ရုရှားနဲ့ယူကရိန်းကြား အပြည့်အဝအပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်အတွက် အချိန်တစ်ခုကို အမေရိကန် သတ်မှတ်

419

Pika (NP News) - ဧပြီ ၂၁
ရုရှားနဲ့ယူကရိန်းကြား အပြည့်အဝအပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို လာမယ့်သီတင်းပတ်အစောပိုင်းမှာ ပြုလုပ်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မျှော်လင့်ထားတယ်လို့ သတင်းတွေအရ သိရပါတယ်။
ဒါ့ပြင် ရုရှားနဲ့ယူကရိန်း နှစ်ဖက်စလုံးဟာ နောက်ဆုံးကမ်းလှမ်းချက်တွေကို ကမ်းလှမ်းခံရနိုင်ဖွယ်ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အကြီးတန်းအရာရှိတစ်ဦးရဲ့ပြောကြားချက်တွေကို ကိုးကားပြီး New York Post က ရေးသားဖော်ပြခဲ့ပါတယ်။
ရုရှား-ယူကရိန်းပဋိပက္ခကို တတ်နိုင်သမျှ အမြန်ဆုံးအဆုံးသတ်လိုတယ်လို့ ဒေါ်နယ်ထရမ့်က အကြိမ်ကြိမ် ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ အမေရိကန်သမ္မတအဖြစ် စတင် တာဝန်ယူပြီးနောက်ပိုင်းကတည်းက ရုရှားနဲ့သံတမန်ဆက်ဆံရေးတွေကို ပြန်လည်လုပ်ဆောင်ခဲ့ပြီး အဆင့်မြင့်ဆွေးနွေးပွဲပေါင်းများစွာကို ကျင်းပခဲ့တယ်လို့လည်း သိရပါတယ်။
အမည်မဖော်လိုတဲ့ အမေရိကန်အကြီးတန်းအရာရှိက ”လာမယ့်သီတင်းပတ်မှာ လန်ဒန်မြို့မှာ ယူကရိန်းပဋိပက္ခ အပြည့်အဝအပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို ချနိုင်ဖွယ်ရှိနေပါတယ်။ ပြီးတော့ ရုရှား နဲ့ ယူကရိန်းတို့က နောက်ဆုံးကမ်းလှမ်းချက်နဲ့ပတ်သက်ပြီး ဘယ်လိုရပ်တည်ကြမလဲဆိုတာကို ဆုံးဖြတ်ကြရမှာလည်းဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ရုရှားနဲ့ယူကရိန်းတို့ဟာ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်နိုင်စွမ်းမရှိဘူးလို့ ယုံကြည်မှုတွေ ရှိလာခဲ့မယ်ဆိုရင် အမေရိကန်ဟာ ယူကရိန်းပဋိပက္ခအတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းချက်တွေကို ရှာဖွေဖို့ ကြိုးပမ်းမှုတွေကို စွန့်လွှတ် သွားနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီအိုက ပြီးခဲ့တဲ့ရက်ပိုင်းမှာ အကြံပြုပြောဆိုခဲ့တယ်လို့ လည်း သိရပါတယ်။

Zawgyi Version:
႐ုရွားနဲ႔ယူကရိန္းၾကား အျပည့္အဝအပစ္အခတ္ရပ္စဲေရး ဆုံးျဖတ္ခ်က္အတြက္ အခ်ိန္တစ္ခုကို အေမရိကန္ သတ္မွတ္
Pika (NP News) - ဧၿပီ ၂၁
႐ုရွားနဲ႔ယူကရိန္းၾကား အျပည့္အဝအပစ္အခတ္ရပ္စဲေရး ဆုံးျဖတ္ခ်က္ကို လာမယ့္သီတင္းပတ္အေစာပိုင္းမွာ ျပဳလုပ္ဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေမွ်ာ္လင့္ထားတယ္လို႔ သတင္းေတြအရ သိရပါတယ္။
ဒါ့ျပင္ ႐ုရွားနဲ႔ယူကရိန္း ႏွစ္ဖက္စလုံးဟာ ေနာက္ဆုံးကမ္းလွမ္းခ်က္ေတြကို ကမ္းလွမ္းခံရႏိုင္ဖြယ္ရွိေနတယ္လို႔ အမည္မေဖာ္လိုတဲ့ အေမရိကန္အႀကီးတန္းအရာရွိတစ္ဦးရဲ႕ေျပာၾကားခ်က္ေတြကို ကိုးကားၿပီး New York Post က ေရးသားေဖာ္ျပခဲ့ပါတယ္။
႐ုရွား-ယူကရိန္းပဋိပကၡကို တတ္ႏိုင္သမွ် အျမန္ဆုံးအဆုံးသတ္လိုတယ္လို႔ ေဒၚနယ္ထရမ့္က အႀကိမ္ႀကိမ္ ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလမွာ အေမရိကန္သမၼတအျဖစ္ စတင္ တာဝန္ယူၿပီးေနာက္ပိုင္းကတည္းက ႐ုရွားနဲ႔သံတမန္ဆက္ဆံေရးေတြကို ျပန္လည္လုပ္ေဆာင္ခဲ့ၿပီး အဆင့္ျမင့္ေဆြးေႏြးပြဲေပါင္းမ်ားစြာကို က်င္းပခဲ့တယ္လို႔လည္း သိရပါတယ္။
အမည္မေဖာ္လိုတဲ့ အေမရိကန္အႀကီးတန္းအရာရွိက ”လာမယ့္သီတင္းပတ္မွာ လန္ဒန္ၿမိဳ႕မွာ ယူကရိန္းပဋိပကၡ အျပည့္အဝအပစ္အခတ္ရပ္စဲေရး ဆုံးျဖတ္ခ်က္ကို ခ်ႏိုင္ဖြယ္ရွိေနပါတယ္။ ၿပီးေတာ့ ႐ုရွား နဲ႔ ယူကရိန္းတို႔က ေနာက္ဆုံးကမ္းလွမ္းခ်က္နဲ႔ပတ္သက္ၿပီး ဘယ္လိုရပ္တည္ၾကမလဲဆိုတာကို ဆုံးျဖတ္ၾကရမွာလည္းျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ ေစ့စပ္ညႇိႏႈိင္းမႈေတြ လုပ္ေဆာင္ႏိုင္စြမ္းမရွိဘူးလို႔ ယုံၾကည္မႈေတြ ရွိလာခဲ့မယ္ဆိုရင္ အေမရိကန္ဟာ ယူကရိန္းပဋိပကၡအတြက္ ၿငိမ္းခ်မ္းတဲ့ေျဖရွင္းခ်က္ေတြကို ရွာေဖြဖို႔ ႀကိဳးပမ္းမႈေတြကို စြန႔္လႊတ္ သြားႏိုင္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးမာကို႐ူဘီအိုက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အႀကံျပဳေျပာဆိုခဲ့တယ္လို႔ လည္း သိရပါတယ္။