အမေရိကန်နိုင်ငံ နှင့် ကုန်သွယ်ရးစာချုပ်ချုပ်ဆိုသော အခြားနိုင်ငံများကို ဆန့်ကျင်မည်ဟု တရုတ်အစိုးရ သတိပေး

809

ဂျန်ဇက် (NP News) - ဧပြီ ၂၁
တရုတ်အစိုးရက အမေရိကန်နိုင်ငံအပေါ် လက်တုံ့ပြန်မှုအဖြစ် အမေရိကန်နိုင်ငံ နှင့် ကုန်သွယ်ရးစာချုပ်ချုပ်ဆို သော အခြားနိုင်ငံများကို အခိုင်မာဆန့်ကျင့်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့်အမေရိကန်သမ္မတအသစ်ဖြစ်လာခဲ့ပြီးနောက် ကုန်သွယ်ခွန်များကောက်ခံခဲ့ ရာ အမေရိကန် နှင့် တရုတ်နိုင်ငံကြားတင်းမာမှုအရှိန်မြင့်တက်လာခဲ့ကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်သော ဦးဆောင် အမေရိကန်အစိုးရသည် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများကြား ကုန်သွယ်ရေးကို အကန့်အသတ်ဖြင့် လုပ်ဆောင်ရန် ဖိအားပေးလာခဲ့ပြီးနောက် တရုတ်ဘက်က လက်တုံ့ပြန်ရန် စီစဉ်လာခြင်းဖြစ်သည်။
တရုတ်အစိုးရသည် အမေရိကန်၏ ကုန်သွယ်ခွန်ကောက်ခံခြင်းကို လက်တုံ့ပြန်ရန်အတွက် အမေရိကန်မှ တင်သွင်းသော ကုန်စည်များကို အခွန် ၁၂၅ ရာခိုင်နှုန်းအထိ ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက "သူတစ်ပါး၏အကျိုးကို အရင်းခံပြီး ယာယီ ကိုယ်ကျိုးစီးပွားရှာခြင်းဟာ ကျားရဲ့အရေကို ရှာခြင်းဖြစ်ပါတယ်။ အဲဒီချဉ်းကပ်မှုက "အဆုံးမှာ နှစ်ဖက်စလုံးကို ကျရှုံးပြီး အခြားသူများကို ဒုက္ခပေးဖွယ်ရှိပါတယ်" တရုတ်ရဲ့အကျိုးစီးပွားကို ထိခိုက်စေမယ့် သဘောတူညီချက် တစ်ခု ရယူတဲ့ ဘယ်အဖွဲ့အစည်းဘယ်နိုင်ငံကိုမဆို ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်။ ဒီလိုအခြေအနေမျိုး ကြုံလာရရင် တရုတ်က ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး။ အပြန်အလှန်တန်ပြန်မှုတွေ ပြတ်ပြတ်သားသား ဆောင်ရွက်မှာ ဖြစ်တယ်။ တရုတ်နိုင်ငံဟာ ကိုယ်ပိုင်အခွင့်အရေးနဲ့ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ဖို့ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်တယ်" ဟု သတိပေးထားသည်။
လက်ရှိအချိန်တွင် နိုင်ငံအများစုသည် အမေရိကန်နိုင်ငံ မှ သတ်မှတ်ထားသည့် ကုန်သွယ်ခွန်ကိုလျော့ချရန် စေ့စပ်ဆွေးနွေးနေပြီး အမေရိကန်၏ စီးပွားရေးပြိုင်ဘက် တရုတ်နိုင်ငံအပေါ် အမေရိကန်နိုင်ငံမှ ကုန်သွယ်ရေး စစ်ပွဲအပြည့်အဝလုပ်ဆောင်ရန် တွန်းအားပေးနေကြောင်း သိရသည်။

