အသေးစားစက်မှုလုပ်ငန်း ၁၃မျိုးမှ လုပ်ငန်းပေါင်း (၂၀၀၀) နီးပါးမှတ်ပုံတင်ထား

268

NP News ဧပြီ (၂၁)ရက်
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းအမျိုးအစား ၁၃ မျိုးမှ လုပ်ငန်းပေါင်း(၂၀၀၀)နီးပါး မှတ်ပုံတင်ထားကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
မှတ်ပုံတင်လာသည့် လုပ်ငန်းအမျိုးအစားများသည် စားသောက်ကုန်၊ အဝတ်အထည်၊ လူသုံးကုန်၊ အိမ်သုံးပစ္စည်း၊ ပုံနှိပ်လုပ်ငန်း၊ ဓာတ်သတ္တုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်ပစ္စည်းစသည့် လုပ်ငန်းပေါင်း ၁၃ မျိုးပါဝင်ကြောင်း သိရသည်။
အဆိုပါအသေးစားစက်မှုလက်မှုလုပ်ငန်းများအတွက် မှတ်ပုံတင်ထုတ်ပေးခြင်းကို နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးတွင် ခွင့်ပြုဆောင်ရွက်ပေးနေကြောင်း သိရသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းအဖြစ် လုပ်ငန်းမှတ်ပုံတင်လျှောက်ထားလိုသည့် လုပ်ငန်းရှင်များအနေဖြင့် လိုင်စင်ဓာတ်ပုံ ၅ ပုံ၊ မှတ်ပုံတင်မိတ္တူ ၃ စောင်၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ လုပ်ငန်းလုပ်ကိုင်ကြောင်းထောက်ခံချက်တို့နှင့်အတူ စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်လုပ်ငန်းများဖြစ်ပါက တံဆိပ် ၃ ခု၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးရန် ထုတ်ကုန်ပစ္စည်းနမူနာ ၆ ခု၊ ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးမည့်ရက်စွဲစသည့် အချက်များပြည့်စုံစွာ ပါရှိရမှာဖြစ်ကြောင်း သိရသည်။

Zawgyi Version:
အေသးစားစက္မႈလုပ္ငန္း ၁၃မ်ိဳးမွ လုပ္ငန္းေပါင္း၂၀၀၀နီးပါးမွတ္ပုံတင္ထား
NP News ဧၿပီ (၂၁)ရက္
၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္အတြင္း အေသးစားစက္မႈလက္မႈလုပ္ငန္းအမ်ိဳးအစား ၁၃ မ်ိဳးမွ လုပ္ငန္းေပါင္း(၂၀၀၀)နီးပါး မွတ္ပုံတင္ထားေၾကာင္း အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာန၏ စာရင္းမ်ားအရ သိရသည္။
မွတ္ပုံတင္လာသည့္ လုပ္ငန္းအမ်ိဳးအစားမ်ားသည္ စားေသာက္ကုန္၊ အဝတ္အထည္၊ လူသုံးကုန္၊ အိမ္သုံးပစၥည္း၊ ပုံႏွိပ္လုပ္ငန္း၊ ဓာတ္သတၱဳလုပ္ငန္း၊ စိုက္ပ်ိဳးေရးႏွင့္ စက္ပစၥည္းစသည့္ လုပ္ငန္းေပါင္း ၁၃ မ်ိဳးပါဝင္ေၾကာင္း သိရသည္။
အဆိုပါအေသးစားစက္မႈလက္မႈလုပ္ငန္းမ်ားအတြက္ မွတ္ပုံတင္ထုတ္ေပးျခင္းကို ေနျပည္ေတာ္ အပါအဝင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အားလုံးတြင္ ခြင့္ျပဳေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။
အေသးစားစက္မႈလက္မႈလုပ္ငန္းအျဖစ္ လုပ္ငန္းမွတ္ပုံတင္ေလွ်ာက္ထားလိုသည့္ လုပ္ငန္းရွင္မ်ားအေနျဖင့္ လိုင္စင္ဓာတ္ပုံ ၅ ပုံ၊ မွတ္ပုံတင္မိတၱဴ ၃ ေစာင္၊ သက္ဆိုင္ရာရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး၏ လုပ္ငန္းလုပ္ကိုင္ေၾကာင္းေထာက္ခံခ်က္တို႔ႏွင့္အတူ စားေသာက္ကုန္၊ လူသုံးကုန္ႏွင့္ အလွကုန္လုပ္ငန္းမ်ားျဖစ္ပါက တံဆိပ္ ၃ ခု၊ ဓာတ္ခြဲစမ္းသပ္စစ္ေဆးေပးရန္ ထုတ္ကုန္ပစၥည္းနမူနာ ၆ ခု၊ ထုတ္လုပ္ရက္စြဲႏွင့္ သက္တမ္းကုန္ဆုံးမည့္ရက္စြဲစသည့္ အခ်က္မ်ားျပည့္စုံစြာ ပါရွိရမွာျဖစ္ေၾကာင္း သိရသည္။