ခုနှစ်ကြိမ်မြောက် ငလျင်ကယ်ဆယ်ရေးပစ္စည်းများ တရုတ်နိုင်ငံမှပေးအပ်

218

NP News ဧပြီ (၂၁)ရက်
တရုတ်နိုင်ငံအစိုးရ က မြန်မာ့ငလျင်ဘေးအတွက် ခုနစ် ကြိမ်မြောက် အရေးပေါ်
လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးပစ္စည်းတွေ ထပ်မံပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကသိရသည်။
ဧပြီ ၂၀ ရက်မှာ တရုတ်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံကို ထောက်ပံ့ပေးအပ်သော သတ္တမအသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးပစ္စည်းများ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
" တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငလျင်ဘေးနောက်ပိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အဆက်မပြတ် ပံ့ပိုးကူညီပေးနေတာဖြစ်ပါတယ်လို့ " မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကပြောသည်။
သတ္တမအသုတ် ရောက်ရှိလာသော ထောက်ပံ့ရေး ပစ္စည်းများမှာ Amoxicillin ဆေးတောင့် ၈၀၀,၀၀၀ ဗူး၊ Acetaminophen ထိုးဆေး ၁၂၂,၀၀၀ ပုလင်း၊ Cephradine capsules ၂၂၅,၀၀၀ ဗူး နှင့်Ibuprofen ၄၈၀,၀၀၀ ဗူး စသည်တီု့ပါဝင်ကြောင်းသိရသည်။
စုစုပေါင်းအလေးချိန် ၉၅ တန်ကျော်ရှိပြီး ၊သဘာဝဘေးဒဏ်သင့် ဒေသများသို့ နေ့ချင်းပို့ဆောင်ပေးသွားမှာဖြစ်ကြောင်း သိရသည်။ ယင်း အကူအညီပေးပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူး Mr. Ouyang Daobing နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က လေဆိပ်သို့သွားရောက် ကြိုဆိုခဲ့ခြင်းဖြစ်သည်။

Zawgyi Version:
ခုႏွစ္ႀကိမ္ေျမာက္ ငလ်င္ကယ္ဆယ္ေရးပစၥည္းမ်ား တ႐ုတ္ႏိုင္ငံမွေပးအပ္
NP News ဧၿပီ (၂၁)ရက္
တ႐ုတ္ႏိုင္ငံအစိုးရ က ျမန္မာ့ငလ်င္ေဘးအတြက္ ခုနစ္ ႀကိမ္ေျမာက္ အေရးေပၚ
လူသားခ်င္းစာနာမႈဆိုင္ရာ ငလ်င္ကယ္ဆယ္ေရးပစၥည္းေတြ ထပ္မံေပးအပ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံးကသိရသည္။
ဧၿပီ ၂၀ ရက္မွာ တ႐ုတ္ႏိုင္ငံအစိုးရ၏ ျမန္မာႏိုင္ငံကို ေထာက္ပံ့ေပးအပ္ေသာ သတၱမအသုတ္ အေရးေပၚ လူသားခ်င္းစာနာမႈဆိုင္ရာ ငလ်င္ကယ္ဆယ္ေရးပစၥည္းမ်ား
ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ သို႔ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
" တ႐ုတ္ႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ ငလ်င္ေဘးေနာက္ပိုင္း ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြကို အဆက္မျပတ္ ပံ့ပိုးကူညီေပးေနတာျဖစ္ပါတယ္လို႔ " ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံးကေျပာသည္။
သတၱမအသုတ္ ေရာက္ရွိလာေသာ ေထာက္ပံ့ေရး ပစၥည္းမ်ားမွာ Amoxicillin ေဆးေတာင့္ ၈၀၀,၀၀၀ ဗူး၊ Acetaminophen ထိုးေဆး ၁၂၂,၀၀၀ ပုလင္း၊ Cephradine capsules ၂၂၅,၀၀၀ ဗူး ႏွင့္Ibuprofen ၄၈၀,၀၀၀ ဗူး စသည္တီု႔ပါဝင္ေၾကာင္းသိရသည္။
စုစုေပါင္းအေလးခ်ိန္ ၉၅ တန္ေက်ာ္ရွိၿပီး ၊သဘာဝေဘးဒဏ္သင့္ ေဒသမ်ားသို႔ ေန႔ခ်င္းပို႔ေဆာင္ေပးသြားမွာျဖစ္ေၾကာင္း သိရသည္။ ယင္း အကူအညီေပးပစၥည္းမ်ားကို ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးမွသံမႉး Mr. Ouyang Daobing ႏွင့္ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္းတို႔က ေလဆိပ္သို႔သြားေရာက္ ႀကိဳဆိုခဲ့ျခင္းျဖစ္သည္။