ပစ္သတ္
သန႔္ဇင္ (NP News) - ဧၿပီ ၂ဝ
ပဲခူးတိုင္းေဒသႀကီး၊ အုတ္ဖိုၿမိဳ႕နယ္တြင္ ရွင္ျပဳအလႉတြင္ တရားနာရန္ထိုင္ေနေသာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ဧၿပီလ ၂၀ ရက္)၊ နံနက္ ၇ နာရီ ၃ဝ မိနစ္ဝန္းက်င္အခ်ိန္ခန႔္က အုတ္ဖိုၿမိဳ႕နယ္၊
ငရွဥ့္႐ိုးအုပ္စု၊ ငရွဥ့္႐ိုးေက်း႐ြာတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ျဖစ္စဥ္က မွန္ပါတယ္။ ႐ြာက ရွင္ျပဳအလႉမွာ တရားနာဖို႔ထိုင္ေစာင့္ေနတုန္း ေသနတ္နဲ႔ဝင္ပစ္သြားတာ။ လူ(၃)ေယာက္က ဝင္ပစ္တာ” ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP News ကို ေျပာသည္။
ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ အသက္(၄၅)ႏွစ္ဝန္းက်င္အ႐ြယ္ရွိ ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉး ဦးႏိုင္ဦးတြင္ က်ည္ထိမွန္ ဒဏ္ရာမ်ား ရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“အပစ္ခံရတဲ့ေနရာမွာပဲ ဆုံးသြားတာ။ သူမိသားစုေဆြမ်ိဳးေတြကေတာ့ အခုမနက္ပဲ အုတ္ဖိုေဆး႐ုံကိုပို႔ခဲ့တယ္”ဟု အထက္ပါေဒသခံက ေျပာသည္။
လက္ရွိတြင္ ေသဆုံးသူအမ်ိဳးသားကို အုတ္ဖိုၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးထားၿပီး ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီထိေရာက္စြာအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ မတ္လ ၁၃ ရက္ကလည္း ႀကိဳပင္ေကာက္ၿမိဳ႕ရွိ “နန္းဝတီ”ေ႐ႊဆိုင္ပိုင္ရွင္အမ်ိဳးသမီးတစ္ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ဖူးေၾကာင္း သိရသည္။