Zawgyi Version:
အေမရိကန္ႏိုင္ငံ ႏွင့္ ကုန္သြယ္ရးစာခ်ဳပ္ခ်ဳပ္ဆိုေသာ အျခားႏိုင္ငံမ်ားကို ဆန႔္က်င္မည္ဟု တ႐ုတ္အစိုးရ သတိေပး
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၁
တ႐ုတ္အစိုးရက အေမရိကန္ႏိုင္ငံအေပၚ လက္တုံ႔ျပန္မႈအျဖစ္ အေမရိကန္ႏိုင္ငံ ႏွင့္ ကုန္သြယ္ရးစာခ်ဳပ္ခ်ဳပ္ဆို ေသာ အျခားႏိုင္ငံမ်ားကို အခိုင္မာဆန႔္က်င့္သြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
အေမရိကန္ႏိုင္ငံတြင္ ေဒၚနယ္ထရမ့္အေမရိကန္သမၼတအသစ္ျဖစ္လာခဲ့ၿပီးေနာက္ ကုန္သြယ္ခြန္မ်ားေကာက္ခံခဲ့ ရာ အေမရိကန္ ႏွင့္ တ႐ုတ္ႏိုင္ငံၾကားတင္းမာမႈအရွိန္ျမင့္တက္လာခဲ့ေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္ေသာ ဦးေဆာင္ အေမရိကန္အစိုးရသည္ တ႐ုတ္ႏိုင္ငံႏွင့္ အျခားႏိုင္ငံမ်ားၾကား ကုန္သြယ္ေရးကို အကန႔္အသတ္ျဖင့္ လုပ္ေဆာင္ရန္ ဖိအားေပးလာခဲ့ၿပီးေနာက္ တ႐ုတ္ဘက္က လက္တုံ႔ျပန္ရန္ စီစဥ္လာျခင္းျဖစ္သည္။
တ႐ုတ္အစိုးရသည္ အေမရိကန္၏ ကုန္သြယ္ခြန္ေကာက္ခံျခင္းကို လက္တုံ႔ျပန္ရန္အတြက္ အေမရိကန္မွ တင္သြင္းေသာ ကုန္စည္မ်ားကို အခြန္ ၁၂၅ ရာခိုင္ႏႈန္းအထိ ေကာက္ခံမည္ျဖစ္ေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူတစ္ဦးက "သူတစ္ပါး၏အက်ိဳးကို အရင္းခံၿပီး ယာယီ ကိုယ္က်ိဳးစီးပြားရွာျခင္းဟာ က်ားရဲ႕အေရကို ရွာျခင္းျဖစ္ပါတယ္။ အဲဒီခ်ဥ္းကပ္မႈက "အဆုံးမွာ ႏွစ္ဖက္စလုံးကို က်ရႈံးၿပီး အျခားသူမ်ားကို ဒုကၡေပးဖြယ္ရွိပါတယ္" တ႐ုတ္ရဲ႕အက်ိဳးစီးပြားကို ထိခိုက္ေစမယ့္ သေဘာတူညီခ်က္ တစ္ခု ရယူတဲ့ ဘယ္အဖြဲ႕အစည္းဘယ္ႏိုင္ငံကိုမဆို ျပတ္ျပတ္သားသား ဆန႔္က်င္ပါတယ္။ ဒီလိုအေျခအေနမ်ိဳး ႀကဳံလာရရင္ တ႐ုတ္က ဘယ္ေတာ့မွ လက္ခံမွာ မဟုတ္ဘူး။ အျပန္အလွန္တန္ျပန္မႈေတြ ျပတ္ျပတ္သားသား ေဆာင္႐ြက္မွာ ျဖစ္တယ္။ တ႐ုတ္ႏိုင္ငံဟာ ကိုယ္ပိုင္အခြင့္အေရးနဲ႔ အက်ိဳးစီးပြားမ်ားကို ကာကြယ္ေစာင့္ေရွာက္ဖို႔ စိတ္ပိုင္းျဖတ္ထားၿပီးျဖစ္တယ္" ဟု သတိေပးထားသည္။
လက္ရွိအခ်ိန္တြင္ ႏိုင္ငံအမ်ားစုသည္ အေမရိကန္ႏိုင္ငံ မွ သတ္မွတ္ထားသည့္ ကုန္သြယ္ခြန္ကိုေလ်ာ့ခ်ရန္ ေစ့စပ္ေဆြးေႏြးေနၿပီး အေမရိကန္၏ စီးပြားေရးၿပိဳင္ဘက္ တ႐ုတ္ႏိုင္ငံအေပၚ အေမရိကန္ႏိုင္ငံမွ ကုန္သြယ္ေရး စစ္ပြဲအျပည့္အဝလုပ္ေဆာင္ရန္ တြန္းအားေပးေနေၾကာင္း သိရသည္။