လားရှိုးတွင် ကိုးကန့်အလံများ ယနေ့ဖြုတ်ချ

 1523

သားကြီး (NP News) ဧပြီ-၂၁

လားရှိးမြို့တွင် ယနေ့မနက်ပိုင်းမှ စတင်ကာ မြို့တော်ခန်းမရှေ့ အဝိုင်းပတ်တွင် စိုက်ထူထားသည့်
ကိုးကန့်အလံများကို ဖြုတ်ချနေပြီး မြို့ထဲတွင်တော့ လူအများ ပုံမှန်အတိုင်း သွားလာလျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“ဒီရက်ပိုင်း မြိုအဝင်အထွက်က လမ်းကြောင်းရှိရင် ယာယီပိတ်တတ်ပါတယ်၊ ထူးခြားမှု မရှိပါဘူး၊ ကိုးကန့်အလံတွေကိုတော့ ဒီနေ့မနက်ကတည်းက ဖြုတ်ချနေတာကို မြို့တော်ခန်းမရှေ့မှာတွေ့ရပါတယ်” ဟု လားရှိုးဒေသခံ တစ်ဦးက ပြောသည်။
လားရှိုးမြို့မှ MNDAA တပ်များ ဧပြီ (၂၁) ရက်တွင် အပြီးဆုတ်ခွာမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း နှစ်ဖက်စလုံးမှ တိကျသေချာသည့် ကြေညာချက်များထုတ်ပြန်ခဲ့သည်ကို မတွေ့ခဲ့ရကြောင်း လေ့လာသူများက ဆိုသည်။
MNDAA အနေဖြင့် ယမန်နှစ် သြဂုတ်လ (၃) ရက်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းမီဒီယာများတွင် ကြေညာခဲ့ပြီး (ရမခ) သည် မြန်မာ့တပ်မတော်မှ ခေတ္တယာယီ စွန့်လွှတ်ခဲ့ရသည့် ပထမဆုံး တိုင်းစစ်ဌာနချုပ်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
လားရႈိးတြင္ ကိုးကန႔္အလံမ်ား ယေန႔ျဖဳတ္ခ်
သားႀကီး (NP News) ဧၿပီ-၂၁

လားရွိးၿမိဳ႕တြင္ ယေန႔မနက္ပိုင္းမွ စတင္ကာ ၿမိဳ႕ေတာ္ခန္းမေရွ႕ အဝိုင္းပတ္တြင္ စိုက္ထူထားသည့္
ကိုးကန႔္အလံမ်ားကို ျဖဳတ္ခ်ေနၿပီး ၿမိဳ႕ထဲတြင္ေတာ့ လူအမ်ား ပုံမွန္အတိုင္း သြားလာလ်က္ရွိေၾကာင္း ေဒသခံမ်ား၏ ေျပာၾကားခ်က္အရ သိရသည္။

“ဒီရက္ပိုင္း ၿမိဳအဝင္အထြက္က လမ္းေၾကာင္းရွိရင္ ယာယီပိတ္တတ္ပါတယ္၊ ထူးျခားမႈ မရွိပါဘူး၊ ကိုးကန႔္အလံေတြကိုေတာ့ ဒီေန႔မနက္ကတည္းက ျဖဳတ္ခ်ေနတာကို ၿမိဳ႕ေတာ္ခန္းမေရွ႕မွာေတြ႕ရပါတယ္” ဟု လားရႈိးေဒသခံ တစ္ဦးက ေျပာသည္။
လားရႈိးၿမိဳ႕မွ MNDAA တပ္မ်ား ဧၿပီ (၂၁) ရက္တြင္ အၿပီးဆုတ္ခြာမည္ဟု သတင္းမ်ားထြက္ေပၚခဲ့ေသာ္လည္း ႏွစ္ဖက္စလုံးမွ တိက်ေသခ်ာသည့္ ေၾကညာခ်က္မ်ားထုတ္ျပန္ခဲ့သည္ကို မေတြ႕ခဲ့ရေၾကာင္း ေလ့လာသူမ်ားက ဆိုသည္။
MNDAA အေနျဖင့္ ယမန္ႏွစ္ ၾသဂုတ္လ (၃) ရက္ေန႔တြင္ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ (ရမခ)ကို အၿပီးသတ္သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း သတင္းမီဒီယာမ်ားတြင္ ေၾကညာခဲ့ၿပီး (ရမခ) သည္ ျမန္မာ့တပ္မေတာ္မွ ေခတၱယာယီ စြန႔္လႊတ္ခဲ့ရသည့္ ပထမဆုံး တိုင္းစစ္ဌာနခ်ဳပ္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.