ဘိလပ်မြေ၊ သံနှင့် သွပ်များကို နိုင်ငံတော်မှ သင့်လျော်သော ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်

13166

စော (NP News) - ဧပြီ ၂၀
ဘိလပ်မြေ၊ သံနှင့်သွပ်များကို နိုင်ငံတော်မှ သင့်လျော်သောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြား သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုရက်ပိုင်းအတွင်း စစ်ကိုင်းမြို့ရှိ ခရိုင်အဆင့် တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများကို စစ်ကိုင်းမြို့ရှိ အသင်္ခရာ ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင်လည်းကောင်း၊ မန္တလေးမြို့ရှိ ခရိုင်အဆင့် တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌လည်းကောင်း သီးခြားစီတွေ့ဆုံချိန်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲများတွင် ယခု လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးသည် မိမိတို့နိုင်ငံ၌ လှုပ်ခတ်ခဲ့သည့် ၁၉၀၀ ပြည့်နှစ်နောက်ပိုင်း ငလျင်များအနက် ဒုတိယအပြင်းဆုံး လှုပ်ခတ်ခဲ့သော ငလျင်ကြီးဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအဆောက်အအုံများ နှင့် လမ်းတံတားများ ထိခိုက် ပျက်စီးခဲ့ရကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် စစ်ကိုင်းမြို့(အင်းဝ)တံတားအနေဖြင့်လည်း ထိခိုက်ပျက်စီးခဲ့ရသည့်အပြင် ရေကြောင်းသွားလာမှုများ အဆင်ပြေစေရေးအတွက် အဆိုပါတံတားမှ ပြိုပျက်ခဲ့သည့် သံပေါင်အချို့အား မိုးရာသီမတိုင်မီ ဖယ်ရှားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကာ တံတားကိုလည်း ပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
ဘိလပ်မြေ၊ သံနှင့် သွပ်များ သင့်လျော်သည့် ဈေးနှုန်းများဖြင့် ရောင်းချပေးမည့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ အတွင်းရှိ ပျက်စီးသွားသည့်အဆောက်အအုံများ ရှင်းလင်းရေးနှင့် ပြန်လည်ဆယ်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတော်မှလည်း ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ၊ သံနှင့်သွပ်များကိုလည်း နိုင်ငံတော်မှ သင့်လျော်သည့်ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌမှ ဆိုသည်။
အဆိုပါငလျင်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လူနေအိမ်များအတွက်လည်း အမျိုးအစားများ အလိုက် သင့်လျော်သည့်နှုန်းထားများဖြင့် ငွေကြေးများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြား သည်။

Zawgyi Version:
ဘိလပ္ေျမ၊ သံႏွင့္ သြပ္မ်ားကို ႏိုင္ငံေတာ္မွ သင့္ေလ်ာ္ေသာ ေဈးႏႈန္းျဖင့္ ေရာင္းခ်ေပးသြားမည္
ေစာ (NP News) - ဧၿပီ ၂၀
ဘိလပ္ေျမ၊ သံႏွင့္သြပ္မ်ားကို ႏိုင္ငံေတာ္မွ သင့္ေလ်ာ္ေသာေဈးႏႈန္းျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကား သည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယခုရက္ပိုင္းအတြင္း စစ္ကိုင္းၿမိဳ႕ရွိ ခ႐ိုင္အဆင့္ တာဝန္ရွိသူမ်ားႏွင့္ ရပ္မိရပ္ဖမ်ားကို စစ္ကိုင္းၿမိဳ႕ရွိ အသခၤရာ ဧည့္ရိပ္သာအစည္းအေဝးခန္းမတြင္လည္းေကာင္း၊ မႏၲေလးၿမိဳ႕ရွိ ခ႐ိုင္အဆင့္ တာဝန္ရွိသူမ်ားႏွင့္ ရပ္မိရပ္ဖမ်ားအား မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕႐ုံး၌လည္းေကာင္း သီးျခားစီေတြ႕ဆုံခ်ိန္တြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါေတြ႕ဆုံပြဲမ်ားတြင္ ယခု လႈပ္ခတ္ခဲ့သည့္ မႏၲေလးငလ်င္ႀကီးသည္ မိမိတို႔ႏိုင္ငံ၌ လႈပ္ခတ္ခဲ့သည့္ ၁၉၀၀ ျပည့္ႏွစ္ေနာက္ပိုင္း ငလ်င္မ်ားအနက္ ဒုတိယအျပင္းဆုံး လႈပ္ခတ္ခဲ့ေသာ ငလ်င္ႀကီးျဖစ္ၿပီး ငလ်င္ဒဏ္ေၾကာင့္ ဘုရားေစတီပုထိုးမ်ား၊ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊ လူေနအေဆာက္အအုံမ်ား ႏွင့္ လမ္းတံတားမ်ား ထိခိုက္ ပ်က္စီးခဲ့ရေၾကာင္း နစကဥကၠ႒က ေျပာၾကားသည္။
ထို႔ျပင္ စစ္ကိုင္းၿမိဳ႕(အင္းဝ)တံတားအေနျဖင့္လည္း ထိခိုက္ပ်က္စီးခဲ့ရသည့္အျပင္ ေရေၾကာင္းသြားလာမႈမ်ား အဆင္ေျပေစေရးအတြက္ အဆိုပါတံတားမွ ၿပိဳပ်က္ခဲ့သည့္ သံေပါင္အခ်ိဳ႕အား မိုးရာသီမတိုင္မီ ဖယ္ရွားႏိုင္ေရး စီစဥ္ေဆာင္႐ြက္လ်က္ရွိကာ တံတားကိုလည္း ျပန္လည္တည္ေဆာက္ႏိုင္ေရး ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားသည္။
ဘိလပ္ေျမ၊ သံႏွင့္ သြပ္မ်ား သင့္ေလ်ာ္သည့္ ေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးမည့္ မႏၲေလးၿမိဳ႕ႏွင့္ စစ္ကိုင္းၿမိဳ႕ အတြင္းရွိ ပ်က္စီးသြားသည့္အေဆာက္အအုံမ်ား ရွင္းလင္းေရးႏွင့္ ျပန္လည္ဆယ္တင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရမည္ျဖစ္ၿပီး ႏိုင္ငံေတာ္မွလည္း ကူညီေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားအတြက္ လိုအပ္သည့္ ဘိလပ္ေျမ၊ သံႏွင့္သြပ္မ်ားကိုလည္း ႏိုင္ငံေတာ္မွ သင့္ေလ်ာ္သည့္ေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း နစကဥကၠ႒မွ ဆိုသည္။
အဆိုပါငလ်င္ေၾကာင့္ ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့သည့္ လူေနအိမ္မ်ားအတြက္လည္း အမ်ိဳးအစားမ်ား အလိုက္ သင့္ေလ်ာ္သည့္ႏႈန္းထားမ်ားျဖင့္ ေငြေၾကးမ်ား ေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကား သည္။