မိတ္ထီလာတွင် အမျိုသားတစ်ဦး လမ်းဖြတ်ကူးစဉ်ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံး
                        
                            
                             
 1914
 
                             
                            
                            
                         
                        
                        သန့်ဇင်(NP News)-ဧပြီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် အမျိုသားတစ်ဦး လမ်းဖြတ်ကူးစဉ်ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဟိန္ဒူမျိုးဆက်သစ် လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၂၁ရက်)၊ နံနက် ၈နာရီခွဲအချိန်ခန့်က မိတ္ထီလာမြို့၊ (၆)လမ်းဆုံးအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ သိရတာကလည်း လမ်းဖြတ်ကူးနေရင်းနဲ့ ကားဖြတ်တိုက်မိလာလို့ သိရတယ်။ ကားကလည်းတိုက်ပြီမောင်းပြေး သွားတာ”ဟု ဟိန္ဒူမျိုးဆက်သစ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်(၆၀)နှစ်ဝန်းကျင်အမျိုးသားတွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကားကတိုက်ပြီးမောင်းပြေးတော့ ဘာမှအစအနမရခဲ့ဘူး။ ဆုံးသွားတဲ့လူကလည်း ဘယ်နေရပ်လည်းဆိုတာ မသိရသေးဘူး။ အခုထိတော့ပိုင်ရှင်မဲ့ပါ”ဟု ၎င်းကဆက်ပြောသည်။
လက်ရှိတွင် သေဆုံးသူအမျိုးသားကို မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးထားကြောင်း သိရသည်။
                     
                        
                                                                    
                                
                                
                                        Zawgyi Version:
မိတၳီလာတြင္ အမ်ိဳသားတစ္ဦး လမ္းျဖတ္ကူးစဥ္ကားတိုက္ခံရ၍ ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္(NP News)-ဧၿပီ ၂၁
မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕တြင္ အမ်ိဳသားတစ္ဦး လမ္းျဖတ္ကူးစဥ္ကားတိုက္ခံရ၍ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ဟိႏၵဴမ်ိဳးဆက္သစ္ လူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဧၿပီလ ၂၁ရက္)၊ နံနက္ ၈နာရီခြဲအခ်ိန္ခန႔္က မိတၳီလာၿမိဳ႕၊ (၆)လမ္းဆုံးအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ သိရတာကလည္း လမ္းျဖတ္ကူးေနရင္းနဲ႔ ကားျဖတ္တိုက္မိလာလို႔ သိရတယ္။ ကားကလည္းတိုက္ၿပီေမာင္းေျပး သြားတာ”ဟု ဟိႏၵဴမ်ိဳးဆက္သစ္ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ အသက္(၆၀)ႏွစ္ဝန္းက်င္အမ်ိဳးသားတြင္ ထိခိုက္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“ကားကတိုက္ၿပီးေမာင္းေျပးေတာ့ ဘာမွအစအနမရခဲ့ဘူး။ ဆုံးသြားတဲ့လူကလည္း ဘယ္ေနရပ္လည္းဆိုတာ မသိရေသးဘူး။ အခုထိေတာ့ပိုင္ရွင္မဲ့ပါ”ဟု ၎ကဆက္ေျပာသည္။
လက္ရွိတြင္ ေသဆုံးသူအမ်ိဳးသားကို မိတၳီလာၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ကူညီေပးထားေၾကာင္း သိရသည္။