ယာယီပြင်ဆင်ထားသည့် လမ်းပိုင်းများတွင် ခွင့်ပြုသတ်မှတ်မိုင်နှုန်းများအတိုင်းမောင်းနှင်ရန်တိုက်တွန်း

 521

Pearl (NP News) - ဧပြီ ၂၁

ယာယီပြင်ဆင်ထားသည့် လမ်းပိုင်းများတွင် ခွင့်ပြုသတ်မှတ်မိုင်နှုန်းများအတိုင်းမောင်းနှင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က တိုက်တွန်းပြောကြားထားသည်။

ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့်သည် အမြန်လမ်းမကြီး (နေပြည်တော် - ရန်ကုန်အပိုင်း) တွင် ငလျင်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများအား ပြန်လည်ပြုပြင်ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးစဉ် အထက်ပါကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် ကွန်ကရစ်လမ်းပိုင်းများ ကျိုးကြေပျက်စီးသည့်နေရာ ၂၈၃ နေရာ၊ လမ်းသားမပျက်စီးသော်လည်း လှိုင်းတွန့်များ ဖြစ်ပေါ်သဖြင့် မျက်နှာပြင်ညှိ၍ ပြင်ဆင်ရမည့်နေရာ ၁၈၅ နေရာအထိ ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် တံတားထိပ်ခုံနိမ့်ကျခြင်းအပါအဝင် ပျက်စီးခဲ့သော တံတားများအား လက်ရှိအခြေအနေတွင် လမ်းပန်းဆက် သွယ်မှုမပြတ်တောက်စေရေးအတွက် ယာယီပြင်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ပြိုကျပျက်စီးသွားသည့် မိုင်တိုင်အမှတ် (၃၅၈/၂) ရှိ ဒုဋ္ဌဝတီတံတားမှအပ ပြင်ဆင်ဆောင်ရွက်ပေးထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ ယာယီပြင်ဆင်ထားသည့် လမ်းအပိုင်းများတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ခွင့်ပြုသတ်မှတ်မိုင်နှုန်းများ လျှော့ချထားခြင်း တို့ကို လိုက်နာမောင်းနှင်ကြရန် ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့်က တိုက်တွန်းထားသည်။

Zawgyi Version:
ယာယီျပင္ဆင္ထားသည့္ လမ္းပိုင္းမ်ားတြင္ ခြင့္ျပဳသတ္မွတ္မိုင္ႏႈန္းမ်ားအတိုင္းေမာင္းႏွင္ရန္တိုက္တြန္း
Pearl (NP News) - ဧၿပီ ၂၁

ယာယီျပင္ဆင္ထားသည့္ လမ္းပိုင္းမ်ားတြင္ ခြင့္ျပဳသတ္မွတ္မိုင္ႏႈန္းမ်ားအတိုင္းေမာင္းႏွင္ရန္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမ်ိဳးသန႔္က တိုက္တြန္းေျပာၾကားထားသည္။

ေဆာက္လုပ္ေရးဝန္ႀကီး ဦးမ်ိဳးသန႔္သည္ အျမန္လမ္းမႀကီး (ေနျပည္ေတာ္ - ရန္ကုန္အပိုင္း) တြင္ ငလ်င္ေၾကာင့္ ပ်က္စီးသြားေသာ လမ္း၊ တံတားမ်ားအား ျပန္လည္ျပဳျပင္ေဆာင္႐ြက္ေနသည့္ အေျခအေနမ်ားကို ၾကည့္ရႈစစ္ေဆးစဥ္ အထက္ပါကဲ့သို႔ တိုက္တြန္းခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ မတ္ ၂၈ ရက္တြင္ လႈပ္ခတ္ခဲ့ေသာ မႏၲေလးငလ်င္ႀကီးေၾကာင့္ ရန္ကုန္ - မႏၲေလး အျမန္လမ္းမႀကီးတြင္ ကြန္ကရစ္လမ္းပိုင္းမ်ား က်ိဳးေၾကပ်က္စီးသည့္ေနရာ ၂၈၃ ေနရာ၊ လမ္းသားမပ်က္စီးေသာ္လည္း လႈိင္းတြန႔္မ်ား ျဖစ္ေပၚသျဖင့္ မ်က္ႏွာျပင္ညႇိ၍ ျပင္ဆင္ရမည့္ေနရာ ၁၈၅ ေနရာအထိ ရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ တံတားထိပ္ခုံနိမ့္က်ျခင္းအပါအဝင္ ပ်က္စီးခဲ့ေသာ တံတားမ်ားအား လက္ရွိအေျခအေနတြင္ လမ္းပန္းဆက္ သြယ္မႈမျပတ္ေတာက္ေစေရးအတြက္ ယာယီျပင္ဆင္ေပးျခင္းမ်ား ေဆာင္႐ြက္ေပးခဲ့ရာ ၿပိဳက်ပ်က္စီးသြားသည့္ မိုင္တိုင္အမွတ္ (၃၅၈/၂) ရွိ ဒု႒ဝတီတံတားမွအပ ျပင္ဆင္ေဆာင္႐ြက္ေပးထားၿပီး ျဖစ္ေၾကာင္းလည္း သိရသည္။

ထိုသို႔ ယာယီျပင္ဆင္ထားသည့္ လမ္းအပိုင္းမ်ားတြင္ ယာဥ္အႏၲရာယ္ကင္းရွင္းေစေရး ခြင့္ျပဳသတ္မွတ္မိုင္ႏႈန္းမ်ား ေလွ်ာ့ခ်ထားျခင္း တို႔ကို လိုက္နာေမာင္းႏွင္ၾကရန္ ေဆာက္လုပ္ေရးဝန္ႀကီး ဦးမ်ိဳးသန႔္က တိုက္တြန္းထားသည္။

Related news

© 2021. All rights reserved.